2012-10-12
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့စ်ဘဇားခရိုင် ပန်းဝါခေါ် ရာမူးမြို့က ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းတွေ မီးရှို့ ဖျက်ဆီးခံရတဲ့ ကိစ္စ၊ မြန်မာနိုင်ငံမှာ အိုအိုင်စီရုံးခန်း ဖွင့်မယ့်ကိစ္စတွေကို ဆန့်ကျင်ကန့်ကွက်တဲ့အနေနဲ့ သံဃာတော် အပါး (၁၀၀၀) ကျော်ဟာ မန္တလေးတိုင်း၊ ချမ်းမြသာစည်မြို့နယ် အတွင်းမှာ ဒီကနေ့ နေ့လည် ပိုင်းက လှည့်လည် ဆန္ဒပြခဲ့ကြပါတယ်။
မြန်မာနိုင်ငံမှာ အိုအိုင်စီရုံးခန်း
ဖွင့်မယ့်ကိစ္စနဲ့ ဘင်္ဂလားဒေ့ရှ်အကြမ်းဖက်မှုအပေါ် သံဃာတော် အပါး (၁၀၀၀)
ကျော်တို့က မန္တလေးတိုင်း၊ ချမ်းမြသာစည်မြို့နယ် အတွင်းမှာ ၂၀၁၂ ခုနှစ်
အောက်တိုဘာလ ၁၂ ရက်နေ့က ဆန္ဒပြနေကြစဉ်။
အဲဒီလို ဆန္ဒဖော်ထုတ်ခဲ့ကြရာမှာ မြ၀တီမင်းကြီးကျောင်းတိုက် ဆရာတော် ဦးဝိရိယဘိဝံသ နဲ့ မစိုးရိမ်တိုက်သစ် ဓမ္မသဟာယ ဘုန်းတော်ကြီးကျောင်း နာယက ဆရာတော် ဦးဝီရသူ တို့က သြ၀ါဒ စကားတွေ မိန့်ကြားခဲ့ပါတယ်။
ဒီလိုဆန္ဒဖော်ထုတ်ရတာနဲ့ပတ်သက်ပြီး ဦးဆောင် ဆရာတော်တစ်ပါး ဖြစ်တဲ့ မြ၀တီကျောင်း ဆရာတော် ဦးဝိရိယဘိဝံသက RFA ကို အခုလို မိန့်ကြားပါတယ်။
"မွတ်စလင်အရေခြုံထားတဲ့ အစ္စလာမ် အရေခြုံထားတဲ့၊ အစွန်းရောက်တွေဟာ ကမ္ဘာရဲ့ ငြိမ်းချမ်းရေးကို အန္တရာယ်ပြုနေတယ် ဆိုတာကို ကမ္ဘာက သိအောင်လို့ သံဃာတော်များရဲ့ ဆန္ဒထုတ်ဖော်ကြတာ။ အိုအိုင်စီကိုလည်း ဘုန်းကြီးတို့ မလိုချင်ဘူး။ ပြောရင်တော့ နိုင်ငံခြား သြဇာခံ ဘာသာရေးတွေ ဖြစ်အောင် တည်ဆောက်နေတယ်။ အဲဒါကို ကျုပ်တို့က အင်မတန် အန္တရာယ်ကြီးတယ်လို့ မြင်နေလို့ ဒါ ပြသတာပဲ။"
ဆန္ဒပြပွဲမှာ မူလက သံဃာတော်တွေ အပါး ၅၀၀ လောက်ပဲ ရှိပေမယ့် စီတန်း လှည့်လည်ချိန်မှာတော့ သံဃာတော်တွေ အပါအ၀င် လူ (၂၀၀၀) နီးပါးလောက် အထိ တိုးလာပါတယ်။
မန္တလေးသံဃာတော်တွေ ဒီကနေ့ နေ့လည်ပိုင်း မန္တလေးမြို့ကို လှည့်လည်ကြွချီ ဆန္ဒပြခဲ့တဲ့အကြောင်း အသေးစိတ်ကို အာရ်အက်ဖ်အေ အဖွဲ့သား ကိုဥာဏ်ဝင်းအောင်က တင်ပြမှာပါ။
http://www.rfa.org/burmese/news/mandalay-monk-protest-against-oic-10122012114245.html
No comments:
Post a Comment