| ကလေးမြို့နယ် အတွင်းသို့ဝင်ရောက်လာသော ခိုးဝင်ဘင်္ဂလီများနှင့် 
လမ်းပြကူညီခေါ်ဆောင်သူများကို တရားဥပဒေအရ အရေးယူခဲ့ပြီး ထောင်ဒဏ် 
အသီးသီးချမှတ်ခဲ့သည်ဟု သတင်းရရှိပါသည်။ "စက်တင်ဘာလ အတွင်းက ကလေးမြို့နယ်အတွင်းကို ခိုးဝင်လာတဲ့ ဘင်္ဂလီ (၁၀) 
ဦးနဲ့ လမ်းပြ ကူညီခေါ်ဆောင် သူကို ထောင်ဒဏ် 
အသီးသီးချမှတ်ခဲ့ပါတယ်။
 
 
 ၁၉၄၉ ခုနှစ် ပြည်ထောင်စု မြန်မာနိုင်ငံအတွင်း နေထိုင်သူများ မှတ်ပုံတင်ရေး
 အက်ဥပဒေ ပုဒ်မ ၆(၂) ၊ ၆(၃) အရ ထောင်ဒဏ်နှစ်နှစ် ၊ ၁၉၄၇ ခုနှစ် 
မြန်မာနိုင်ငံ လူဝင်မှုကြီးကြပ်ရေး (လတ် တလောပြဌာန်းချက် ) အက် ဥပဒေ ပုဒ်မ
 ၁၃(၁) အရ ထောင်ဒဏ် ငါးနှစ်နဲ့  ဘင်္ဂလီတစ်ဦးကို စုစုပေါင်း ပြစ်ဒဏ် (၇) 
နှစ်စီ နဲ့ ပုဒ်မ ၁၃(၅) အရ လမ်းပြ ကူညီခေါ်ဆောင်သူကို (၅) နှစ်လို့ 
သိရပါတယ်"ဟု လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာန 
ကလေးခရိုင်မှ တာဝန်ရှိသူတစ်ဦး မှ ပြောကြား ခဲ့ပါသည်။
 
 ၂၀၁၂-ခုနှစ် အတွင်း ကလေးခရိုင်အတွင်းတွင် ခိုးဝင်ဘင်္ဂလီ (၃၇) ဦးနှင့် 
လမ်းပြကူညီခေါ်ဆောင်သူ (၆) ဦးကို ဖမ်းဆီးပြီး ပြစ်ဒဏ် အသီးသီး 
ချမှတ်နိုင်ခဲ့သည်ဟု သိရှိရပါသည်။
 
 "ကလေးမြို့နယ်အတွင်းကို တမူးနယ်စပ် ၊ ချင်းတောင်နဲ့ ထိစပ်နေတဲ့ အိန္ဒိယ 
နယ်စပ်တွေကတဆင့် ခိုးဝင် လာကြတယ်လို့ သိရပါတယ်။ လမ်းကြောင်း အမျိုးမျိုးနဲ့ 
ဝင်လာကြတာပါ ။ ဒီလို တရားမ ၀င် မြန်မာနိုင်ငံ အတွင်းကို ၀င်ရောက်တဲ့သူတွေကို 
ဖမ်းဆီးနိုင်ဖို့ ဒေသခံတွေရဲ့ အကူအညီလိုအပ်ပါတယ် ။ ချင်းတောင်နဲ့ 
ချင်းတောင်ခြေဒေသတွေဟာ လူဦးရေကျဲပါးတော့ ခိုးဝင်လမ်းကို ဘယ်ကဆိုတာ 
အတိအကျပြောဖို့ မလွယ်ပါဘူး "ဟု ကလေးမြို့ခံတစ်ဦးမှ ပြောကြားခဲ့ပါသည်။
 
 http://www.news-eleven.com/index.php?option=com_content&view=article&id=15866:2012-10-05-04-26-52&catid=42:2009-11-10-07-36-59&Itemid=112
 | 
No comments:
Post a Comment