Wednesday 23 January 2013

စစ်တွေမှ ဟင်းသီးဟင်းရွက် များတွင် အဆိပ်တွေ့၍ ရဟန်းတော်အဖွဲ့က ပြည်နယ် အစိုးရကိုတင်ပြ

ရခိုင်ပြည်နယ် စစ်တွေမြို့သို့ နယ်မှ တင်သွင်းနေသော ဟင်းသီးဟင်းသီးများတွင် အဆိပ်များ ပါဝင်နေသဖြင့် စစ်ဆေး ဆောင်ရွက်ရန် ရဟန်းတော်များက ပြည်နယ် အစိုးရ အဖွဲ့ကို ယနေ့တွင် တင်ပြ တောင်းဆိုခဲ့သည်ဟု ရဟန်းတော်များ စည်းကမ်း ထိန်းသိမ်းရေး အဖွဲ့ အတွင်းရေးမှူး ဦးကေသာရက ပြောသည်။

“ ဦးဇင်းတို့က အဆိပ်တွေ ပါနေတဲ့ ဘူးသီးတွေကို လူကြီးတွေဆီကို ယူသွားတယ်။ သူတို့ကို တင်ပြတယ်။ ဒီမှာကြည့်ကြပါ။ လက်တွေ့ပြပြီး ဘူးသီးတွေမှာ အဆိပ်ပါနေတယ်ဆိုတာကို သူတို့ကို တင်ပြခဲ့ပါတယ်” ဟု ဦးကေသာရက ပြောသည်။

သွားရောက်တင်ပြခဲ့ကြသော ရဟန်းတော်များ အထဲတွင် စည်းကမ်းထိန်းသိမ်းရေး အဖွဲ့မှ ဥက္ကဌ ဦးဥာဏ၊ အတွင်းရေးမှူး ဦးကေသာရ၊ အရှင် ဦးဓမ္မဓဇ၊ အရှင် ပညာဓဇ စသည့် ရဟန်းတော် (၅) ပါး ပါဝင်သည်ဟု ဆိုသည်။

“ ဦးဇင်းတို့ဆီက ရဟန်း ၅ ပါး ပါဝင်တယ်။ အစိုးရဘက်ကတော့ နယ်စပ်ရေးရာနှင့် လုံခြုံရေး ၀န်ကြီး ဗိုလ်မှူးကြီး ထိန်လင်း ပါတယ်။ ပြည်နယ် ရဲမှူးကြီးလည်း ပါတယ်။ အထွေထွေ အုပ်ချုပ်ရေးမှူးလည်း ပါတယ်” ဟု ဆိုသည်။

ယခုကဲ့သို့ ပြည်နယ် အစိုးရ အဖွဲ့မှ လူကြီးများကို တင်ပြရခြင်းမှာ အာဏာပိုင်များဘက်မှ အရေးယူ ဆောင်ရွက်ရန် ပျက်ကွက်နေ၍ ဖြစ်ကြောင်း ဦးဇင်းက ဆိုသည်။

“ စစ်တွေမှာ သဲချောင်းဘက်က ၀င်လာတဲ့ ဟင်းသီးဟင်းရွက်တွေမှာ အဆိပ်တွေ ပါနေတဲ့ အတွက် ရဟန်းတော်တွေက မနက်တိုင်း စစ်တွေကို ၀င်လာတဲ့ ဟင်းသီးဟင်းရွက်တွေကို စစ်ဆေးတယ်။ ဒါကို ရဲအဖွဲ့က ရဟန်းတော်တွေ လုပ်စရာ မလိုဘူး။ သူတို့ဘဲ လုပ်ပါမယ်လို့ ပြောတယ်။ အခုကျတော့ ဟင်းသီးဟင်းရွက်တွေမှာ အဆိပ်တွေ ထက်တွေ့ရတယ်။ အထူးသဖြင့် ဘူးသီးတို့၊ ဖရဲသီးတို့မှာ ပါလာတယ်။ ဒါကြောင့် အာဏာပိုင်တွေကို ပိုပြီး အရေးစိုက်ပြီး လုပ်ဆောင်နိုင်အောင် တင်ပြရတာ ဖြစ်ပါတယ်” ဟု ပြောသည်။

