|  အိန္ဒိယနိုင်ငံသို့ အလည်အပတ် ရောက်ရှိနေသော 
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည်က NDTV သတင်းဌာနနှင့်
 အင်တာဗျူးတွင် ရခိုင်အရေး၌ ဘက်မလိုက် ရပ်တည်ခဲ့မှုနှင့် ပတ် သက်ပြီး 
ရှင်းလင်းဖြေကြားသွားခဲ့သည်။
 
 
 ရိုဟင်ဂျာများဘက်မှ ရပ်တည်မပေးခဲ့ဟု ဝေဖန်ခဲ့မှုများနှင့် ပတ်သက်ပြီး 
မေးမြန်းခဲ့ရာ တွင် ဒေါ်အောင်ဆန်း စုကြည်က ပြန်လည်ဖြေရှင်းခဲ့ခြင်းဖြစ်ပြီး 
''အကြမ်းဖက်မှုတွေဟာ နှစ်ဖက်စလုံးက ကျူးလွန်ခဲ့တယ်ဆိုတာ မမေ့ပါနဲ့။ 
ဒါကြောင့် ကျွန်မအနေနဲ့ ဘယ်ဘက်ကမှ မရပ်တာကို လိုလားပါတယ်။ ပြန်လည် 
ရင်ကြားစေ့ရေး အတွက် လုပ်ဆောင်လိုတာကြောင့်လည်း ပါပါတယ်'' ဟု ဖြေကြားခဲ့သည်။
 
 ''နယ်စပ်ကနေ တရားမ၀င် ခိုးဝင်မှုတွေကလည်း အခုထိ အမြောက်အများ 
ရှိနေတယ်မဟုတ်လား။ ဒါကို ကျွန်မတို့ ရပ်တန့်ရပါမယ်၊ ဒါမှမဟုတ်ရင် ဒီပြဿနာ 
ဘယ်တော့မှ အဆုံးသတ်မှာ မဟုတ်ပါဘူး။ ဘင်္ဂ လားဒေ့ရှ်ကလည်း ပြောမယ်။ ဒီလူတွေက 
မြန်မာပြည်က လာတာ။ မြန်မာပြည်ကလူတွေက လည်း ပြောမယ် ဒီလူတွေက 
ဘင်္ဂလားဒေ့ရှ်ကလာတာလို့လေ'' ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြား ခဲ့သည်။
 
 ယခုဖြစ်စဉ်သည် မြန်မာနိုင်ငံ တစ်ခုတည်းနှင့်သာ သက်ဆိုင်သည့် 
နယ်ခြားပြဿနာဟု အများစုက ထင်မြင်နေကြသော်လည်း တစ်ကယ်တမ်းတွင် 
ဘင်္ဂလားဒေ့ရှ်နှင့်ပါ ဆိုင်ကြောင်း ဒေါ်အောင်ဆန်းစုကြည် က သုံးသပ်ခဲ့သည်။
 
 ''ဒါဟာ ကြီးကျယ်တဲ့ နိုင်ငံတကာနဲ့ ဆိုင်တဲ့အဖြစ်ဆိုးပါ။ ဒါကြောင့် 
ကျွန်မက အစိုးရမှာ နိုင်ငံသားဥပဒေနဲ့ ပတ်သက်တဲ့ မူဝါဒ ရှိရမယ်လို့ 
ပြောတာပေါ့။ ကျွန်မတို့မှာ နိုင်ငံသားဥပဒေ ရှိပါတယ်။ အဲဒါအရ 
အကျုံး ၀င်တဲ့ သူအားလုံးဟာ နိုင်ငံသားဖြစ်ခွင့်ရမှာပါ။ ကျွန်မတို့ ဒီကိစ္စကို 
ရှင်းရှင်းလင်းလင်း ပြောပြီးပါပြီ'' ဟု ဒေါ်အောင်ဆန်းစုကြည် က 
ပြောကြားခဲ့သည်။
 
 ''အခုက အဲဒီဥပေဒအရ ဘယ်လိုလူတွေက နိုင်ငံသားဖြစ်ပြီး ဘယ်လိုလူတွေက 
ဘင်္ဂလားဒေ့ရှ် က ရွှေ့ပြောင်းလာတဲ့ လူတွေဖြစ်မလဲဆိုတာ အငြင်းပွားနေကြတာပါ။ 
အရမ်းစိတ်ဝင်စားစရာ ကောင်းသလို စိတ်ရှုပ်စရာလဲကောင်းတဲ့ ပြဿနာတစ်ရပ်လုံးနဲ့ 
ပတ်သက်တဲ့အချက်က အများစုက ဒီနယ်ခြားပြဿနာ မှာ နိုင်ငံတစ်နိုင်ငံတည်း 
ပါဝင်ပတ်သက်နေတာလို့ ထင်နေတဲ့ ကိစ္စပါ။ ဒါပေမဲ့ နှစ်နိုင်ငံ ရှိပါတယ်။
 
 တစ်ဖက်မှာ ဘင်္ဂလားဒေ့ရှ်၊ တစ်ဖက်မှာ မြန်မာရှိပါတယ်။ လုံခြုံရေးနဲ့ 
နယ်စပ်လုံခြုံရေး အတွက် နှစ်နိုင်ငံလုံး မှာ တာဝန်ရှိပါတယ်'' ဟု 
ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။
 ''အခုအခိုက်အတန့်မှာ လူတိုင်းကထင်နေကြတာက ဒီနယ်ခြားဟာ မြန်မာက 
လုံးဝတာဝန်ယူရမဲ့ကိစ္စ လို့ပါ။ အားလုံးထဲမှာ ပထမဆုံးလုပ်ရမှာက 
တရားဥပဒေစိုးမိုးမှု အတည်တကျ ဖြစ်အောင်ပါ။ အကြမ်းဖက်မှုတွေ နောက်ထပ် 
ထပ်မဖြစ်အောင် လုပ်ရမယ်။ ဒါက လိုအပ်တဲ့ လုံခြုံရေး ထားရှိရမယ်ဆိုတဲ့ 
သဘောပါ'' ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။
 
 http://www.news-eleven.com/index.php?option=com_content&view=article&id=16418:2012-11-16-11-35-46&catid=42:2009-11-10-07-36-59&Itemid=112
 
 Ref:NDTV, DailyTimes, Times of India
 |  | 
 | 
 |  |  | 
 | 
No comments:
Post a Comment