ရခိုင် တိုင်းရင်းသားများ ညီလာခံ ကျင်းပနိုင်ရန် ကြိုးပမ်းမည်
  ရန်ကုန်၊ ဖေဖော်ဝါရီ ၁
 
 ရခိုင်လက်နက်ကိုင် အဖွဲ့အစည်းများ အပါအဝင် ရခိုင်တိုင်းရင်းသား အားလုံး 
ပါဝင်သော ညီလာခံ တစ်ရပ် ကျင်းပ နိုင်ရန် ကြိုးပမ်း သွားမည် ဖြစ်ကြောင်း 
ရခိုင် တိုင်းရင်းသားများ တိုးတက်ရေး ပါတီ၏ အတွင်းရေးမှူး ဦးလှစောက The 
Voice Weekly သို့ ပြောကြား သည်။
 အဆိုပါ ရခိုင် တိုင်းရင်းသား ညီလာခံ ကျင်းပနိုင်ရန် အတွက် အလုပ်ရုံ ဆွေးနွေးပွဲများ ပြုလုပ်ရန် စီစဉ်ထားကြောင်း ၄င်းက ဆိုသည်။
 
 ယင်း ရခိုင် တိုင်းရင်းသားများ ညီလာခံ အကြို အလုပ်ရုံ ဆွေးနွေးပွဲ တွင် 
လက်ရှိ ရခိုင် တိုင်းရင်းသားများ ကြုံတွေ့ နေရသည့် ကျန်း မာရေး၊ ပညာရေး၊ 
လူမှုရေး အခြေအနေများ၊ ရခိုင် တိုင်းရင်းသား လူမျိုးများ အကြား ညီညွတ်ရေး 
တည်ဆောက်ရန် နှင့် ရခိုင် လက်နက်ကိုင် အဖွဲ့ အစည်းများနှင့် ပူးပေါင်း 
ဆောင်ရွက်နိုင်ရေး တို့ကို ထည့်သွင်း ဆွေးနွေး လုပ်ဆောင်မည် ဖြစ်ကြောင်း 
ဦးလှစော က ပြောကြားသည်။
 “နိုင်ငံရေး ပွင့်လင်းလာလို့ စလုပ်တာပါ။ ရခိုင်
 လက်နက်ကိုင် အဖွဲ့တွေလည်း ပါမှာပါ။ ရခိုင် လူမျိုး အင်အားစု အားလုံး 
ပါဝင်တဲ့ ညီလာခံ ဖြစ်အောင် လုပ်ရမှာပါ” ဟု ဦးလှစောက ဆိုသည်။
 
 
ရခိုင် ပြည်နယ်တွင် လက်နက်ကိုင် အဖွဲ့အစည်း ၄ဖွဲ့ ရှိပြီး လက်တလောတွင် 
ရခိုင် လွတ်မြောက်ရေး ပါတီ (ALP) နှင့် ရခိုင် တပ် မတော် (AA) တို့သည် 
ငြိမ်းချမ်းရေး ရယူထားပြီး ပြည်နယ် ကိုယ်စားပြု နိုင်ငံရေး ပါတီ 
များဖြစ်သော ရခိုင် တိုင်းရင်းသားများ တိုးတက်ရေး ပါတီ၊ ရခိုင် ဒီမိုကရေစီ 
အဖွဲ့ချုပ်၊ အမျိုးသား အင်အားစု ပါတီ (ပြည်ထောင်စု မြန်မာနိုင်ငံ) ပါတီများ
 ရှိကြောင်း ရခိုင် တိုင်းရင်းသား နိုင်ငံရေး ပါတီများ နှင့် ရခိုင် အဖွဲ့ 
အစည်းများ ထံမှ စုံစမ်း သိရှိရသည်။
 
 ရခိုင် လက်နက်ကိုင် 
အဖွဲ့အစည်းများ ပါဝင်သည့် ရခိုင် တိုင်းရင်းသားများ ညီလာခံ အကြို အလုပ်ရုံ 
ဆွေးနွေးပွဲကို ပြီးခဲ့သည့် ဇန်နဝါရီလ ၁၂ရက်နေ့က ကျင်းပ ပြုလုပ် ခဲ့သည်။
 
 
 
 
          
      
 
  
 
 
 
 
 
 
 
 
 
 
 
No comments:
Post a Comment