မေသင်္ကြန်ဟိန်(မြစ်မခ)
by Myit Makha Mediagroup on 19 Nov, 2012
by Myit Makha Mediagroup on 19 Nov, 2012
ယနေ့နံနက် ၉နာရီ ၃၆ မိနစ်၊ နိုဝင်ဘာ ၁၉၊ ၂၀၁၂ ရက်နေ့တွင် အမေရိကန်သမ္မတ အိုဘားမား မြန် မာနိုင်ငံ အပြည်ပြည်ဆိုင်ရာလေဆိပ်ကို ရောက်ရှိသည်။
အမေရိကန်သမ္မတအိုဘားမားအား
ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဒုတိယ သမ္မတ ဦးဥာဏ် ထွန်းနှင့်
နိုင်ငံခြားရေးဝန်ကြီးဋ္ဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်က ကြိုဆိုခဲ့ကြသည်။
အဖြူအစိမ်းဝတ်
ကျောင်းသူကျောင်းသား ၂၀၀ ၀န်းကျင်ခန့်ကလည်း လေဆိပ်အတွင်းလမ်းတလျှောက် တွင်
မြန်မာနိုင်ငံအလံနှင့် အမေရိကန်နိုင်ငံအလံတို့ကို ကိုင်ထားကြပြီး
စောင့်ကြိုလျက်ရှိပြီး အမေရိကန် သမ္မတကြီး ကျန်းမာပါစေ၊ နှစ်နိုင်ငံ ချစ်ကြည်ရေး ခိုင်မြဲပါစေ ဟု မြန်မာဘာသာစ ကားဖြင့် ကြွေးကြော် လျက် ကြိုဆိုခဲ့ကြသည်။
အိုဘားမားပုံပါသော
တီရှပ်နှင့် ဒေါ်စုပုံပါသော တီရှပ် အကျီာင်္တို့ကို ၀တ်ဆင်လျက်သော NLD
ပါတီဝင် များ၊ အမေရိကန်အ လံနှင့်မြန် မာပြည်အလံကိုင်ဆောင်ထားသော ကျောင်းသူ
ကျောင်းသားများက လည်း လေဆိပ်ဝင်းအတွင်းနှင့်အပြင် တွင် နေရာယူကြပြီး
ကြိုဆိုလျက်ရှိသည်။
လေဆိပ်မှ
ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်သို့ သွားရာလမ်းတလျှောက် ပြည်သူအများ ကလည်း
နှစ်နိုင် ငံအလံတော်များကို ကိုင်ဆောင်ပြီး ကြိုဆို
ဝှေ့ယမ်းနှုတ်ဆက်ခဲ့ကြသည်။
အိုဘားမားသည်
ရန်ကုန်တိုင်းဒေသကြီးသို့ နံနက် ၁၀ နာရီ ကျော်ခန့်တွင် ရောက်ရှိခဲ့ပြီး
နိုင်ငံတော် သမ္မတဦးသိန်းစိန်နှင့်တွေ့ဆုံခဲ့သည်။
အမေရိကန်သမ္မတ
အိုဘားမားသည် ယမန်နေ့က ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ကျင်းပခဲ့သော
သတင်းစာ ရှင်းလင်းပွဲတွင် မြန်မာပြည် ခရီးစဉ်သည် အစိုးရအတွက်
လာခြင်းမဟုတ်ဘဲ၊ မြန်မာ့ ဒီမိုကရေး ကို အသိအမှတ်ပြုရန် အတွက်သာ ဖြစ်ကြောင်း
ပြောကြားခဲ့သည်။
`လက်ရှိမြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲရေးနဲ့ ဒီမိုကရေစီရေးကို ယုံမှားသံသယဖြစ်ဖွယ်ရှိတယ်လို့
ကျနော် မထင်ပါဘူး` ဟု သမ္မတ အိုဘားမားက နိုဝင်ဘာလ ၁၈ ရက်နေ့
ဘန်ကောက်တွင်ပြုလုပ်ကျင်းပသော သ တင်းစာရှင်းလင်းပွဲ တွင် ပြောကြားခဲ့သည်။
မြန်မာနိုင်ငံသို့
အမေရိကန် သမ္မတ အိုမားဘားလာရောက်မည့် ကိစ္စရပ်မှာ အိပ်မက်အလား
ထင်ယောင်များ မိကြောင်း အသက် ၅၅ နှစ်အရွယ် ဒေါ်ခင်ဝင်းက ပြောသည်။
`ထင်ထောင်
ထင်မထားပါဘူး၊ ခုလို ကျမတို့ တိုင်းပြည်ကိုလာတဲ့အတွက် ၀မ်းသာ ဂုဏ်ယူမိတယ်။
အိုဘားမား လာပြီးရင်တော့ ကျမတို့ တိုင်းပြည် ဖွံ့ဖြိုးရေး အတွက် အကူအညီတွေ
ရလိမ့်မယ် လို့ မျှော်လင့်ပါတယ်` ဟု ကမာရွတ်မြို့နယ်တွင်နေထိုင်သော
အိမ်ရှင်မ တဦးဖြစ်သည့် ဒေါ်ခင် ၀င်းက ပြောသည်။
သူမ
အနေဖြင့် သမ္မတအိုဘားမားကို နှစ်သက်အားပေးသူ ဖြစ်ကြောင်း၊ သမ္မတအိုဘားမား၏
စကားပြော ဟန်နှင့် အ၀တ်အစားသ ပ်သပ်ရပ်ရပ် ၀တ်တတ်ပုံကို
နှစ်သက်အားကျခြင်းဖြစ်ကြောင်း ပြောသည်။
သမ္မတအိုဘားမားသည်
လွှတ်တော်တွင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် တွေ့ဆုံပြီးနောက် NLD
ပါတီ မှ ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ (၇)
ဦးတို့နှင့်လည်း ဆက် လျက်တွေ့ ဆုံသွားမည် ဖြစ်သည်။
ထို့ပြင် နေ့လည် ၂နာရီတွင်လည်း ရန်ကုန်တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမ တွင် မိန့်ခွန်းပြောကြား မည် ဖြစ်သည်။
http://myitmakhamediagroup.com/detail.php?newid=3173
No comments:
Post a Comment