Tuesday 5 February 2013

ရဲများ နှင့် နောက်ဆုံးအချိန် တွေ့ခဲ့ရသူ စစ်တွေလူငယ်တစ်ဦး၏ အလောင်းကို နောက်တစ်နေ့မနက် လမ်းမပေါ်တွေ့ရ

By Thaung Krwe

စစ်တွေ ၊ ၀၄ ဖေဖော်ဝါရီ ၂၀၁၃ ၊ Coral Arakan News ၊ [ သတင်း ]

ယမန်နေ့ ဖေဖေ၀ါရီလ (၃) ရက် ည ဆယ့်တစ်နာရီခန့်အချိန်တွင် စစ်တွေမြို့ ရွာကြီးမြောက်ရပ်ကွက်တွင် ရဲများ လိုက်ဖမ်းသဖြင့် ထွက်ပြေးခဲ့သူ လူငယ်တစ်ဦးမှာ နောက်တစ်နေ့မနက်တွင် နောက်တစ်နေရာ၌ သေဆုံးနေသည်ကို တွေ့ရှိရသည်။ 

စစ်တွေမြို့ ကုန်တန်းရပ်ကွက်နေ အသက် (၁၉) နှစ် အရွယ် ကျော်ဇံသက် (ခေါ်) အာနိုးသည် သူငယ်ချင်း နှစ်ဦး နှင့်အတူ မိန်းကလေးအဆောင် တစ်ဆောင် အနီး၌ ဂစ်တာတီး သီချင်းဆိုနေကြစဉ် ည ဆယ့်တစ်နာရီခွဲခန့် တွင် ရဲများရောက်လာသဖြင့် ထွက်ပြေးကြရာ သူငယ်ချင်း နှစ်ဦး နှင့် ကျော်ဇံသက် တို့မှာ လမ်းကွဲသွားခဲ့ကြသည် ဟုဆိုသည်။ 

ည ဆယ်နာရီ ညမထွက်ရအမိန့်ထုတ်ထားသည့် စစ်တွေမြို့အခြေအနေအရ သူငယ်ချင်း နှစ်ဦးမှာ အနီးအနား အသိအိမ်တစ်အိမ်တွင် အိပ်လိုက်ကြပြီး မနက်မိုးလင်းကျမှ ကျော်ဇံသက်သေဆုံးသွားကြောင်း သိရသည် ဟု ဆိုသည်။

ယနေ့ မနက်ပိုင်း အလောင်းတွေ့ရာ နေရာနှင့် အနီးဆုံးအိမ်ကလည်း သည်နေ့ အာရုံမတက်မီ မနက် အစောကြီး တစ်နာရီ အထိ အလောင်းမှာ ယင်းနေရာတွင် ရှိမနေသေးကြောင်း၊ ထိုအချိန်နှင့် အလောင်းမတွေ့မီ အချိန်အကြား ဘာမှ ရုတ်ရုတ်သဲသဲ ဆူဆူညံညံ မကြားလိုက်မိကြောင်း ထွက်ဆိုကြသည် ဟု ဆိုသည်။

သေဆုံးသူ ကျော်ဇံသက်မှာ ထော်လာဂျီမောင်းသူ တစ်ဦးဖြစ်ပြီး ၄င်း၏ဖခင် ဦးလှမောင်သိန်း (ခေါ်) ၀မ်းဖားမှာ ပြီးခဲ့သော ၂၀၁၂-ခုနှစ် ဇွန်လ (၃) ရက်နေ့က စစ်တွေ အမှတ်(၁) ရဲစခန်းရှေ့တွင် ပစ်ခတ်မှုဖြစ်ပွားစဉ် နားတစ်ဖက်ကို ကျည်ဆံပွတ်ဖောက်သွားသဖြင့် စစ်တွေဆေးရုံကြီးတွင် ဆေးကုသမှု ခံယူပြီးနောက်ပိုင်းကျမှ၊ ထိုနေ့ ရဲစခန်းရှေ့ဆူပူမှုတွင် ပါဝင်သည် ဟု ဆိုကာ ဖမ်းဆီးတရားစွဲဆို အကျဉ်းချထားခြင်းခံနေရသည်။

သေဆုံးသူ ကျော်ဇံသက် ၏ မျက်နှာ ညာဘက်ခြမ်းတွင် အညိုအမဲ စွဲနေသည်ကို တွေ့ရပြီး၊ ပခုံးနှစ်ဘက်တွင် တုံးသော လက်နက်ဖြင့် ရိုက်နှုက်ခြင်းခံထားရသည့် အညိုအမဲစင်းတို့ကို တွေ့ရသည်။

