နယ်စပ် ခြံစည်းရိုး အဖောက်ခံရ
 
 မြန်မာဘက်က သံဆူးကြိုးဖြင့် ကာရံထားသော မြန်မာ - ဘင်္ဂလားဒေရှ့် နယ်စပ် 
ခြံစည်းရိုး အဖောက်ခံနေရသည်ဟု အင်ဂျင်နီယာ တစ်ဦးက ပြောကြားကြောင်း 
ယနေ့ထုတ် 7Day News Journal က ဖော်ပြသည်။
 
 ခိုးဝင်မှု အန္တာရာယ်ကို 
ကာကွယ်ရန် ကာရံထားသော ခြံစည်းရိုးတွင် နယ်စပ်ကင်းစခန်း တစ်ခုနှင့် 
တစ်ခုကြားကျသော နေရာများတွင် အဖောက်ခံရခြင်းဖြစ်သည်။
 
 ၂၀၁၂ ခုနှစ် နိုဝင်ဘာလအတွင်းကလည်း နယ်စပ်ခြံစည်းရိုး မိုင်တိုင် အမှတ် ၅၂ 
တွင် RSO ဟု ယူဆရသော အဖွဲအစည်း တစ်ဖွဲ့က ၀င်ရောက်တိုက်ခိုက်ခဲ့ သဖြင့် 
တစ်ဦးသေဆုံးပြီး သုံးဦး ပြန်ပေးဆွဲခံခဲ့ရသော်လည်း ယင်းကိစ္စနှင့် ပတ်သက်၍ 
တစ်စုံတစ်ရာ အကြောင်းထူးခြင်း မရှိသေးပေ။
 
 ဇန်န၀ါရီ 
လကုန်ပိုင်းကလည်း မောင်တောမြို့နယ် နယ်စပ်ခြံစည်းရိုး မိုင်တိုင် အမှတ် 
၄၈တွင်လည်း ခြံစည်းရိုး အပေါက်များကို ဖာထေးနေသော အင်ဂျင်နီယာနှစ်ဦး 
အလုပ်သမားနှစ်ဦးကို အမည်မသိ အဖွဲ့တစ်ဖွဲ့က ထပ်မံ တိုက်ခိုက်ခဲ့သဖြင့် 
ထွက်ပြေးခဲ့ရပြီး လုပ်ငန်းသုံးကားကို မီးရှို့ဖျက်ဆီးခဲ့သည်။
 
 ကိုးကား - 7Day News Journal
 
 
 
 
          
      
 
  
 
 
 
 
 
 
 
 
 
 
 
No comments:
Post a Comment