Sunday, 18 November 2012

မြောက်ဦးမြို့နယ်ရဲတပ်ဖွဲ့မှ ရခိုင်လူမျိုး (၁၂)ဦးကိုလူသတ်မှုကြောင့် ဖမ်းဆီးထားသည်ဟုဆို

မြောက်ဦးမြို့နယ်ရဲတပ်ဖွဲ့မှ ရခိုင်လူမျိုး (၁၂)ဦးကိုလူသတ်မှုကြောင့် ဖမ်းဆီးထားသည်ဟုဆို

November 18, 2012Home, သတင်း 

ရခိုင်ပြည်နယ် တကျော့ပြန်  ဆူပူအကြမ်းဖက်မှုဖြစ်ပွားပြီး နောက် နိုဝင်ဘာ(၂၁)ရက်တွင်  မြောက်ဦးမြို့ အောင်တပ်ရပ်ကွက်  တွင် နေထိုင်သော ဆန်ကုန်သည်   ဦးကျော်ဇောဖြူ သေဆုံးသည့်  ကိစ္စနှင့်ပတ်သက်၍ မြောက်ဦးမြို့ ရှိ ရခိုင်(၁၂)ယောက်အား စွပ်စွဲ  ဖမ်းဆီးလိုက်ကြောင်း ဒေသခံများ နှင့် ဖမ်းဆီးခံလိုက်ရသူ၏ ဆွေမျိုး   များပြောပြချက်အရသိရသည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်  ပြီးမြောက်ဦးဒေသခံများပြောဆို  နေကြသည်မှာ ““အဲဒီနေ့က (၂၁. ၁၀.၂၀၁၂)က သေဆုံးသွားတဲ့   ကိုကျော်ဇောဖြူကို မြောက်ဦးမြို့   သားတွေက ဘင်္ဂါလီတွေကို ဆန်ပို့ရောင်းချနေတာကို ရပ်တန့်ဖို့ အတွက် ထောင်ချီတဲ့လူအုပ်ကြီး နဲ့သွားတားကြတယ်၊အဲလို သွား တားတဲ့အချိန်မှာ ကိုကျော်ဇောဖြူ   က သူ့ဆီကို လူတွေအများကြီး  လာတာတွေ့တော့ အိမ်ပေါ်က   ဆင်းပြီးတော့ ဓားနဲ့ရမ်းတယ်။ အနားမှာရှိတဲ့ လူနှစ်ယောက်ကို ထိသွားတော့ လူအပ်ကဒေါသ ထွက်ပြီး ၀ိုင်းဝန်းရိုက်နှက်လိုက် တော့ လက်လွန်ပြီးသေသွားတယ်၊  အဲဒီလိုဖြစ်နေတဲ့ အချိန်မှာ လုံထိန်း  ရဲတပ်ရင်းက ရဲဘော်တွေ၊မြို့နယ် ရဲတွေ အကုန်လုံးရှိပါတယ်၊ အဲဒီ နေ့ ညနေမှာပဲ (ဦးသိန်းဆွေ၊ဦး အောင်ကျော်၊ကိုအောင်အောင်၊  ကိုမောင်ကြီး၊ကိုမောင်ညွှန့်လှိုင်) အပါဝင် လူ(၁၂)ယောက်ကို မြောက်ဦးမြို့နယ်ရဲတွေက လာ  ဖမ်းသွားပါတယ်။ နောက်တစ်နေ့ မှာ (၈)ယောက်ပြန်လွတ်ပေးတယ်    လို့ကြားပါတယ်၊အခုတော့ လွတ် ပေးတဲ့(၈)ယောက်ထဲက ငါး ယောက်ကိုပြန်ဖမ်းထားတယ်လို့  သိရပါတယ်ဟု မြောက်ဦးဒေသခံ တစ်ဦးကပြောသည်။
ယခုလက်ရှိ ဖမ်းဆီးခံထား ရသည့် သူများထဲက ဆွေမျိုးတော် စပ်သူတစ်ဦးကပြောဆိုရာ ““ကျွန်မ တို့ အခုထိထောင်ဝင်စာ မတွေ့ ရဘူးဖမ်းထားတဲ့ အထဲက ပြန်  လွှတ်ပေးလိုက်တဲ့သူတွေပြောပြ တာတွေက၊ကိုကျော်ဇောဖြူကို သတ်ပါတယ်လို့ ၀န်မခံမချင်း ရိုက်နှက်နေတယ်လို့ပြောပြပါတယ်။  တကယ်သတ်ခဲ့ရင်တောင်မှ ဥပဒေ  နဲ့အညီဆောင်ရွက်စေချင်ပါတယ်”” ဟု ဖမ်းဆီးခံရသူ ဦးသိန်းဆွေ  ၏ အမျိုးသမီး ဒေါ်ခင်လှယဉ်က ပြောဆိုသည်။
ယင်းအမှုအခင်းနှင့်ပတ်သက်  ပြီး မြောက်ဦးမြို့နယ်ရဲစခန်းသို့  သတင်းထောင်(၂၀)ခန့်သွား ရောက်ဆက်သွယ်စုံစမ်းသည့်အခါ  မြောက်ဦးမြို့နယ်စခန်းမှူးမှာ ပြင်ပဧည့်သည်များအပြင် မီဒီယာ  များကိုပါ လက်ခံတွေ့ဆုံခြင်းမရှိ   သဖြင့် မတွေ့ဆုံခဲ့ရသော်လည်း  မြောက်ဦးမြို့နယ်ရှိ ရပ်မိရပ်ဖများ  က အဆိုပါဖြစ်ရပ်မှာ ဟုတ်မှန် ကြောင်းပြောဆိုခဲ့သည်။ 

