Tuesday 24 July 2012

ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သော ဘင်္ဂါလီများ၏ဆူပူအကြမ်းဖက်မှုများနှင့် ပတ်သက်၍ မတူကွဲပြားခြင်း နှင့် ငြိမ်းချမ်းရေးပါတီ ၏ သဘောထား ထုတ်ပြန်ချက်

ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သော ဘင်္ဂါလီများ၏ဆူပူအကြမ်းဖက်မှုများနှင့် ပတ်သက်၍ မတူကွဲပြားခြင်း နှင့် ငြိမ်းချမ်းရေးပါတီ ၏ သဘောထား ထုတ်ပြန်ချက် မတူကွဲပြားခြင်း နှင့် ငြိမ်းချမ်းရေးပါတီ ဌာနချုပ်
အမှတ်(၂/၂/၂၃၂) မဟော်ဂနီလမ်း ၊ ထောက်ကြံ့တိုးချဲ့၊ မင်္ဂလာဒုံမြို့နယ် ၊ ရန်ကုန်တိုင်းဒေသကြီး။
ဖုန်း – ၀၉၈၆၁၀၇၁၉
————————————————————————————————————–


ရက်စွဲ ။ ။ ၂၀၁၂ ခုနှစ်၊ ဇွန်လ(၁၃) ရက်
ရခိုင်ပြည်နယ်အရေး ရပ်တည်ချက် သဘောထား ထုတ်ပြန်ခြင်း
၁။ မြန်မာပြည် အနောက်ပိုင်းဒေသဖြစ်သော ရခိုင်ပြည်နယ်တွင် ဘင်္ဂါလီ လူမျိုး တိုင်းတပါးသားများ ကျူးကျော် ၀င်ရောက် နေထိုင်ပြီး ဒေသခံ တိုင်းရင်းသားများ၏ အသက်အိုးအိမ်နှင့် စီးပွားရေးလုပ်ငန်းများကို နှောက်ယှက် ဖျက်စီးနေမှုများ ၊ မီးရှို့သတ်ဖြတ်နေမှုများ စသည့် လုပ်ရပ်များအပေါ် မတူကွဲပြားခြင်း နှင့် ငြိမ်းချမ်းရေးပါတီ မှ ရပ်တည်ချက် သဘောထား ထုတ်ပြန်အပ်ပါသည်။
၂။ ဤဖြစ်ရပ်သည် မြန်မာပြည်တွင် မူလနေ တိုင်းရင်းသားမဟုတ်သော အခြားတိုင်းတပါးမှ လူမျိုး ကွဲများက မြန်မာပြည်အတွင်းသို့ တဖြည်းဖြည်း စိမ့်ဝင်နေထိုင်လာရာမှ နယ်မြေအပိုင်စိုးမိုးရေးအတွက် ကျူးကျော်မှုကို ပေါ်ပေါ်တင်တင် အကြမ်းဖက်မှု ပုံစံဖြင့် လှုပ်ရှားဆောင်ရွက်လာရာမှ ဖြစ်ပေါ်သည်ဟု မှတ်ယူ ပါသည်။ အဆိုပါ လူမျိုးကွဲ ဘင်္ဂါလီ အကြမ်းဖက်သမားများက မူလနေတိုင်းရင်းသားများအပေါ် အကြမ်းဖက် တိုက်ခိုက်ပြီး မနေထိုင်ဝံ့အောင် မောင်းထုတ်သည့် အပြုအမူများဖြစ်သော တိုင်းရင်းသား များ၏အိုး အိမ်များ ကိုမီးရှို့ခြင်း၊ သတ်ဖြတ်ခြင်းတို့ ပြုလုပ်နေသည်ကို ကမ္ဘာ့နိုင်ငံများနှင့် ကုလသမဂ္ဂအဖွဲ့ကြီးတို့က သိရှိမှတ်သား စေလိုပါသည်။
၃။ ထို့အပြင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အစိုးရကို လူမျိုးတုံးသတ်ဖြတ်သူအဖြစ်သို့ ကမ္ဘာ့နိုင်ငံ များနှင့် ကုလသမဂ္ဂက မှတ်ယူလာစေရန် ရည်ရွယ်ချက်ရှိရှိတွန်းပို့နေသော လုပ်ရပ်များ လုပ်ဆောင်နေသည် ကိုလည်း လေ့လာတွေ့ရှိရပါသည်။ အရပ်သား အသွင်ဆောင်ထားသော ကျူးကျော်တိုက်ခိုက်မှုများဖြင့် မြန်မာနိုင်ငံအစိုးရအား လုပ်ကိုင်ရခက်ခဲစေရန် အကွက်ချဖန်တီးမှုများ ထိုဘင်္ဂါလီများ၏ ၀ါဒဖြန့်သတင်းဌာန များမှ သတင်းအမှားများ ဖြန့်ဝေနေခြင်းကိုလည်း တွေ့ရှိရပါသည်။ မည်သည့်တိုင်းပြည်ပင်ဖြစ်စေ ဤကဲ့သို့ သော ကျူးကျော်ရန်စမှုကို လက်ပိုက်ကြည့်နေပါက နယ်မြေဆုံးရှုံးခံရမည်ဖြစ်သောကြောင့် မလွှဲမရှောင်သာ သော အရေးယူမှုများ ပစ်ခတ်နှိမ်နှင်းမှုများ ပြုလုပ်ကြရမည်ကို နားလည်သဘောပေါက်သည့် အားလျှော်စွာ မြန်မာနိုင်ငံတော်အစိုးရမှ တိုင်းတပါးကျူးကျော်မှုရန်ကို ကာကွယ်ရန်အလို့ငှာ ပစ်ခတ်နှိမ်နှင်းခြင်းကို ကျွန်ုပ်တို့ ၏ မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေး ပါတီမှ ထောက်ခံပါသည်။
