အစိုးရဝန်ထမ်း အရေးယူမှုတွေပြုလုပ်ခဲ့ပါတယ်။
 ပြီးခဲ့တဲ့နှစ် ဧပြီလက စပြီး ဒီဇင်ဘာလကုန်အထိ ၉ လအတွင်းမှာ ဝန်ထမ်းပေါင်း 
၁သောင်း၇ ထောင်နီးပါးကို အရေးယူ ခဲ့တဲ့ အကြောင်း အစိုးရအဖွဲ့က 
အကြောင်းကြားစာကို အမျိုးသားလွှတ်တော် ပြည်သူများရဲ့ 
တိုင်ကြားစာနဲ့အသနားခံစာကော်မတီကိုပေးပို
ကော်မတီဥက္ကဌဦးအောင်ငြိမ်းက ဖတ်ကြားခဲ့ပါ တယ် လို့ မကွေးတိုင်း 
အမျိုးသားလွတ်တော်အမတ် ဦးလှဆွေက ဘီဘီစီကို ပြောပါတယ်၊ 
ငွေအလွဲသုံးစားလုပ်မှုအပါအဝင် ဝန်ထမ်း စည်းမျဉ်းစည်းကမ်းတွေကို ကျိုးဖေါက်သူတွေဖြစ်တယ်လို့ အစိုးရရဲ့ပေးစာထဲမှာဖေါ်ပြထားပါတယ်။ 
 စာနဲ့သတိပေးတာ ၈၁၆ ဦး
 ရာထူးတိုင်းမြင့်ရပ်ဆိုင်းတာ ၁၈၅ ဦး
 လစာလျှော့တာ ၂၅၆၆ ဦး
 ရာထူးလျှော့ချတာ ၈၉၈ ဦး
 တာဝန်ကယာယီရပ်ဆိုင်းတာ ၁၃၄ ဦး
 ရာထူးက ထုတ်ပယ်တာ ၁၇၃၈ ဦး
 ဝန်ထမ်းအဖြစ်မှထုတ်ပယ်တာ ၄၉၇၃ ဦး
 ပြည်ထဲရေးဝန်ကြီးဌာန၊ ရဲတပ်ဖွဲ့ဝင်အရေးယူတာက ၁၂၂၉ ရှိပါတယ်။ 
 ပြင်းထန်စွာပြစ်တင်ရှုတ်ချတာ ၈၇ ဦး
 ရဲအချုပ်ထောင်ဒဏ်က ၃၈ဝ ဦး
 ရဲအမှုထမ်းသက်လျှော့တာက ၆၈၉ ဦး
 မယူမနေရပင်စင်က ၂ဝ ဦး
 ပြောင်းရွေ့တာက ၅၂ ဦး
 ရဲစည်းကမ်းပျက်တာက ၁ ဦး
 ရဲအားလုံးပေါင်း ၁၂၂၉ ဖြစ်ပါတယ်။ 
 အားလုံးပေါင်းဆိုရင် ၁၆၉၅၂ ဦးကိုအရေးယူခဲ့ပါတယ်။
No comments:
Post a Comment