ယနေ့ နေ့လည်တွင် ရန်ကုန်မြို့၊ သာကေတမြို့နယ်၊ အမှတ်(၃)ရပ်ကွက်၊ မာန်ပြေ(၁၉)လမ်း အနောက်ရှိ အဆောက်အဦးတစ်ခုအား ရပ်ကွက်နေပြည်သူများမှ သဘောမတူသောကြာင့် မွန်းလွဲ၂နာရီမှ ၆နာရီ အတွင်း တာဝန်ရှိသူများက ဖျက်ဆီးလိုက်ကြကြောင်း ယင်းအဆောက်အဦး၏ ဂေါပကဥက္ကဌ ဦးလှရွှေ က မြန်မာ့ခေတ်သို့ ပြောကြားသည်။
အဆိုပါအဆောက်အဦးအား ဆောက်လုပ်ရာတွင် 
စည်ပင်ဌာန၏ ခွင့်ပြုချက်ဖြင့်လွဲနေခြင်း၊ ဘာသာရေး စာ သင်ကြောင်းအဖြစ် 
ပြင်ဆင်သော်လည်း ဝတ်ပြုကျောင်းအဖြစ် အသုံးပြုခြင်းစသော အချက်များကြောင့် 
ရပ် ကွက်နေပြည်သူများက အပြင်းအထန် ကန့်ကွက်ကြခြင်း ဖြစ်သည်ဟု သာကေတမြို့နယ် 
NLDမှ တာဝန် ရှိ သူတစ်ဦးက ပြောကြားသည်။ ယင်းအဆောက်အဦး ယခုကဲ့သို့ 
ဖြစ်လာခြင်းသည် အနီးရှိ ရပ်ကွက်နေသူများ ပင် သတိမထားလိုက်မိကြောင်း 
အမိုးပြင်သည်ဟု သိကြသော်လည်း အသင့်ပြုလုပ်ပြီး သံချည်သံကွေး ပစ္စည်းများအား 
အဆောက်အဦးအောက်၌ စနစ်တကျ သိုလှောင်သိမ်းစည်း၍ ဆောက်လုပ်နေကြကြောင်း 
၊ညပိုင်း၌ပင် ဆောက်လုပ်ကြခြင်းဖြစ်၍ စည်ပင်မှ 
အမိုးပြင်ရုံသာခွင့်ပြုသော်လည်း
 ၎င်းအဆောက်အဦးအား 
သာသနာရေးဝန်ကြီး ဌာနမှ ၁၃.၂.၂၀၀၁ တွင် စာအမှတ် ၁၀၀.၆.၄/
 ထိုအဆောက်အဦးအား 
မဆောက်လုပ်ရန် စစ်အစိုးရလက်ထက်ကပင် အကြိမ်ကြိမ် ကန့်ကွက် ခဲ့ကြကြောင်း၊ 
ဗိုလ်ချုပ်ခင်ညွန့် လက်ထက်ကပင် ချိပ်ပိတ်ထားသော အဆောက်ဦးဖြစ်ကြောင်း၊ 
သို့သော် နောက်ပိုင်းတွင် မည်သို့ပြန်လည် 
ခွင့်ပြုလိုက်ခြင်းဖြစ်ကြောင်းကို မသိကြကြောင်း ထိုအဆောက် အဦးအား 
ကန့်ကွက်ခဲ့ကြသူများထံမှ သိရသည်။ 
၎င်းအဆောက်အဦးတွင် 
ကျောင်းသား၊ကျောင်းသူကလေးများ ဆယ်ဦးခန့်စာသင်ကြားလျက်ရှိသည်ဟ
ထိုသို့ကန့်ကွက်မှုများသည် ယနေ့နေ့လည် ၁၁နာရီခန့်တွင်စတင် 
ဖြစ်ပွားခဲ့ပြီး နေ့လည်၂နာရီမှစတင်၍ အဆောက်အဦးအား မြို့ယ်နယ်၊ ခရိုင်၊ 
တိုင်းရဲမှူးများ၏ရှေ့မှောက်တွင် စည်ပင်ဝန်ထမ်းများက ဖျက်သိမ်း လိုက်ရာ 
ညနေ၆နာရီတွင် ပြီးစီးသွားကြာင်း သိရသည်။ 
 
အောင်သိုက် ဓာတ်ပုံ - သီဟ
NEW BY: The Myanma Age
အောင်သိုက် ဓာတ်ပုံ - သီဟ
NEW BY: The Myanma Age
 

 
No comments:
Post a Comment