အာရကန်ကိုကို-မောင်တော(မြစ်မခ)
by Myit Makha Mediagroup on 26 Sep, 2012
by Myit Makha Mediagroup on 26 Sep, 2012
 မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်
 ရခိုင်ပြည်နယ် မောင်တောဒေသတွင်း ထင်းမီးသွေးရုပ်ကြွင်းလောင်စာများကို 
အဓိကထုတ်ယူသုံး စွဲနေခဲ့ရာမှ သစ်တောပြုန်းတီးမှုများကြောင့် 
သဘာဝပတ်ဝန်းကျင်ကိုကာကွယ်နိုင်ရန် မယူတောင်တန်းဒေသနှင့်အလှမ်းဝေးသော   
ကျေးရွာဒေသအချို့၌ ထမင်းဟင်းများချက်ပြုတ် ရာ တွင် နွားချေး ဇီဝ 
ခြောက်လောင်စာအသုံးပြုမူ ပိုမိုတွင်ကျယ် လာကြောင်း ဒေသခံများထံက သိရသည်။
  
 မယူတောင်တန်း၌
 တရားဝင်သစ်ထုတ်လုပ်ငန်းလုပ်ကိုင်နေမူများနှင့် ရွှေ့ပြောင်းတောင်ယာခုတ်ထွင်
 ရှင်း လင်းမှုများကြောင့် သစ်တောပြုန်းတီးပျက်စီးမူမှာ တစ်နှစ်ထက် 
တစ်နှစ်များပြားလာကြောင်း သိရ သည်။
 သစ်တောများပြုန်းတီးပျက်စီးလာခြင်းကြောင့်
 ထင်းမီးသွေးလောင်စာဈေးနူန်းများ မြင့်တက်လာခြင်း၊ 
ပတ် ၀န်းကျင်ထိန်းသိမ်းရေး အသိတရားရရှိလာမှုနှင့်အတူ 
နွားချေးခြောက်လောင်စာများကို အသုံးပြုမှု တွင် ကျယ်လာခြင်းဖြစ်သည်။
 "ကျွန်တော်တို့
 မောင်တောဒေသ မယူတောင်တန်းနဲ့အလှမ်းကွာဝေးပြီး ကုန်း ရေနှစ်လမ်း ဆက်သွယ်ရေး
 ခက်ခဲတဲ့ အထက်ပြုံး မ၊ အောက်ပြုံးမ၊ ခြံပြင်၊ ကပကောင်း၊ စံပယ်ရင်းအစရှိတဲ့
 ဒေသကျေးရွာအချို့မှာ ထင်းမီးသွေးလောင်စာက တစ်နှစ်ထက် 
တစ်နှစ်ဈေးခုန်တက်လာလို့ ၀ယ်မသုံးစွဲနိုင်တော့ပါဘူး။ ဒါကြောင့် 
နွားချေးခြောက်တွေကို ရေနှင့်နှောနယ်ပြီး တုတ်ချောင်းတွေမှာ မှီးကပ် 
အခြောက်လှမ်း လို့ လောင်စာအဖြစ် သုံးစွဲမှု တွင်ကျယ်လာတာပါ"ဟု အထက်ပြုံးမ 
ကျေးရွာမှ ဒေသခံရွာ သားတစ်ဦး က ပြောကြားသည်။
 နွားချေးခြောက်လောင်စာသုံးစွဲလာခြင်းအားဖြင့်
 သစ်တောများပြုန်းတီးနေမှုကို အထိုက်အလျှောက် သက် သာစေပြီး မိသားစုတစ်စု၏ 
တစ်နှစ်တာ ထင်းမီးသွေးလောင်စာဝယ်ယူသုံးစွဲနေရသော ကုန်ကျ ငွေ ကျပ်(၄၀၀၀၀) မှ
 (၅၀၀၀၀)အထိ သက်သာစေသလို သစ်တောပြုန်းတီးမှုမှလည်း ကာ ကွယ်ပြီး ဖြစ်ကြောင်း 
ဒေသခံတို့ကဆိုသည်။
 "ကျွန်မတို့ကျေးရွာဒေသတွေမှာ
 ထင်းမီးသွေးဈေးက လွန်ခဲ့တဲ့ သုံးလေးနှစ်ဝန်းကျင်မှ တဖြည်းဖြည်း 
မြင့် တက်လာတာပါ။ အခုနှစ်တွေမှာဆို မီးသွေးတစ်ပိသာကို (၃၃၀)ကျပ် မီးသွေး 
တစ်ပိသာ အလေးချိန်နဲ့ ညီမျှတဲ့ ထင်းလောင်စာ တစ်စည်းကိုလည်း (၂၅၀)ကျပ်အထိ 
မြင့်လာတယ်။ လွန်ခဲ့တဲ့ ငါးနှစ်ကျော်ခြောက်နှစ်လောက်ကဆို 
မီးသွေးတစ်ပိသာကို ၅၀ ကျပ်နဲ့ ထင်းတစ်စည်းကို ၂၀ ကျပ် လောက်ပဲ ရှိခဲ့တာပါ။
 ဒီလိုဈေးမြင့်နေတော့ ဘယ်လိုမှ ၀ယ်ယူသုံးစွဲနိုင်မူမရှိကြ လို့ 
နွားချေးခြောက် လောင်စာကိုပဲ စနစ်တကျပြုလုပ်ပြီး သုံးစွဲလာကြတာပေါ့"ဟု 
အောက်ပြုံးမကျေးရွာမှ အိမ်ရှင်မတစ်ဦး ကပြောသည်။
http://myitmakhamediagroup.com/detail.php?newid=2617
 
 
No comments:
Post a Comment