Saturday 19 January 2013

စစ်တွေမြို့အတွင်း ဟင်းသီးဟင်းရွက်များတွင် အဆိပ်လက္ခဏာများတွေ့ရှိလာရ


စစ်တွေမြို့အတွင်းရှိ ဟင်းသီးဟင်းရွက်များတွင် အဆိပ်များတွေ့ရှိကြောင်း ယခုအပါတ်အစောပိုင်းတွင် ကောလဟာသများကြားရှိခဲ့ရသော်လည်း ကျွန်တော့်အနေဖြင့် မယုံကြည်ခဲ့။ သို့သော်လည်း ယနေ့တွင် ....ရပ်ကွက်အတွင်း အိမ်တစ်အိမ်တွင် .....ဈေးမှ ဟင်းချက်စားရန် ဘူးသီးနှစ်ညင်းဝယ်ပြီး ဟင်းရည်ချက်ခဲ့သည်ဟုသိရသည်။ ထမင်းစားခါနီး အဆိုပါ ဟင်းရည်အိုးအား ဖွင့်လှစ်ကြည့်ရာတွင် ဟင်းရည်မှာ အစိမ်းရောင်အရည်အဖြစ် ပြောင်းလဲနေသောကြောင့် မယုံသင်္ကာဖြစ်မိ၍ ရပ်ကွက်အုပ်ချုပ်ရေးမှုး နှင့် အခြားတာဝန်ရှိသူများအားတိုင်တန်းခဲ့သည်။ ယခုအခါတွင် အဆိုပါ ဟင်းရည်အား ပလစ်စတိတ်အိတ်ဖြင့် သေချာစွာထုတ်ပိုးပြီး ဓာတ်ခွဲစမ်းသပ်ရန် ရန်ကုန်မြို့ သို့ ပို့ဆောင်ခဲ့ပြီးဖြစ်ပါသည်။
D-new Oo face book  မှ ကူးယူဖော်ပြသည်။

No comments:

Post a Comment