Thursday 21 March 2013

ဘင်္ဂလားဒေ့ရှ် ၁၁ ဦးအဖွဲ့က လက်နက်ကိုင် ၄ ဦးကို ဖမ်းမိ

ခိုင်ပြည်နယ် မောင်တောမြို့နယ်မြောက်ပိုင်း နစကနယ်မြေအမှတ် (၂) မှာ တစ်ဘက် ဘင်္ဂလားဒေ့ရှ် နိုင် ငံဖက်ကနေ ကျူးကျော် ဝင်ရောက်လာသူ ၄ ဦးကို သေနတ်တစ်လက်နဲ့ ကျည်တွေ ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

 အဲဒီ ၄ ဦးထဲမှာ ၃ ဦးကို ပြီးခဲ့တဲ့ မတ်လ ၁၉ ရက်နေ့က မောင်တောမြို့နယ် သက်ကိုင်းညာ ကျေးရွာ အနီးမှာ ဖမ်းဆီးရမိခဲ့ပြီး ကျန် ၁ ဦးကို လက်နက်၊ ကျည်ဆန်တွေနဲ့အတူ မနေ့က မတ်လ ၂၀ ရက်နေ့ မနက်ပိုင်း မှာ ဖောင်ဆိပ်ကျေးရွာအနီးမှာ ဖမ်းဆီးရမိခဲ့တာဖြစ်တယ်လို့ မင်္ဂလာညွန့် စံပြကျေးရွာ ရဲကင်းမှာတာဝန် ကျနေ တဲ့ ရဲအုပ်ဦးအေးထွန်းစိန်က RFA ကို ဒီကနေ့ အတည်ပြုပြောကြားပါတယ်။
ဒါ့အပြင် ဖမ်းမိတဲ့ သေနတ်ကတော့ လုပ်သေနတ်ဖြစ်ပြီး အရှည် ၁၅ လက်မလောက်ရှိကြောင်း၊ ကျည်ဆန်တွေက အီတလီလုပ် အပြာရောင် ၄ တောင့်နဲ့ အမေရိကန်လုပ် အနီရောင် ၂ တောင့် ဖြစ်ကြောင်း သူက ဆက်လက် ပြောကြားသွားပါတယ်။
ဖမ်းဆီးရမိတဲ့သူ ၄ ယောက်ထဲမှာ ၃ ဦးဟာ ရခိုင်ပြည်နယ်ထဲ ဘူးသီးတောင်နဲ့ ရသေ့တောင်မြို့ နယ် တွေ မှာ နေထိုင်ခဲ့ဖူးသူတွေဖြစ်ပြီး ကျန် ၁ ဦးဖြစ်တဲ့ ကာမာဆိုတဲ့သူကတော့ ဘင်္ဂလားဒေ့ရှ်နိုင် ငံ ကော့ဘဇားခ ရိုင်မှာ နေထိုင်သူဖြစ်ကြောင်း၊ ဖမ်းဆီးရမိတဲ့သူတွေကို စစ်ဆေးတွေ့ရှိချက်အရ သူတို့အဖွဲ့မှာ လူဦးရေ ၁၁ ယောက်ပါရှိပြီး ကျန် ၇ ဦးကတော့ ထွက်ပြေးလွတ်မြောက်နေဆဲ ဖြစ်တယ်လို့လည်း အဲ့ဒီရဲအရာရှိ က ပြောပါတယ်။
ဒီအဖွဲ့အနေနဲ့ ပြီးခဲ့တဲ့အပတ်က တစ်ဘက် ဘင်္ဂလားဒေ့ရှ်ကနေ ရခိုင်ပြည်နယ် ဘူးသီးတောင် နယ်ဘက်ကို ဓားပြတိုက်ဖို့အတွက် ကျူးကျော်ဝင်ရောက်လာတာဖြစ်ပြီး မြန်မာဘက်က လုံခြုံရေး တွေ တိုးမြှင့်ချထားကာ ပိုက်စိပ်တိုက်ရှာဖွေခဲ့တဲ့အတွက် အခုလို ဖမ်းဆီးရမိခဲ့ တာဖြစ်တယ်လို့လည်း အဲ့ဒီရဲအရာရှိကပြောပါတယ်။
--------------
http://www.rfa.org/burmese/news/bangladish-weapon-apprehended-03212013102437.html 

No comments:

Post a Comment