မျိုးမြင့်ဇော်

အေးချမ်းမွန်မှ  The Hot News တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :The Hot News

November 18, 2012
ရခိုင်ပြည်နယ် တကျော့ပြန် ဆူပူအကြမ်းဖက်မှုဖြစ်ပွားပြီး နောက် နိုဝင်ဘာ(၂၁)ရက် တွင် မြောက်ဦးမြို့ အောင်တပ်ရပ်ကွက် တွင် နေထိုင်သော ဆန်ကုန်သည် ဦးကျော်ဇောဖြူ သေဆုံးသည့် ကိစ္စနှင့်ပတ်သက်၍ မြောက်ဦးမြို့ ရှိ ရခိုင်(၁၂)ယောက်အား စွပ်စွဲ ဖမ်းဆီးလိုက်ကြောင်း ဒေသခံများ နှင့် ဖမ်းဆီးခံလိုက်ရသူ၏ ဆွေမျိုး များပြောပြချက်အရသိရသည်။


အဆိုပါဖြစ်စဉ်နှင့်ပတ်သက် ပြီးမြောက်ဦးဒေသခံများပြောဆို နေကြသည်မှာ ““အဲဒီနေ့က (၂၁. ၁၀.၂၀၁၂) က သေဆုံးသွားတဲ့ ကိုကျော်ဇောဖြူကို မြောက်ဦးမြို့ သားတွေက ဘင်္ဂါလီတွေကို ဆန်ပို့ရောင်းချနေတာကို ရပ်တန့်ဖို့ အတွက် ထောင်ချီတဲ့လူအုပ်ကြီး နဲ့သွားတားကြတယ်၊အဲလို သွား တားတဲ့အချိန်မှာ ကိုကျော်ဇြော ဖူ က သူ့ဆီကို လူတွေအများကြီး လာတာတွေ့တော့ အိမ်ပေါ်က ဆင်းပြီးတော့ ဓားနဲ့ရမ်းတယ်။ 

အနားမှာရှိတဲ့ လူနှစ်ယောက်ကို ထိသွားတော့ လူအပ်ကဒေါသ ထွက်ပြီး ၀ိုင်းဝန်းရိုက်နှက်လိုက် တော့ လက်လွန်ပြီးသေသွားတယ်၊ အဲဒီလိုဖြစ်နေတဲ့ အချိန်မှာ လုံထိန်း ရဲတပ်ရင်းက ရဲဘော်တွေ၊မြို့နယ် ရဲတွေ အကုန်လုံးရှိပါတယ်၊ အဲဒီ နေ့ ညနေမှာပဲ (ဦးသိန်းဆွေ၊ဦး အောင်ကျော်၊ကိုအောင်အောင်၊ ကိုမောင်ကြီး ၊ကိုမောင်ညွှန့်လှိုင်) အပါဝင် လူ(၁၂)ယောက်ကို မြောက်ဦးမြို့နယ်ရဲတွေက လာ ဖမ်းသွားပါ တယ်။ နောက် တစ်နေ့ မှာ (၈)ယောက်ပြန်လွတ်ပေးတယ် လို့ကြားပါတယ်၊အခုတော့ လွတ် ပေးတဲ့(၈)ယောက်ထဲက ငါး ယောက်ကိုပြန်ဖမ်းထားတယ်လို့ သိရပါတယ်ဟု မြောက်ဦးဒေသခံ တစ်ဦးကပြောသည်။

ယခုလက်ရှိ ဖမ်းဆီးခံထား ရသည့် သူများထဲက ဆွေမျိုးတော် စပ်သူတစ်ဦးကပြောဆိုရာ ““ကျွန်မ တို့ အခုထိထောင်ဝင်စာ မတွေ့ ရဘူးဖမ်းထားတဲ့ အထဲက ပြန် လွှတ်ပေးလိုက်တဲ့သူတွေပြောပြ တာတွေက ၊ကိုကျော်ဇောဖြူကို သတ်ပါတယ်လို့ ၀န်မခံမချင်း ရိုက်နှက်နေတယ်လို့ပြောပြပါတယ်။ တကယ်သတ်ခဲ့ ရင်တောင်မှ ဥပဒေ နဲ့အညီဆောင်ရွက်စေချင်ပါတယ်”” ဟု ဖမ်းဆီးခံရသူ ဦးသိန်းဆွေ ၏ အမျိုးသ မီး ဒေါ်ခင်လှယဉ်က ပြောဆိုသည်။

ယင်းအမှုအခင်းနှင့်ပတ်သက် ပြီး မြောက်ဦးမြို့နယ်ရဲစခန်းသို့ သတင်းထောင်(၂၀)ခန့် သွား ရောက် ဆက်သွယ် စုံစမ်းသည့်အခါ မြောက်ဦးမြို့နယ်စခန်းမှူးမှာ ပြင်ပဧည့်သည်များအပြင် မီဒီယာ များကိုပါ လက်ခံတွေ့ဆုံခြင်းမရှိ သဖြင့် မတွေ့ဆုံခဲ့ရသော်လည်း မြောက်ဦးမြို့နယ်ရှိ ရပ်မိရပ်ဖများ က အဆိုပါဖြစ် ရပ်မှာ ဟုတ်မှန် ကြောင်းပြောဆိုခဲ့သည်။

မျိုးမြင့်ဇော်

အေးချမ်းမွန်မှ The Hot News တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :The Hot News

No comments:

Post a Comment