အာဏာပိုင်များက အဆိပ်ပါသည်ဟု တင်ပြထားသော ဘူးသီးများကို လက်ခံ ယူထားလိုက်ပြီး ရန်ကုန်သို့ ပို့ကာ ဓါတ်ခွဲစမ်းသပ်သွားမည် ဟု သိရသည်။

ယမန်နေ့ကလည်း စစ်တွေမြို့မှ ဘူးသီးကြော်ဆိုင် တစ်ခုတွင် ဘူးသီးကြော်နေစဉ် ဘူးသီးကြော်များ ညိုစိမ်းသွားသဖြင့် အဆိုပါ ဘူးသီးကြော်များကို သက်ဆိုင်ရာသို့ စစ်ဆေးရန် ပို့ပေးခဲ့သည်ဟု ရတပ ပါတီ အတွင်းရေးမှူး အဖွဲ့ဝင် ဦးခိုင်ပြည်စိုးက ပြောသည်။

“ အဆိပ်ပါတဲ့ ဘူးသီးကြော်တွေကို ဆိုင်ရှင်က ကျွန်တော်ကို လာပေးတဲ့ အတွက် ကျွန်တော် သိမ်းထား ပါတယ်။ ဒါကို ဒီကနေ့ ပြည်နယ် အစိုးရ အဖွဲ့ဝင် လူကြီးတွေကို တင်ပြသွားပါမယ်” ဟု ဆိုသည်။

စစ်တွေမြို့ စစ်တွေမြို့ ရွာကြီးမြောက်ရပ်ကွက် ( ဒုံးတိုက်ကွင်း ) မောင်မဲ ( ဘ) ဦးမောင်လှဝင်း သည် (၂၁ ) ရက် မေယူဈေးမှ ၀ယ်လာသော ဖရဲသီး ခွဲစားရာမီ အဆိပ်မိ၍ ဆေးရုံ တင်ပို့ခဲ့ရသည်ဟု သိရသည်။

ယခုကဲ့သို့ စစ်တွေတွင် ဟင်းသီးဟင်းရွက်များတွင် အဆိပ်ခတ်မူများ ရှိနေသဖြင့် ယခုအခါ ဟင်းသီး ဟင်းရွက်ကို ၀ယ်ယူစားသုံးရန် ဒေသခံများ အကြား စိုးရိမ်စိတ်များ တိုးပွားနေကြသည်ဟု သိရသည်။

ရခိုင်ပြည်နယ် စစ်တွေမြို့သို့ နယ်မှ တင်သွင်းနေသော ဟင်းသီးဟင်း သီးများတွင် အဆိပ်များ ပါဝင်နေသဖြင့် စစ်ဆေး ဆောင်ရွက်ရန် ရဟန်းတော် များက ပြည်နယ် အစိုးရ အဖွဲ့ကို ယနေ့ တွင် တင်ပြ တောင်းဆိုခဲ့သည်ဟု ရ ဟန်းတော်များ စည်းကမ်း ထိန်း သိမ်းရေး အဖွဲ့ အတွင်းရေးမှူး ဦးကေ သာရက ပြောသည်။

“ ဦးဇင်းတို့က အဆိပ်တွေ ပါနေတဲ့ ဘူးသီးတွေကို လူကြီးတွေဆီကို ယူသွားတယ်။ သူတို့ကို တင်ပြတယ်။ ဒီမှာကြည့်ကြပါ။ လက်တွေ့ပြပြီး ဘူးသီးတွေမှာ အဆိပ်ပါနေတယ်ဆိုတာကို သူတို့ကို တင်ပြခဲ့ပါတယ်” ဟု ဦးကေသာရက ပြောသည်။

သွားရောက်တင်ပြခဲ့ကြသော ရဟန်းတော်များ အထဲတွင် စည်းကမ်းထိန်းသိမ်းရေး အဖွဲ့မှ ဥက္ကဌ ဦးဥာဏ၊ အတွင်းရေးမှူး ဦးကေသာရ၊ အရှင် ဦးဓမ္မဓဇ၊ အရှင် ပညာဓဇ စသည့် ရဟန်းတော် (၅) ပါး ပါဝင်သည်ဟု ဆိုသည်။

