Thursday 4 October 2012

အမေရိကန် နိုင်ငံသား ဒေးဗစ်ဘလိန်း ဗို့အားတစ်သန်းရှိသည့် လျှပ်စစ်စက်ကွင်းအတွင်း ဝင်ရောက်ပြသခဲ့


 



 အမေရိကန် ပြည်ထောင်စုမှ ဒေးဗစ်ဘလိန်း အမည်ရှိ အမျိုးသား တစ်ဦးသည် သတ္တုဖြင့် ပြုလုပ်ထားသော ဝတ်စုံကို ဝတ်ဆင်၍ ElECTRIC FIELD လျှပ်စစ် စက်ကွင်းအတွင်း ၎င်းအသက် ရှင် နေထိုင်နိုင် ပုံကို အမေ ရိကန် ပြည်ထောင်စု နယူးယောက်မြို့ဘီအာ ၅၄ ၌ အောက်တိုဘာ ၂ ရက်က ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်စဉ် အတွင်းမိတ်ဆက် ပြသခဲ့ကြောင်း သိရသည်။

ဘလိန်းသည်အောက်တိုဘာ ၅ ရက်မှ စ၍လျှပ်စစ်ဗို့အား တစ်သန်း စီးဆင်းနေသည့်သတ္တု စက်ကွင်းများ ဝန်းရံထားသော ပေ ၂ဝ အမြင့်ရှိ ပလက်ဖောင်း ပေါ်တွင် သုံးရက်နှင့် သုံးညကြာ မတ်တတ် ရပ်ပြမည် ဖြစ်ပြီး ယင်းအချိန် ကာလအတွင်းအိပ်စက်ခြင်း သို့မဟုတ် အစားအစာ စားသောက်ခြင်းကို ပြုလုပ်သွားမည် မဟုတ်ကြောင်း သိရသည်။

ဘလိန်း၏ သရုပ်ဖော် ပြသချက်ကို ကမ္ဘာ တစ်ဝန်းမှ ပရိသတ်များ ကြည့်ရှု နိုင်မည်ဟု သိရသည်။

News from : မြ၀တီ
Post By : Aye Chan Mon

No comments:

Post a Comment