Monday 21 January 2013

မကွေးကျောင်းဆရာတော် ဦးပါမောက္ခအား သံဃာဝန်ဆောင်အဖြစ်မှ ထုတ်ပယ်အရေးယူရန်ကိစ္စ၊ ပြည်သူ့အားဖြင့် ဆိုင်းငံ့စေခဲ့
( The Hot News )

OIC ရုံးစိုက်ရန် ကြိုးပမ်းမှုကို ကန့်ကွက်ဆန္ဒပြခဲ့ ရာတွင်လည်းကောင်း၊ လက်ပံ တောင်းတောင်တွင် အကြမ်းဖက်ဖြိုခွင်းခံရသည့် သံဃာများ အတွက် ဆန္ဒထုတ်ဖော်ရာတွင် လည်းကောင်း၊ ဦးဆောင်ဆရာ တော်တစ်ပါးအဖြစ် ဆောင်ရွက် ခဲ့သည့် မကွေးကျောင်းဆရာ တော် ဦးပါမောက္ခကို““အရည် အချင်း ပျက်ယွင်းသောကြောင့်”” ဟု စွပ်စွဲ၍ ဒဂုံမြို့သစ် (အရှေ့ ပိုင်း)မြို့နယ် သံဃနာယကအဖွဲ့ အကျိုးတော်ဆောင်တာဝန်နှင့် သံဃာ့ဝန်ဆောင်အဖြစ်မှ ထုတ် ပယ်ရန် နိုင်ငံတော် သံဃမဟာ နယကအဖွဲ့ (၄၇)ပါး စုံညီ အစည်းအဝေးမှ ဆုံးဖြတ်ခဲ့ ကြောင်း သိရသည်။
ယင်းဆုံးဖြတ်ချက်အရ တိုင်းသံဃနာယကအဖွဲ့က ဆက် လက်ဆောင်ရွက်ရန် ဆရာတော် ဦးပါမောက်္ခကို(၁၈-၁-၂၀၁၃) နေ့လယ် (၁)နာရီအရောက် တိုင်းသံဃနာယကရုံးသို့အရောက် ကြွလာပါရန် ပင့်လျှောက်ထား သောသတင်းကြောင့် ဆရာ တော် မရောက်ရှိခင်အချိန်ပိုင်းမှာ ပင် ကြေးသွန်းဘုရားကြီးရှေ့၊ တိုင်း သံဃနာယကရုံးသို့ ဗုဒ္ဓ သာဝကရဟန်းပျိုအဖွဲ့နှင့် ရွှေတွံ တေးဆရာတော်၊ ရွှေဝါရောင် သံဃာတော်များ၊ မစုစုနွေး၊ ဒေါ် နော်အုန်းလှနှင့် အရပ်ဘက် အဖွဲ့ အစည်းများ၊ နိုင်ငံရေးအကျဉ်း သားဟောင်းများ မီဒီယာများ တဖွဲဖွဲ ရောက်ရှိလာကြပြီး ဆရာ တော်ကို ၀န်းရံစောင့်ကြည့်ကြ သည်။
နေ့လယ် (၁)နာရီမှ (၂) နာရီ (၃၀)မိနစ်အထိ တိုင်းသံဃ နာယကဥက္ကဌအပါ ဆရာတော် (၈)ပါး စုံညီရှိနေသော်လည်း တစ်စုံတစ်ရာ မိန့်ကြားခြင်းမရှိဘဲ နောက်ဆုံး(၂)နာရီ (၄၀)မိနစ်ခန့် မှ ““အာဏာပိုင်များ ရောက်မလာ နိုင်တော့သဖြင့် ဆောင်ရွက်ရန် ကိစ္စကို အကန့်အသတ်မရှိ ရွှေ့ ဆိုင်းကြောင်း””ဥက္ကဌဆရာတော်က ကြေညာသည်။ ထိုအချိန်တွင် ရောက်ရှိနေသော လူပရိတ်သတ် အားလုံးက ““အမျိုးဘာသာ သာသနာကို ချစ်မြတ်နိုးသော ဆရာတော် ဦးပါမောက္ခ ကျန်းမာ ပါစေ””ဆိုသည့် စာသားပါစာရွက် များကိုင်မြှောက်၍ ငြိမ်သက်စွာ ဆန္ဒထုတ်ဖော်နေခြင်းအား မီဒီ ယာများက မှတ်တမ်းဓာတ်ပုံများ ရိုက်ယူခဲ့ပြီး ဆရာတော် ဦးပါ မောက္ခက မီဒီယာများနှင့် တွေ့ဆုံ ရာတွင် ““ဘုန်းကြီးက အမျိုးဘာ သာ သာသနာအတွက်ပဲ လုပ်နေ တာပါ၊ သိက္ခာတော်ဝိနည်းနာယ ကဂုဏ်တို့အပါအ၀င် သံဃာ့ အဖွဲ့အစည်း အခြေခံစည်းမျဉ်း (၁၂)ချက်မှာ တစ်ချက်မှ ပျက်ယွင်းခြင်း ငြိစွန်းခြင်း မရှိခဲ့ပါဘူး””ဟု မိန့်ကြားသည်။ တိုင်းရုံးခြံဝန်း အတွင်းတွင် စောင့်ဆိုင်းဝန်းရံနေ သော သံဃာတော်တွေထဲမှ ရွှေတွံတေးဆရာတော် ဦးဝါယမ ကလည်း““အခုလို အမျိုးဘာသာ သာသနာကိုချစ်တဲ့ ဆရာတော် ဒါမှမဟုတ် ပြည်သူဘက်က အမြဲတမ်းရပ်တည်တဲ့ ဆရာ တော်တစ်ပါးအတွက် ပြည်သူ ကလည်း ဆရာတော်ကို ဘယ် လောက်ချစ်တယ်ဆိုတာ ၀န်းရံ စောင့်ကြည့်ပြလိုက်တာကို အာဏာပိုင်နဲ့ နာယကဆရာ တော်ကြီးတွေ အမှန်မြင်ဖို့လိုပါ တယ်။ ဘုန်းဘုန်းတို့ကတော့ အမှန်တရားဘက်က အမြဲတမ်း ရပ်တည်သွားမှာပါ””ဟု  ပြောကြားသည်။

ဇော်မြင့်

http://www.hotnewsweekly.com/archives/16132

No comments:

Post a Comment