“ ဦးဇင်းတို့ဆီက ရဟန်း ၅ ပါး ပါဝင်တယ်။ အစိုးရဘက်ကတော့ နယ်စပ်ရေးရာနှင့် လုံခြုံရေး ၀န်ကြီး ဗိုလ်မှူးကြီး ထိန်လင်း ပါတယ်။ ပြည်နယ် ရဲမှူးကြီးလည်း ပါတယ်။ အထွေထွေ အုပ်ချုပ်ရေးမှူးလည်း ပါတယ်” ဟု ဆိုသည်။

ယခုကဲ့သို့ ပြည်နယ် အစိုးရ အဖွဲ့မှ လူကြီးများကို တင်ပြရခြင်းမှာ အာဏာပိုင်များဘက်မှ အရေးယူ ဆောင်ရွက်ရန် ပျက်ကွက်နေ၍ ဖြစ်ကြောင်း ဦးဇင်းက ဆိုသည်။

“ စစ်တွေမှာ သဲချောင်းဘက်က ၀င်လာတဲ့ ဟင်းသီးဟင်းရွက်တွေမှာ အဆိပ်တွေ ပါနေတဲ့ အတွက် ရဟန်းတော်တွေက မနက်တိုင်း စစ်တွေကို ၀င်လာတဲ့ ဟင်းသီးဟင်းရွက်တွေကို စစ်ဆေးတယ်။ ဒါကို ရဲအဖွဲ့က ရဟန်းတော်တွေ လုပ်စရာ မလိုဘူး။ သူတို့ဘဲ လုပ်ပါမယ်လို့ ပြောတယ်။ အခုကျတော့ ဟင်းသီးဟင်းရွက်တွေမှာ အဆိပ်တွေ ထက်တွေ့ရတယ်။ အထူးသဖြင့် ဘူးသီးတို့၊ ဖရဲသီးတို့မှာ ပါလာတယ်။ ဒါကြောင့် အာဏာပိုင်တွေကို ပိုပြီး အရေးစိုက်ပြီး လုပ်ဆောင်နိုင်အောင် တင်ပြရတာ ဖြစ်ပါတယ်” ဟု ပြောသည်။

အာဏာပိုင်များက အဆိပ်ပါသည်ဟု တင်ပြထားသော ဘူးသီးများကို လက်ခံ ယူထားလိုက်ပြီး ရန်ကုန်သို့ ပို့ကာ ဓါတ်ခွဲစမ်းသပ်သွားမည် ဟု သိရသည်။

ယမန်နေ့ကလည်း စစ်တွေမြို့မှ ဘူးသီးကြော်ဆိုင် တစ်ခုတွင် ဘူးသီးကြော်နေစဉ် ဘူးသီးကြော်များ ညိုစိမ်းသွားသဖြင့် အဆိုပါ ဘူးသီးကြော်များကို သက်ဆိုင်ရာသို့ စစ်ဆေးရန် ပို့ပေးခဲ့သည်ဟု ရတပ ပါတီ အတွင်းရေးမှူး အဖွဲ့ဝင် ဦးခိုင်ပြည်စိုးက ပြောသည်။

“ အဆိပ်ပါတဲ့ ဘူးသီးကြော်တွေကို ဆိုင်ရှင်က ကျွန်တော်ကို လာပေးတဲ့ အတွက် ကျွန်တော် သိမ်းထား ပါတယ်။ ဒါကို ဒီကနေ့ ပြည်နယ် အစိုးရ အဖွဲ့ဝင် လူကြီးတွေကို တင်ပြသွားပါမယ်” ဟု ဆိုသည်။

စစ်တွေမြို့ စစ်တွေမြို့ ရွာကြီးမြောက်ရပ်ကွက် ( ဒုံးတိုက်ကွင်း ) မောင်မဲ ( ဘ) ဦးမောင်လှဝင်း သည် (၂၁ ) ရက် မေယူဈေးမှ ၀ယ်လာသော ဖရဲသီး ခွဲစားရာမီ အဆိပ်မိ၍ ဆေးရုံ တင်ပို့ခဲ့ရသည်ဟု သိရသည်။

ယခုကဲ့သို့ စစ်တွေတွင် ဟင်းသီးဟင်းရွက်များတွင် အဆိပ်ခတ်မူများ ရှိနေသဖြင့် ယခုအခါ ဟင်းသီး ဟင်းရွက်ကို ၀ယ်ယူစားသုံးရန် ဒေသခံများ အကြား စိုးရိမ်စိတ်များ တိုးပွားနေကြသည်ဟု သိရသည်။

No comments:

Post a Comment