၎။ အဆိုပါလူမျိုးကွဲ တိုင်းတပါးသားများ စိမ့်ဝင်နေထိုင်မှုကိုလည်း အမြန်ဆုံးစိစစ်ပြီး ပြည်နှင်ဒဏ်ပေးပါ ရန်နှင့် တိုင်းတပါးသားများ စိမ့်ဝင်နေထိုင်မှုအတွက် တာဝန်ပေါ့လျော့သူများ လုပ်ကိုင်စီမံမှု ညံ့ဖျင်းသူများကို လည်း ထိရောက်စွာ အရေးယူပေးပါရန် ပြည်ထောင်စု အစိုးရအဖွဲ့ကို တိုက်တွန်းအပ်ပါသည်။ ရခိုင်ပြည်နယ် သားများ၏ ဘ၀လုံခြုံရေးကို ရေရှည်အာမခံနိုင်မည့် အစီအစဉ်များကိုလည်း လူအများသိရှိနိုင်စေရန် ပြည် ထောင်စုအစိုးရမှ ထုတ်ပြန်ကြေညာပေးပါရန်လည်း တောင်းဆိုအပ်ပါသည်။
၅။ မြန်မာနိုင်ငံအတွင်း ကနဦးနေထိုင်ကြကုန်သော အစ္စလာမ်ဘာသာဝင် အပေါင်းတို့အားလည်း အထူး အသိပေးလိုသည်မှာ ဌာနေအစ္စလာမ် ဘာသာဝင်များသည် မြန်မာနိုင်ငံတွင်နေထိုင်ခွင့်ရပြီးသော ဌာနေများ စာရင်းတွင် ပါဝင်ပြီးဖြစ်သဖြင့် အမိမြန်မာနိုင်ငံတော်ကိုသာ အခွန်ထမ်းဆောင်ခြင်း နှင့် အမိမြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး၊ လုံခြုံရေး ကို ကာကွယ်စောင့်ရှောက် သစ္စာစောင့်သိရမည် ဖြစ်ပေသည်။ သို့ပါသောကြောင့် နိုင်ငံခြားမှ ၀င်ရောက်လာသူ များအပေါ် ကိုးကွယ်သည့် ဘာသာတူဟူ၍ ဘက်လိုက် လိုက်ပါပူးပေါင်း ဆောင်ရွက်ခြင်း မပြုမိကြစေ ရန် အထူးအသိပေးအပ်ပါသည်။
၆။ ပြည်တွင်းရှိ အစ္စလာမ် ဘာသာဝင်မဟုတ်သော အခြားဘာသာများဖြစ်သည့် ဗုဒ္ဓဘာသာ၊ ဟိန္ဒူ ဘာသာ၊ ခရစ်ယာန် ဘာသာဝင်များသည်လည်း ဘာသာရေးကိုအခြေခံပြီး ခွဲခြားဆက်ဆံခြင်းမပြုမူဘဲ နိုင်ငံ သားအမြင်ဖြင့်သာ စဉ်းစားလုပ်ကိုင်ကြပါရန် လေးနက်စွာ အသိပေးမေတ္တာရပ်ခံအပ်ပါသည်။
၇။ တိုင်းတပါးမှ ၀င်ရောက်လာသူများကိုမူ ဘာသာတူခြင်း/ မတူခြင်း၊ လူမျိုးတူခြင်း/ မတူခြင်း အပေါ် အခြေခံ၍ ခွဲခြားရမည်မဟုတ်ဘဲ နိုင်ငံသားဖြစ်ခြင်း/ မဖြစ်ခြင်း ကိုသာ အခြေခံပြီး ပြည်တွင်းဥပဒေများနှင့် အညီ စည်းကမ်းနည်းလမ်းတကျ လုပ်ဆောင်ကြပါရန် အသိပေးနှိုးဆော်အပ်ပါသည်။
၈။ ရခိုင်ပြည်နယ်တွင် ဖြစ်စေ၊ ပြည်ထောင်စု မြန်မာနိုင်ငံတ၀ှမ်းလုံးတွင် ဖြစ်စေ ကမ္ဘာနေရာအနှံ့အပြား တွင်ဖြစ်စေ မည်သည့် အကြမ်းဖက် တိုက်ခိုက်မှု/ နယ်မြေကျူးကျော်ဝင်ရောက်မှု ကိုမဆို မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီ မှ ပြင်းထန်စွာ ဆန့်ကျင်ရှုံချပါကြောင်း ကြေညာ အပ်ပါသည်။
ပါတီ၏ ညွှန်ကြားချက်အရ
နေမျိုးဝေ
ဥက္ကဌ
မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီ

No comments:

Post a Comment