Tuesday 24 July 2012

ရခိုင် ပြည်နယ်အစိုးရ သတင်းစာရှင်းလင်းပွဲ

June 14-2012
ရခိုင်ပြည်နယ်အတွင်း ဖြစ်ပေါ်ခဲ့သော အခြေအနေများနှင့် ပတ်သက်ပြီး ရခိုင်ပြည်နယ်အစိုးရ သတင်းထုတ်ပြန်ရေးကော်မတီ၏ သတင်းစာရှင်းလင်းပွဲကို ယနေ့ညနေ ၅ နာရီဝန်းကျင်ခန့်တွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ရုံး၌ြုပုလုပ်ခဲ့ပါသည်။


အဆိုပါ သတင်းစားရှင်းလင်းပွဲ၌ ရခိုင်ပြည်နယ် နယ်စပ်ဒေသနှင့် လုံခြုံရေးဝန်ကြီး ဗိုလ်မှုးကြီးထိန်လင်းနှင့် ရခိုင်ပြည်နယ် ဥပဒေချုပ် ဦးလှသိန်းတို့မှ ဦးဆောင်ရှင်းလင်းခဲ့ပါသည်။ ရှင်းလင်းပွဲတွင် ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သော ဖြစ်စဉ်များ၏ လက်ရှိအခြအနေ၊ ကယ်ဆယ်ရေးအနေအထားများနှင့် ပျက်စီးဆုံးရှုံးမှုများကို အဓိကထား ရှင်းလင်းသွားခဲ့သည်။
ရခိုင်ပြည်နယ်အတွင်း ဖြစ်စဉ်များနှင့် ပတ်သက်ပြီး ဇွန်လ ၈ ရက်နေ့မှ ၁၃ ရက်နေ့အထိ သိရှိရသော စာရင်းများအရ မီးလောင်မှုဖြစ်စဉ်တွင် နေအိမ် ၂၅၂၈ လုံး မီးလောင်ကျွမ်းခဲ့ပြီး ရခိုင်တိုင်းရင်း သား များ၏အိမ် ၁၁၉၂ အိမ်နှင့် မူစလင်များ၏နေအိမ် ၁၃၃၆လုံး ဖြစ်ကြောင်း၊ ဘုန်းတော်ကြီးကျောင်း ၉ ကျောင်း၊ ဗလီ ၇ လုံး၊ စာသင်ကျောင်းတစ်ကျောင်း မီးလောင်ခဲ့ကြောင်း၊ သေဆုံးသူ ၂၉ ဦး ရှိခဲ့ပြီး ရခိုင်တိုင်းရင်းသား ၁၃ ဦးနှင့် မူစလင် ၁၆ ဦးဖြစ်ကြောင်း၊ ရခိုင်ပြည်နယ် နယ်စပ်ဒေသနှင့် လုံခြုံရေး ဝန်ကြီး ဗိုလ်မှုးကြီးထိန်လင်းက သတင်းထောက်များကို ပြောကြားခဲ့ပါသည်။
ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သော အခြေအနေများမှာ အယ်လ်ကေဒါအဖွဲ့နှင့် ဆက်သွယ် ဆောင် ရွက်မှု ရှိသည်ဆိုသော အချက်ကို နိုင်ငံတော်မှ ရှင်းလင်းတင်ပြလိမ့်မည်ဖြစ်ကြောင်း ရခိုင်ပြည်နယ် နယ်စပ်ဒေသနှင့် လုံခြုံရေးဝန်ကြီး ဗိုလ်မှုးကြီးထိန် လင်းက ပြောကြားခဲ့သည်။ “အယ်လ်ကေဒါနှင့် ဆက်နွယ် ဆောင်ရွက်တယ်ဆိုတဲ့ အချက်မှာ နိုင်ငံတော်ကနေပြီးတော့ စနစ်တကျ ရှင်းလင်းတင်ပြပါ လိမ်မယ်။ ကျနော်တို့အနေနဲ့ကတော့ ကျနော်တို့နယ်မြေ အတွင်းမှာတော့ အယ်လ်ကေဒါနဲ့ ပတ်သက် ပြီး ထူးခြားလှုပ်ရှားမှု မတွေ့ပါဘူး” ဟု ဗိုလ်မှုးကြီးထိန်လင်းကပြောပါသည်။
ထို့အပြင် စစ်တွေမြို့ လောကနန္ဒါ ဘုရားရှေ့ရှိ ဗလီ၌ ယနေ့မွန်းလွဲပိုင်းက သေနတ်ကျည်ဆံများ ရှာ ဖွေတွေ့ရှိသည်ဆိုသော သတင်းကို Eleven Media Group မှ အတည်ပြုမေးမြန်းခဲ့ရာ ဗိုလ်မှုးကြီး ထိန်လင်းက ၎င်းတို့အနေဖြင့် သတင်းများကို နာရီနှင့်အချိန်အလိုက် ရရှိနေကြောင်း အဆိုပါသတင်း ကို မရရှိသေးကြောင်း ပြန်လည်ဖြေကြားပါသည်။
ထို့နောက် UN အဖွဲ့အစည်းတစ်ခုမှ ရခိုင်ပြည်နယ်ဆိုင်ရာ ထိပ်ပိုင်းခေါင်းဆောင်တစ်ဦးနှင့် NGO တစ်ခု၏ ရခိုင်ပြည်နယ်ဆိုင် ရာ အဖွဲ့ခေါင်းဆောင်တစ်ဦးကို ထိန်းသိမ်းထားခြင်းအား Eleven Media Group မှ ဆက်လက်မေးမြန်းခဲ့ရာ ဗိုလ်မှုးကြီး ထိန်လင်းက “အဲ့ဒါကတော့ အခြေအမြစ်ဖြစ်ခဲ့တဲ့ဒေ သက ကျနော်တို့ ဒေသမဟုတ်တော့ ကျနော်မဖြေနိုင်ပါ ဘူး”ဟု ပြန် လည်ဖြေကြား ခဲ့ပါသည်။

No comments:

Post a Comment