( Coral Arakan News အတွက် သောင်းကြွယ် ရေးသားသည်။)

====================
By Thaung Krwe
စစ်တွေ ၊ ၀၄ ဖေဖော်ဝါရီ ၂၀၁၃ ၊ Coral Arakan News ၊ [ သတင်း ]
ယမန်နေ့ ဖေဖေ၀ါရီလ (၃) ရက် ည ဆယ့်တစ်နာရီခန့်အချိန်တွင် စစ်တွေမြို့ ရွာကြီးမြောက်ရပ်ကွက်တွင် ရဲများ လိုက်ဖမ်းသဖြင့် ထွက်ပြေးခဲ့သူ လူငယ်တစ်ဦးမှာ နောက်တစ်နေ့မနက် တွင် နောက်တစ်နေ ရာ၌ သေဆုံးနေသည်ကို တွေ့ရှိရသည်။

စစ်တွေမြို့ ကုန်တန်းရပ်ကွက်နေ အသက် (၁၉) နှစ် အရွယ် ကျော်ဇံသက် (ခေါ်) အာနိုးသည် သူငယ်ချင်း နှစ်ဦး နှင့်အတူ မိန်းကလေးအဆောင် တစ်ဆောင် အနီး၌ ဂစ်တာတီး သီချင်းဆိုနေကြစဉ် ည ဆယ့်တစ်နာရီခွဲခန့် တွင် ရဲများရောက်လာသဖြင့် ထွက်ပြေးကြရာ သူငယ်ချင်း နှစ်ဦး နှင့် ကျော်ဇံသက် တို့မှာ လမ်းကွဲသွားခဲ့ကြသည် ဟုဆိုသည်။

ည ဆယ်နာရီ ညမထွက်ရအမိန့်ထုတ်ထားသည့် စစ်တွေမြို့အခြေအနေအရ သူငယ်ချင်း နှစ်ဦးမှာ အနီးအနား အသိအိမ်တစ်အိမ်တွင် အိပ်လိုက်ကြပြီး မနက်မိုးလင်းကျမှ ကျော်ဇံသက်သေဆုံးသွားကြောင်း သိရသည် ဟု ဆိုသည်။

ယနေ့ မနက်ပိုင်း အလောင်းတွေ့ရာ နေရာနှင့် အနီးဆုံးအိမ်ကလည်း သည်နေ့ အာရုံမတက်မီ မနက် အစောကြီး တစ်နာရီ အထိ အလောင်းမှာ ယင်းနေရာတွင် ရှိမနေသေးကြောင်း၊ ထိုအချိန်နှင့် အလောင်းမတွေ့မီ အချိန်အကြား ဘာမှ ရုတ်ရုတ်သဲသဲ ဆူဆူညံညံ မကြားလိုက်မိကြောင်း ထွက်ဆိုကြသည် ဟု ဆိုသည်။

သေဆုံးသူ ကျော်ဇံသက်မှာ ထော်လာဂျီမောင်းသူ တစ်ဦးဖြစ်ပြီး ၄င်း၏ဖခင် ဦးလှမောင်သိန်း (ခေါ်) ၀မ်းဖားမှာ ပြီးခဲ့သော ၂၀၁၂-ခုနှစ် ဇွန်လ (၃) ရက်နေ့က စစ်တွေ အမှတ်(၁) ရဲစခန်းရှေ့တွင် ပစ်ခတ်မှုဖြစ်ပွားစဉ် နားတစ်ဖက်ကို ကျည်ဆံပွတ်ဖောက်သွားသဖြင့် စစ်တွေဆေးရုံကြီးတွင် ဆေးကုသမှု ခံယူပြီးနောက်ပိုင်းကျမှ၊ ထိုနေ့ ရဲစခန်းရှေ့ဆူပူမှုတွင် ပါဝင်သည် ဟု ဆိုကာ ဖမ်းဆီးတရားစွဲဆို အကျဉ်းချထားခြင်းခံနေရသည်။

သေဆုံးသူ ကျော်ဇံသက် ၏ မျက်နှာ ညာဘက်ခြမ်းတွင် အညိုအမဲ စွဲနေသည်ကို တွေ့ရပြီး၊ ပခုံးနှစ်ဘက်တွင် တုံးသော လက်နက်ဖြင့် ရိုက်နှုက်ခြင်းခံထားရသည့် အညိုအမဲစင်းတို့ကို တွေ့ရသည်။

( Coral Arakan News အတွက် သောင်းကြွယ် ရေးသားသည်။)

No comments:

Post a Comment