Tuesday 19 March 2013

သဲတင်ကားနှင့်ကားသမားတစ်ဦးအား ဘာဆာရာရွာ မှ ဘင်္ဂလီများသတ်ပုတ် ရိုက်နှက်မှုတစ်ရပ် ၁၈ နေ့ကဖြစ်ပွားခဲ့

စစ်တွေမြို့၊ ၀န်ကြီးများအိမ်ရာအနီးရှိ ဘာဆာရာ ဘင်္ဂလီရွာမှ ဖြတ်သန်းမောင်းနှင်သော သဲတင်ကား (တေပါ ) တစ်စီးအား မောင်းနှင်လာသူ အောင်နိုင်ကြီး(အသက်- ၃၀ ခန့်)အား ဘင်္ဂလီ ၅၀ ခန့်မှ အကြမ်းဖက် ရိုက်နှက်မှုကြောင့် ဒရိုက်ဘာဖြစ်သူ ဦး နိုင်ကြီး မှာ ထွက်ပြေးခဲ့သော်လည်း နောက်မှ လိုက် လံ ရိုက်နှက်ခြင်းကြောင့် ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ကြောင်းသိရသည်။


အလားတူ ကားအား အုတ်ခဲများဖြင့် ထုခြင်း၊ တုတ်များဖြင့် ရိုက်ခြင်းများ ကြောင့် လုံးဝပျက်စီးသွားခဲ့ ရကြောင်း သိရသည်။ ထိုကားအား ရဲများက သွားရောက် သယ်ဆောင်ခဲ့ရကြောင်းသိရသည်။ သို့သော်လည်း ထိုသတင်းအား ထုတ်ပြန်ခြင်းမရှိဘဲ ပြဿနာဖြစ်ခြင်းမဟုတ်ဟု ဖုန်းကွယ် ထားခြင်းများရှိနေဆဲဖြစ်ကြောင်းလည်းသိရသည်။
တေပါကားမှာ အ၀ါရောင်ဖြစ်ကြောင်းလည်းသိရသည်။

အဆိုပါအောင်နိုင်ကြီးမှာ ကျောင်းတက်လမ်းရပ်ကွက်တွင်နေထိုင်သူဖြစ် ပြီး ယခုအခါတွင် ဆေးကုသမှု ခံယူလျက်ရှိကြောင်းသိရသည်။

ဖြစ်စဉ်မှာ ၁၈ ရက်နေ့ နံနက် ၁၁ နာရီအချိန်ခန့်က အဆိုပါ သဲတင်ကားသည် ကမ်းခြေမှ တစ်စီးတည်းထွက် လာခြင်းဖြစ်သဖြင့် ဘင်္ဂလီများက ၀ိုင်းပြီး အကြမ်းဖက်ခြင်းဖြစ်ကြောင်းသိရသည်။

ယင်းကိစ္စအပေါ် ဒေသခံများက မကျေမနပ်ဖြစ်လျက်ရှိပြီး ထိုသို့အကြမ်းဖက်သူများကို တစ်စုံတစ်ရာ အရေး ယူခြင်းမရှိပါက ပြဿနာကြီးစွာတက်လာနိုင်ကြောင်းလည်း ဒေသခံမများက ဆိုသည်။

ထိုသို့ ဘင်္ဂလီများ ၏အကြမ်းဖက်ခြင်း၊ တိုက်ခိုက်ခြင်းများကြောင့် ၀န်ကြီး များအနေဖြင့် နေအိမ် တွင် နေထိုင်ရသည်မှာ စိုးရိမ်ရဖွယ်ရှိပြီး စစ်တွေမြို့ သူ မြို့သားများအနေဖြင့်လည်း ထိုရွာအား အရေးယူပေးရန် တောင်းဆို သွား မည်ဖြစ်ကြောင်းလည်း ပြောဆိုနေကြပါသည်။
-----------------  
RSV

No comments:

Post a Comment