ကာကွယ်ရေးဝန်ကြီးဌာန ဘတ်ဂျက် လျာထားငွေ မူလအတိုင်းအတည်ပြု 
  တနင်္ဂနွေနေ့၊ မတ်လ ၀၃ ရက် ၂၀၁၃ ခုနှစ် ၁၅ နာရီ ၃၆ မိနစ်
 
 ရန်ကုန် (မဇ္ဈိမ)။ ။ ကာကွယ်ရေးဝန်ကြီးဌာန၏ ၂၀၁၃-၁၄ ဘဏ္ဍာနှစ်အတွက် 
ဘတ်ဂျက်လျာထားငွေကို မူလအတိုင်း အတည်ပြုလိုက်ကြောင်း မတ်လ ၁ ရက်နေ့က 
ပြုလုပ်သည့် 
ပြည်ထောင်စု လွှတ်တော်ပုံမှန် အစည်းအဝေးမှ သိရသည်။
 
 “ကာကွယ်ရေးဝန်ကြီးဌာန ဘတ်ဂျက်ရာထားရာတွင် ကာကွယ်ရေးဝန်ကြီးဌာန 
အမှုဆောင်အဖွဲ့သို့ စတင် တင်ပြလျာထားငွေမှာ ကျပ် ၂,၂၇၅.၄ ဘီလီယံဖြစ်ပြီး ပထမ
 ဦးစားပေးလျာထားငွေ၌ ကျပ် ၂,၂၀၅.၁ ဘီလီယံ ရှိ၍ ၇၀. ၅၄ ဘီလီယံ 
စတင်လျှော့ချခဲ့ပါတယ်။ ထပ်ပြီးတော့လည်း ၈.၁၁ ရာခိုင်နှုန်း 
လျှော့ချ ခဲ့တဲ့ အတွက် ၂,၀၂၆.၂ ဘီလီယံဖြစ်ခဲ့ပြီး ၁၇.၈၈ ဘီလီယံလျှော့ချခဲ့ကာ 
အခု နောက်ဆုံး ပြည်ထောင်စု လွှတ်တော်သို့တင်ပြရန် လျာထားငွေမှာ ၂,၀၅၀.၆ 
ဘီလီယံ ဖြစ်ပါတယ်။ စတင်လျာထားငွေထက် ကျပ် ၂၂၄.၈ ဘီလီယံ လျော့နည်းကွာခြားခဲ့ပါတယ်” ဟု ဝန်ကြီး ဗိုလ်ချုပ်လှမင်းက ပြောကြားသည်။
 
 
ထိုဝန်ကြီးဌာန၏လုပ်ငန်းစီမံကိန်းများနှင့် ရင်းနှီးမြှုပ်နှံမှုလျာထားချက်
 တန်ဖိုးအားဌာနအဖွဲ့အစည်း အားလုံး အတွက် လျာထားချက်တန်ဖိုး၏ ၁၇ 
ရာခိုင်နှုန်းအထိ လျှော့၍ ခွင့်ပြုသင့်ကြောင်း ချင်းပြည်နယ်မှ 
အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးစတီဗင်သာဘိတ် က အဆိုတင်သွင်းထားသော်လည်း
 ထိုအဆိုကို ကန့်ကွက် ဆန္ဒမဲများသည့်အတွက် တင်ပြချက်အတိုင်း အတည်ပြုခဲ့ခြင်း
 ဖြစ်သည်။
  ကာကွယ်ရေးဝန်ကြီးဌာန၏ ၂၀၁၃-၁၄ ဘဏ္ဍာနှစ်ဘတ်ဂျက် 
လျာထားငွေမှာ နိုင်ငံခြားငွေဖြင့် တွက်ပါက အမေရိကန်ဒေါ်လာ ၂.၄၁၂ ဘီလီယံ 
သာရှိသည်ဟု ဆိုသည်။
 
 အေးချမ်းမွန်မှ ( Mizzima - News in Burmese )
 
 
 
 
 
          
      
 
  
 
 
 
 
 
 
 
 
 
 
 
No comments:
Post a Comment