Wednesday 3 April 2013

ပထမအကြိမ် ရခိုင်ပြည်နယ်လွှတ်တော် ဆဌမပုံမှန်အစည်းအဝေး ဒသမနေ့ (၃-၄-၁၃) ကျင်းပရာ ထူးခြားမူ (၂)ခု ဖြစ်ပေါ်ခဲ့ပါသည်။

ရခိုင်ပြည်နယ်အစိုးရအဖွဲ့တွင် လစ်လပ်လျက်ရှိသော ဘဏ္ဍာအခွန်ဝန်ကြီး နေရာအတွက် ဘူးသီးတောင်မြို့ နယ် လွှတ်တော်ကိုယ်စားလှယ် ဦးမောင်စန်ရွှေအား ခန့်အပ်တာဝန် ပေးအပ်လိုက်ပါသည်။ ထိုနေရာတွင် တာဝန်ထမ်းဆောင်ခဲ့သော ဂွမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးစိုးအေးသည် ၉၆ ပါးသောရောဂါဖြင့် ကွယ်လွန်သွားပါသဖြင့် ခန့်အပ်တာဝန်ပေးအပ်ခြင်းဖြစ်ပါသည်။ ယခု သေဆုံးသူနှင့် တာဝန်ပေးခံရသူ နှစ် ဦးစလုံးမှာ ကြံ့ခိုင်ရေးပါတီမှ ကိုယ်စားလှယ်များဖြစ်ကြပါသည်။

ယနေ့ထူးခြားမူကတော ယခင် ပဉ္စမအကြိမ်က အဆိုတင်သွင်းပြီးလွှတ်တော် တွင်အတည်ပြုထား သော ရခိုင်ပြည်နယ်အတွင်းရှိ မြစ်၊ချောင်းများအား လေလံပစ်ခြင်းအား ရပ်တန့်ပြီးဆင်းရဲသား ပြည်သူလူထု လွတ် လပ်စွာ ငါးဖမ်းဆီးခွင့်ပြုရန် အဆိုအား ထောက်ခံအတည်ပြုခဲ့မူအား ပြည်နယ်အစိုးရမှ ငါးလုပ်ငန်းဝန်ကြီး ဦးကျော်သိန်းမှ ထို လေလံငါးဖမ်းကွက်(တင်ဒါကွက်) များအား ပြန်လည် ရောင်းချနိုင်အောင် အသက်သွင်း ရန် ကြိုးစားမူအဖြစ် ယနေ့တွင် အဆိုတစ်ခုတင်သွင်းလာခဲ့ပါသည်။ ထိုအဆိုမှာ

ရခိုင်ပြည်နယ်၏ တင်ဒါငါးဖမ်းကွက် (၂၁၁)ကွက်မှ ငါးဖမ်းကွက် (၅၀)အား ဘုံငါးဖမ်းကွက် အဖြစ် ဖြေလျှော့ ပြီး ကျန်ငါးဖမ်းကွက် (၁၆၁)ကွက်အား ၂၀၁၃-၁၄ ဘဏ္ဍာရေးနှစ် တွင် တင်ဒါစနစ်ဖြင့် ဆက်လက်ရောင်းချ သင့်ကြောင်းအဆိုအား တင်သွင်းလာခဲ့ပါသည်။

ထိုအဆိုအား ပြည်နယ်လွှတ်တော်တွင် ဆွေးနွေးရန် သင့်/မသင့် အား လွှတ်တော်ဥက္ကဌမှ အဆုံးအဖြတ် ရ ယူရာ ဆွေးနွေးလိုသူ ၁၃ ဦး နှင့် ဆွေးနွေးရန် မသင့်ကြောင်းကို ၂၂ ဦး၊ ကြားနေသူ ၃ ဦးဖြင့် ထိုအဆိုအား လွှတ်တော်မှ ပယ်ချလိုက်ပါသည်။

မြစ်ချောင်း တင်ဒါစနစ်ကြောင့် ရခိုင်ပြည်သူလူထု နှစ်ပေါင်း ၂၀ လောက်အတိဒုက္ခရောက်ခဲ့ ကြရသော စနစ်ဆိုးအား လွှတ်တော်မှ ပယ်ဖျက် ထားခြင်းအား ပြည်နယ်အစိုးရအဖွဲ့မှ ပြန်လည်အသက်သွင်းရန် ကြိုး စားခြင်းအား လွှတ်တော်ကိုယ်စားလှယ်များက နားမလည်နိုင်အောင်ဖြစ်ကြပြီး မကျေနပ်မူများလဲ တိုးပွါးခဲ့ ကြပါသည်။ အစိုးရ၏ အကြောင်းပြချက်မှာ ပြည်နယ်ဘဏ္ဍာပိုမိုရရှိအောင်ဟု အကြောင်းပြချက် ပေးသည် ကိုတွေ့ရပါသည်။

 ထိုလေလံကွက်မှ ရရှိမည့် ဘဏ္ဍာရံပုံငွေမှာ ပြည်နယ်အစိုးရ၏ နှစ်စဉ်သုံးငွေနှင့်နိုင်းယှဉ်လျင် မပြော ပလောက်သော ငွေကြေးဖြစ်ပါသည်။ ထိုလေလံမှ ရရှိမည့် ငွေမှာ သန်း ၂၀၀ ခန့်သာ ရှိသည်ကိုတွေ့ရပါ သည်။
 ထိုသန်း ၂၀၀ သည် သာမန်တံတားတစ်စင်းစာလောက်သာ ရှိပါသည်။ ထိုငွေ သန်း ၂၀၀ ကြောင့်ဆင်း ရဲ သား ရေလုပ်သားများ၏ အတိဒုက္ခရောက်မည့် အခြေအနေနှင့် နိုင်းယှဉ်လျင် မပြောပြလောက်သောအရြာ ဖစ်သည်ဟု လွှတ်တော်ကိုယ်စားလှယ်များက သုံးသပ်ကြသောကြောင့် ထိုအဆိုအား ကန့် ကွက်ခြ င်းဖြင့် ဆွေးနွေးရန် အဆင့်သို့ မရောက်ရှိဘဲ ၁၃ မဲ၊ ၂၂ မဲ၊ ၃ မဲကြားနေဖြင့် အဆိုအား လွှတ်တော်မှ ပယ်ချ လိုက်ခြင်းဖြင့် ဆင်းရဲသား ရေလုပ်သားများ၏ အတိဒုက္ခရောက် မည့် အန္တရယ်အား ရခိုင်ပြည်နယ် လွှတ်တော်မှ ကာကွယ်တားဆီးပေးနိုင်လိုက်ကြပါသည်။
----------------------------------------  
 ( ဦး-အောင်မြကျော် ဖေစ့်ဘုတ်မှ ကူးယူဖော်ပြသည်။)

No comments:

Post a Comment