Monday 21 January 2013

ရခိုင်ပြည်နယ် အတွင်း ဖြစ်ပွားခဲ့သည့် အခြေအနေ များနှင့် ပူးပေါင်း ဆောင်ရွက်မည့် အလား အလာ ဆိုင်ရာ ကိစ္စရပ်များ အမြင်ချင်း ဖလှယ်ဆွေးနွေး

နေပြည်တော် ဇန်နဝါရီ ၂၁
အရှေ့တောင် အာရှဒေသ လူ့အခွင့် အရေးဆိုင်ရာ မဟာ မင်းကြီးရုံး အကြီးအကဲ Ms.  Matilda Bonger နှင့် ဒုတိယ အကြီးအကဲ Ms. Heike Alefsen တို့သည် နယ်စပ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး သိန်းဌေးအား ယနေ့ညနေ ၃  နာရီ တွင် အဆိုပါ ဝန်ကြီး၏ ဧည့်ခန်းမ၌ လာရောက် တွေ့ဆုံသည်။


ထိုသို့ တွေ့ဆုံရာတွင် ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သည့် အခြေအနေ အရပ်ရပ်နှင့် စပ်လျဉ်း၍ ဖြစ်စဉ်ဖြစ်ရပ်များ၊ ဖြစ်ပွားရသည့် အခြေခံ အကြောင်းတရားများ၊ အကောင် အထည်ဖော် ဆောင်ရွက်လျက် ရှိသည့် ပြန်လည် ထူထောင်ရေး လုပ်ငန်းစဉ် များကို ကုလ သမဂ္ဂ အဖွဲ့ အစည်း များ၊ နိုင်ငံတကာ အစိုးရ အဖွဲ့ အစည်းများ၊ နိုင်ငံတကာ အစိုးရ မဟုတ်သော အဖွဲ့အစည်း များနှင့် ပူးပေါင်း ဆောင်ရွက်နေမှု အခြေ အနေများ၊ လက်ရှိ ပူးပေါင်း ဆောင်ရွက်လျက် ရှိသည့် လူ့အခွင့် အရေးဆိုင်ရာ ကိစ္စရပ်များ၊ အနာဂတ်တွင် လူ့အခွင့် အရေးဆိုင်ရာ ကိစ္စရပ် များနှင့် စပ်လျဉ်း၍ ပူးပေါင်း ဆောင်ရွက်မည့် အလားအလာ ဆိုင်ရာ ကိစ္စရပ် များကို အမြင်ချင်း ဖလှယ် ဆွေးနွေး ခဲ့ကြကြောင်း သတင်း ရရှိသည်။ 

တွေ့ဆုံပွဲသို့ နယ်စပ်ရေးရာ ဝန်ကြီးဌာန ဦးစီး ဌာနများမှ ညွှန်ကြား ရေးမှူးချုပ် များနှင့် တာဝန် ရှိသူများ တက်ရောက် ခဲ့ကြကြောင်း သတင်း ရရှိ သည်။

http://www.myawady.net.mm/allnews/local/item/4952-2013-01-22-08-24-34#.UP7QUvLlc_5 

No comments:

Post a Comment