Saturday 19 January 2013

ဘင်္ဂလာဒေခ်ျ့ ရေတပ်မှ မြေပြင်နှင့် ဝေဟင်ပစ် ဒုံးလက်နက်များ ဘင်္ဂလာပင်လယ်အော်တွင် စမ်းသပ်

ဘင်္ဂလာဒေခ်ျ့ ရေတပ်ဟာ လွန်ခဲ့တဲ့ ကြာသပတေးနေ့က  မြေပြင် (Surface-to- surface) နဲ့ ဝေဟင်ပစ် (Surface-to- air  Missiles) ဒုံးကျည်တွေကို ဘင်္ဂလာပင်လယ်အော်အတွင်း ပစ်ခတ် စမ်းသပ်ခဲ့တယ်လို့ သိရပါတယ်။
Frigates-BNS-Bangabandhu
“Exercise Sea Thunder 2013” လို့ အမည်ပေး ထားတဲ့ စစ်ရေး လေ့ကျင့်မူ တစ်ခုကို ပြုလုပ် တဲ့ နောက်ဆုံးနေ့မှာ အခုလို မြေပြင်နဲ့ ဝေဟင်ပစ် ဒုံးကျည်တွေကို စမ်းသပ် ပစ်ခတ်ခဲ့ တာ ဖြစ်တယ် လို့ ပြောပါတယ်။

သူတို့ စမ်းသပ်ပစ်ခတ်မူတွေဟာ အောင်မြင်မူ ရရှိခဲ့တယ်လို့ ဘင်္ဂလာဒေခ်ျ့ရေတပ်က ပြောကြောင်း The Independent သတင်းစာက ဖေါ်ပြပါတယ်။


ဒီ Missiles ဒုံးကျည်တွေကို Frigates BNS Bangabandhu သင်္ဘောကနေ အောင်မြင်စွာ ပစ်လွှတ်နိုင် ခဲ့တယ် လို့ ပြောပါတယ်။ အလားတူ Missiles ဒုံးတွေကို စစ်ရေး လေ့ကျင့်ရာမှာ ပါဝင်တဲ့ Frigates BNS Dhalashwari နဲ့ BNS Nirvoy သင်္ဘောတွေကို ပင်လယ်ပြင်ထဲကို ပစ်ချနိုင်ခဲ့တယ်လို့လည်း ဆိုပါတယ်။

ဒီစစ်ရေးလေ့ကျင့်မူကို ပြုလုပ်ရတဲ့ အဓိက ရည်ရွယ်ချက်ကတော့ တိုင်းပြည်ရဲ့ အချုပ်အချာ ပိုင်နက် နယ်မြေတွေကို ထိန်းသိမ်းကာကွယ်ရန်၊ သူနိုင်ငံရဲ့ ပင်လယ် သဘာဝ ရင်းမြစ် သယံဇာတတွေကို ကာကွယ်ရန်၊ ပင်လယ် ဓါးပြတွေကို နှိမ်နှင်းရန်နဲ့ အမျိုးမျိုးသော ဇီဝသက်ရှိ ရေနေသတ္တ၀ါတွေကို ကာကွယ်ရေး  အတွက် ဖြစ်တယ်လို့ ဆိုပါတယ်။

ခုပြုလုပ်တဲ့ စစ်ဆင်ရေးဟာ (၁၆) ရက်ကြာမြှင့်ပြီး ဘင်္ဂလာဒေခ်ျ့ ရေတပ်က သင်္ဘောမျိုးစုံ ပါဝင်ပြီး လေတပ်နဲ့ ကြည်းတပ်က အထူး လေ့ကျင့်ရေး စစ်သားတွေလည်း ပူးပေါင်း ပါဝင်ခဲ့တယ်လို့ ဆိုပါတယ်။
လေ့ကျင့်ရေး အပြီးမှာ ဘင်္ဂလာဒေခ်ျ့ ရေတပ် ဦးစီးချုပ် ဇာဟီယာ အူဒင် အာမတ် ( Zahir Uddin Ahmed) က နောက်ထပ် ရေတပ် စစ်သင်္ဘော ၁၅ စီးကို အချိန်တို အတွင်းမှာ ၀ယ်ယူပြီး ဘင်္ဂလာဒေခ်ျ့ ရေတပ်ကို ပိုပြီး အင်အား တောင့်တင်းအောင် လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။

No comments:

Post a Comment