Tuesday 5 February 2013

ကျောက်တော် အဓိကရုဏ်းမှာ ဖမ်းထားသူ ၁ဝ ဦး ပြန်လွတ်လာပြီ

2013-02-02
ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် အတွင်း ပြီးခဲ့တဲ့ ၂ဝ၁၂ ခုနှစ် ဇွန်လ အတွင်းက ဖြစ်ပွားခဲ့ တဲ့ နေအိမ်မီး ရှို့ အကြမ်းဖက်မှုမှာ ပါဝင်ခဲ့တယ်ဆိုပြီး စစ်ဆေးခံခဲ့ရတဲ့ ကျောက်တော်မြို့နယ် နဂရာကျေးရွာသား ၁ဝ ဦးကို စစ်တွေ ဒုတိယ ခရိုင်တရားရုံးက ဖေဖော်ဝါရီလ ၁ ရက်နေ့ မနေ့ ညနေမှာ တရားသေလွှတ်လိုက်ပါတယ်။RFA

၂၀၁၂ ခုနှစ် သြဂုတ်လ ၆ ရက်က ကျောက်တော် မြို့နယ်တွင် ဘင်္ဂါလီ ရိုဟင်ဂျာနှင့် ရခိုင်တိုင်းရင်း သားအကြား ဖြစ်ပွားသော ပဋိပက္ခကြောင့် ကျေးရွာ မီးလောင်နေစဉ်။


တရားရုံးက ပြစ်မှုထင်ရှားမတွေ့ရှိဖူးဆိုပြီး သူတို့ကို အခုလိုအပြီးသတ် လွှတ်လိုက်တာဖြစ်တယ်လို့ လွတ်မြောက်လာသူတစ်ဦးဖြစ်တဲ့ ဦးအေးမောင် က RFA ကို ပြောပါတယ်။

“ကျတော်တို့ ၁ဝ ဦးက ဒီနေ့ပဲ ဒုတိယခရိုင် တရားရုံးကနေပြီးတော့ ၅ နာရီလောက်မှာ အခုလွတ်လာပါပြီခင် ဗျ၊ ဒီအမှုမှာ ကျနော်တို့က အမှုမမြောက်ဘူး၊ အမှုမှာ မထင်ရှားဘူးပေါ့၊ ကျွန်တော်တို့လုပ်တာ မဟုတ်ဘူး ဆိုပြီးတော့ တရားရုံးက အဲသည်လို ဆုံးဖြတ်ပါတယ်ခင်ဗျ”

မနေ့က လွတ်မြောက်လာတဲ့ ကျောက်တော်မြို့နယ် နဂရာကျေးရွာသား ၁ဝ ဦးကို အဲဒီကျေးရွာတစ်ဝိုက်မှာ လုံခြုံရေးယူနေတဲ့  ခမရ-၃၇၅ တပ်ရင်းက ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ်၊ ဇွန်လ ၁၆ ရက်နေ့မှာ ဖမ်းဆီးသွားခဲ့ ပါတယ်။

သူတို့ကို စစ်တွေအကျဉ်းထောင်မှာ ထားရှိခဲ့ပြီးနောက် စစ်တွေ ဒုတိယခရိုင်တရားရုံး မှာ ပြစ်မှုဆိုင်ရာဥ ပဒေပုဒ်မ ၃ဝ၂ လူသတ်မှု၊ ပုဒ်မ ၄၃၆ အိုးအိမ်ဖျက်ဆီးမှု၊ ပုဒ်မ ၁၁၄ ပြစ်မှု အားပေးကူညီမှုစတဲ့ ပုဒ်မတွေနဲ့ ရုံတင်စစ်ဆေးခဲ့ပါတယ်။ ဒါပေမယ့် တရားလိုပြသက်သေ ၁၅ ဦးကို စစ်ဆေးအပြီးမှာ တရားရုံးက အခုလို သူတို့ကို လွှတ်ပေးလိုက်တာ ဖြစ်ပါတယ်။

ကျောက်တော်မြို့နယ်အတွင်း ဇွန်လက ဖြစ်ပွားခဲ့တဲ့  ပြဿနာတွေနဲ့ ပတ်သက်ပြီး တရားရုံးတွေမှာ လက်ရှိ အမှုရင်ဆိုင်နေရသူ ၁၅ ဦး ကျန်ရှိနေသေးတယ်လို့လည်း မနေ့က လွတ်မြောက်လာသူ ဦးအေးမောင် က ပြောပါတယ်။

http://www.rfa.org/burmese/news/kyauktaw-riot-prisoner-release-02022013031035.html 

No comments:

Post a Comment