Sunday 12 August 2012

မောင်တောမြို့နယ် သင်ထောက်ကူ ပစ္စည်းအတွက် ရန်ပုံငွေ ဂီတဖျော်ဖြေပွဲ လုပ်မည်

2012-08-12
ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ ဘာသာရေး ပဋိပက္ခ တွေကြောင့် ပျက်စီးခဲ့ရတဲ့ စာသင်ကျောင်းတွေ ပြန် လည် ဆောက်လုပ်နိုင်ဖို့ အတွက် ရန်ပုံငွေ ဂီတဖျော်ဖြေပွဲ တစ်ခုကို သြဂုတ် ၁၉ ရက်နေ့ ည ၆ နာရီကနေ ည ၁၁ နာရီထိ ရန်ကုန်မြို့ အမျိုးသားကဇာတ်ရုံမှာ ပြုလုပ်မယ်လို့ ရခိုင်အမျိုးသားကွန်ရက်က ဦးတင် ထူးအောင် က RFA ကို ပြောပါတယ်။




၂၀၁၂ ခုနှစ် ဇွန်လအတွင်း ရခိုင်ပြည်နယ်၌ ဖြစ်ပွားသော အကြမ်းဖက်မှုကြောင့် အိုးအိမ် စွန့်ခွာထွက်ပြေးပြီး ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းနှင့် ဓမ္မာရုံတွင် ခိုလှုံနေကြသော ဒုက္ခသည်များ

ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေ အတွင်း မောင်တောမြို့နယ်မှာ ရှိတဲ့ အစိုးရ စာသင်ကျောင်း (၅) ကျောင်း ဖျက်ဆီးခံခဲ့ရတာကြောင့် ပညာသင်ကြားရေး ထိခိုက်ခဲ့ရတဲ့ ကလေးငယ် (၇) သောင်း (၈) ထောင်ကျော်အတွက် ပညာသင်ယူနိုင်ရေးနဲ့ သင်ထောက်ကူ ပစ္စည်းတွေ ပြန်လည် ဝယ်ယူနိုင်ရေးတို့ အတွက် အခုလိုရန်ပုံငွေ ဂီတဖျော်ဖြေပွဲ ပြုလုပ်ရတာ ဖြစ်တယ်လို့ ဦးတင်ထူးအောင်က ပြောပါတယ်။

မောင်တောမြို့နယ်က ကလေးတွေ ပညာပြန်လည် သင်ယူနိုင်ဖို့ အတွက် ရန်ပုံငွေ ဂီတဖျော်ဖြေပွဲကို ရခိုင် အမျိုးသား ကွန်ရက်၊ ဖွံ့ဖြိုးရေးမဏ္ဍိုင် အဖွဲ့နဲ့ Wave Myanmar အဖွဲ့တို့က ပူးပေါင်း စီစဉ်တာ ဖြစ်ပြီး နာ မည်ကျော် အဆိုတော်များ ဖြစ်ကြတဲ့ ထူးအယ်လင်း၊ နော်နော်၊ L. လွန်းဝါ၊ ချမ်းချမ်း၊ ရတနာမိုင်နဲ့ ရခိုင် အဆိုတော် ဖြစ်တဲ့ ကိုဝင်းကိုခိုင်တို့က ပါဝင်ကူညီ သီဆိုကြမယ်လို့ သိရပါတယ်။
(မူရင်း) http://www.rfa.org/burmese/news/maung-daw-education-fundraising-08122012152524.html

No comments:

Post a Comment