
မြန်မာ- ဘင်္ဂလားဒေ့ရှ် မောင်တောနယ်စပ်ဈေးကွက်များတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသုံး တာ ကာ ငွေကြေး ဖြင့် ဈေးရောင်းဈေးဝယ်ခြင်း များကို တင်းကျပ်စွာတားမြစ်ဆောင်ရွက်ထားကြောင်း သက်ဆိုင်ရာ နယ်မြေဈေးတာဝန်ခံများထံက သိရသည်။
 ဥပဒေကြောင်းရ နိုင်ငံတစ်နိုင်ငံ၏ ငွေကြေးကို ပြည်တွင်း၌ တရားမ၀င်သုံးစွဲမှုကို တားမြစ်ဆောင်ရွက်မှု များရှိသော်လည်း   မောင်တောနယ်စပ်ဈေးများ၌ ဘင်္ဂလားဒေ့ရှ်ငွေကြေးတာကာကို
 ကျယ်ပြန့်စွာ သုံးစွဲနေကြသည့်အတွက်   
မြန်မာကျပ်ငွေတန်ဖိုးကျဆင်းခြင်းနှင့် နိုင်ငံ၏ငွေကြေးနှင့် ဂုဏ်သိက္ခာကို 
အလိုအလျှောက်ကျဆင်းစေသည့်အတွက် ယခုကဲ့သို့ ထားမြစ်ဆောင်ရွက်ရခြင်းဖြစ်ကြောင်း  သက်ဆိုင်ရာ နယ်စပ်လုံခြုံရေးအရာရှိတစ်ဦးက အတည်ပြုပြောကြားသည်။
 "သက်ဆိုင်ရာညွန်ကြားချက်အရ မောင်တောနယ်စပ်ဈေးကွက်တွေမှာ ဘင်္ဂလားဒေ့ရှ်နိုင် ငံသုံးတာ ကာငွေဖြင့်   
ဈေးရောင်းဈေးဝယ်ခြင်းကို တင်းကျပ်စွာဆောင်ရွက်ထားတာပါ။ 
ဒါပေမယ့် ဈေးအချို့ မှာ ရောင်းသူ ၀ယ်သူများအကြား 
တာကာငွေကြေးကိုခိုးချောင်ခိုးဝှက် အသုံးပြုနေကြတာ ကို တွေ့ရပါ တယ်"ဟု 
တောင်ပြိုဒေသနယ်စပ်ဈေး တစ်ခုမှ ဈေးတာဝန်ခံကပြောသည်။
  မောင်တော်နယ်စပ်ဒေသတွင်
 စီးပွားရေးလုပ်ငန်းရှင်များနှင့် ကုန်ပစ္စည်းအရောင်း အ၀ယ်များပြု လုပ်ကြ ရာ၌ 
တာကာငွေကြေးကို ကြားခံအဖြစ် တွင်ကျယ်စွာ အသုံးပြုလာခြင်းများကြောင့် 
နယ်စပ်ဈေးကွက် များ၌ မြန်မာကျပ်ငွေများဖြင့်အရောင်းအ၀ယ်ပြုရာ တွင် ဈေှးနှိမ့်အောက်ချို့ခံရမူများ  ရှိနေကြောင်း ကို လည်း ဒေသခံအခြေခံ လူတန်းစားတိုင်းရင်းသားအချို့က ပြောကြားသည်။
 " အခုလိုတာကာငွေဖြင့် 
ဈေးရောင်းဈေးဝယ်တားမြစ်တာကို ကြိုဆိုပါတယ်။ ဒါပေမယ့် တားမြစ်ချက်က 
နယ်ဈေးကွက်အားလုံးကို သက်ရောက်မှု မရှိသေးပါဘူး။ ဈေးကွက်အချို့မှာ 
တားမြစ်ချက် ကို ဖောက် ဖျက်ပြီး သုံးစွဲနေကြတာကိုတွေ့နေရသေးတယ်" ဟု 
တောင်ပြိုလက်ဝဲမြို့နယ်ဈေးမှ ဒေသခံရခိုင်တိုင်းရင်းသား တစ်ဦးက သူ့အမြင်အား ပြောကြားသည်။
 လက်ရှိ မောင်တောနယ်စပ် မြန်မာ-ဘင်္ဂလားဒေ့ရှ်ရှိ ငွေလဲလှယ်မှုဈေးကွက်များ၌
 ဘင်္ဂလာဒေ့ရှ်နိုင်ငံသုံး တာကာငွေကြေး (၁၀၀)လျှင်   မြန်မာကျပ်ငွေတန်ဖိုး 
(၉၂၀)အထိ ဈေးပေါက်နေပြီး၊ နယ်စပ်ဒေသများ၌ 
ကုန်ပစ္စည်းများအရောင်းအ၀ယ်ပြုရာတွင် တာကာငွေကြေး (၁၀၀)လျှင် ကျပ်ငွေ 
(၁၀၀၀)အထိ စံနှုန်း သတ်မှတ်ထားကြောင်း ကျပ်ငွေဖြင့် ဈေးရောင်းဈေးဝယ်ပြုလုပ်သူ ဒေသခံ ရခိုင်တိုင်းသားများထံက သိရှိ ရသည်။
 
 http://myitmakhamediagroup.com/detail.php?newid=2598&catid=58
 
 
No comments:
Post a Comment