Wednesday, 12 September 2012 20:48
Written by ကယားထဲ
ထိုင်းမြန်မာနယ်စပ် ကရင်နီဒုက္ခသည်စခန်းမှာ နေထိုင်နေကြတဲ့ ကရင်နီဒုက္ခသည်တွေဟာ ၎င်းတို့ ရဲ့  ရွာဟောင်းသို့ ပြန်လာနေသူ တချို့အတွက် မှတ်ပုံတင်ပြန်လုပ်ပေးဖို့ကို  ပြည်နယ်အစိုးရအဖွဲ့၏ ခွင့်ပြုမိန့်ကို စောင့်ဆိုင်းနေတယ်လို့ သိရပါတယ်။
ရှားတောမြို့ နယ် လူဝင်မှုကြီးကြပ်ရေးဌာနနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာ
ပြောင်းလဲလာတဲ့ နိုင်ငံရေးအခြအနေရ မြန်မာအစိုးရနှင့် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP တို့ဟာ ယခုနှစ်အတွင်း အပစ်အခတ်ရပ်စဲရေး သဘောတူ လက်မှတ်ရေးထိုးပြီးတဲ့နောက်ပို
ဒုက္ခသည်စခန်းမှ နေရပ်ရင်း ပြန်လာနေထိုင်တဲ့သူကို မြင်တွေ့ခဲ့တဲ့ ရှားတောမြို့ နယ် ဒေသခံတဦးက  “သူတို့  တွေ တဲလေး ထိုးပြီးနေကြ တယ်။ သူတို့ပြန်လာနေထိုင်ကြတာ အခုဆို စုစည်းရွာ ဆယ်ရွာလောက်ရှိတယ်။ တရွာကို ၁၀ အိမ်ထောင်လောက် ရှိတယ်။ တချို့လဲ အခြေအနေတွေ လာလေ့လာတာဖြစ်မယ်” လို့ ပြောပါတယ်။
တချို့ဒုက္ခသည်တွေကလည်း ၎င်းတို့  ပိုင်ဆိုင်တဲ့ တောင်ယာတွေ၊ ခြံတွေ၊ လယ်ယာမြေတွေကို ပြန်လာကြည့်ကြတဲ့ သဘောရှိပါ တယ်လို့  အဆိုပါ ရှားတောမြို့နယ်က ဒေသခံက ဆိုပါတယ်။
နယ်စပ် ဒုက္ခသည်စခန်းများက ပြန်လာခဲ့ကြတဲ့ သူတွေဟာ ရှားတောမြို့နယ်အတွင်းရှိ ဒေါခအောရွာ၊ ဒေါစေးရွာ၊ ဒေါတမရွာ စတဲ့ ရွာတွေမှာ ပြန်လည်နေထိုင်ကြတာ ဖြစ်ပါတယ်။
ပြန်လာနေထိုင်ကြသူတွေထဲမှာ မှတ်ပုံတင်မရှိကြတဲ့သူတွေ လူဝင်မှုကြီးကြပ်ရေးနှင့်မှတ်ပုံ
လောလောဆယ်မှာတော့ အိမ်ထောင်စု ၂၄ စုနဲ့ လူဦးရေ ၅၈ ဦးလောက်ရှိတယ်လို့ သိရပါတယ်။
ရှားတောမြို့နယ် အုပ်ချုပ်ရေးမှူးရုံးမှ အမည်မဖော်လိုတဲ့ ဝန်ထမ်းတဦးကလည်း “သူတို့တွေကလဲ အကုန်လုံး စာရင်းပေးချင်မှပေးမယ်။ အဲဒီထဲက တချို့ပဲလာပြီးစာရင်းပေးထားကြလိ
အဆိုပါ ဒုက္ခသည်များဟာ ယခင်က ရှားတောမြို့နယ်အတွင်းရှိ ကျေးရွာတွေမှာ နေထိုင်ကြပြီး ပြည်တွင်းစစ်ကြောင့် ထိုင်း- မြန်မာနယ်စပ်ရှိ ကရင်နီဒုက္ခသည်စခန်းတွေဘက်ကို ထွက်ပြေးတိမ်းရှောင် သွားခဲ့ကြတာပါ။
 
 
No comments:
Post a Comment