သဘာဝပတ်ဝန်းကျင်နဲ့ သဟဇာတဖြစ်စေမယ့် သစ်သား ကွန်ပျူတာ

ကမ္ဘာကြီး
 ပူနွေးလာမှုနဲ့ ရာသီဥတု ဖောက်ပြန် လာမှုစတဲ့ ဆိုးကျိုးတွေ မဖြစ်ပွား 
ရလေအောင် သဟဇာတ ဖြစ်စေနိုင်တဲ့ သစ်သား ကွန်ပျူတာတွေကို အိုင်ယာလန် နိုင်ငံက
 စွန့်ဦး တီထွင် ပြလိုက်ပါပြီ။
 သူအရင်က ထုတ်လုပ်ခဲ့တဲ့ ကွန်ပျူတာတွေနဲ့ 
မတူတဲ့ အချက်က ဒီကွန်ပျူတာတွေမှာ သစ်သားတွေကို အများဆုံး သုံးပြီး ထုတ်လုပ်
 ထားတာပါပဲ။ ဒီသစ်သား ကွန်ပျူတာဟာ သာမန် ကွန်ပျူတာ တစ်လုံးထက် စာရင် 
ကာဗွန်သုံး စွဲရမှုကို ၁၀ ရာခိုင်နှုန်း ဟာလည်း သုံးစွဲ သွားပြီးတဲ့အခါ 
အဟောင်းကို ပုံစံ ပြောင်းပြီး အသစ် တစ်ဖန် ပြန်လည် အသုံးချ နိုင်အောင် 
စီမံထား ပါတယ်။ I Am Eco လို့ နာမည် ပေးထားတဲ့ သဘာဝ ပတ်ဝန်းကျင်နဲ့ 
လိုက်ဖက်တဲ့ ဂျာမန်နဲ့ အိုင်ယာလန် ပညာရှင်တွေ ပူးပေါင်းပြီးတော့ သဘာဝ 
ပတ်ဝန်းကျင်နဲ့ လိုက်ဖက်တဲ့ အိုင်တီ ပစ္စည်း တွေကိုသာ ရွေးချယ် ထုတ်လုပ် 
သွားနိုင်အောင် ကြိုးစား သွားမယ်လို့ သိပ္ပံ ပညာရှင် အလက်ဇန္ဒားက 
ရှင်းပြပါတယ်။
http://www.myawady.net.mm/index.php/tech/3522-2012-10-02-08-03-16 
 
 
 
 
          
      
 
  
 
 
 
 
 
 
 
 
 
 
 
No comments:
Post a Comment