By Ma May Tun
မြေပုံ ၊ ၀၃ မတ်လ ၂၀၁၃ ၊ Coral Arakan News ၊ [ သတင်း ]
 
မြေပုံမြို့တွင် ကုလားများထံမှ ကယ်ဆယ်ရေးပစ္စည်းများ ဆန်အိတ်များကို ယူလာရောင်းချရန် ကြိုးစားရာ တွင် တားဆီးခြင်းခံရသူ ရဲတပ်သားသုံးဦးသည် မြေပုံမြို့တွင်းတွင် မြို့သူမြို့သားများအား ရမယ်ရှာ ရန်စခြင်း များ လုပ်နေကြသည်ဟု ဆိုသည်။
 
မြေပုံမြို့ အမျိုးသမီးကွန်ရက် အဖွဲ့ဝင်တစ်ယောက်က “ဒီနေ့ နေ့လယ်က မြို့ထဲကို သူတို့ဝင်လာပြီးတော့ ကွမ်း ယာဆိုင်တစ်ဆိုင်မှာ (သူတို့) မူးမူးနဲ့ ပြောတယ်။ အေး ငါတို့ ကုလားတွေကို ကာကွယ်ဖို့လာတာ။ ဘာဖြစ်လဲ။ ရခိုင်ကိုလည်း မကာကွယ်ဘူး။ ဗမာ ကိုလည်း မကာကွယ်ဘူး။ ပိုက်ဆံရဖို့ အရေးကြီးတယ်။ မင်းတို့ ဘာ လုပ်ချင်သလဲ ပြော၊ လို့ ရန်စတဲ့စကားပြောပါတယ်။ နယ်ခံတွေကတော့ စကားနည်းရန်စဲ သဘောနဲ့ သူတို့ ကို ဘာမှမလုပ်ဘဲ လွှတ်ပေးလိုက်တယ်။ သုံးယောက်မှာ နှစ်ယောက်က ရဲယူနီဖောင်းဝတ်ထားပါတယ်။ သူတို့က ရခိုင်စကားနဲ့ ပြောတာပါ” ဟု Coral Arakan အားပြောကြားသည်။
 
ထိုကဲ့သို့မြို့သူမြို့သားများအ
 
( မမေထွန်း ရေးသားသည် )

No comments:
Post a Comment