Wednesday 5 September 2012

သမ္မတနှင့်တွေ့မည့် တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင်ကို မေးမြန်းချက်



September 5, 2012 by ​အေး​နိုင်


 တိုင်းနဲ့ ပြည်နယ်အသီးသီးက တိုင်းရင်း သားရေး ရာဝန်ကြီးတွေဟာ တိုင်းဒေသြကီး အစိုးရနဲ့ ပြည်နယ် အစိုးရအဖွဲ့ အစည်းအေဝးတွေ တက်ခွင့်အပါအဝင် ခွဲခြားဆက်ဆံခံနေရတဲ့ကိစ္စနဲ့ ပတ်သက်လို့ သမ္မတ နဲ့ မေတွ့ခင် ဒီနေ့ ရန်ကုန်မြို့ မှာ တွေ့ဆုံညှိနှိုင်း ခဲ့ကြ ပါတယ်။

သမ္မတက တိုင်းရင်းသားရေးရာဝန်ကြီးတွေကို စက်တင်ဘာ ၇ ရက်နေ့မှာ တွေ့ဆုံဖို့ ချိန်းထားပါတယ်။ ဒီတွေ့ ဆုံပွဲမှာပါဝင်တဲ့ ရန်ကုန်တိုင်းဒေသြကီးအစိုးရအဖွဲ့က ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင် ကို မေးထားပါတယ်။


ရခိုတိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင်တိုင်းရင်းသားရေးရာဝန်ကြီးတွေ တွေ့တော့ ဘာတွေပြောဖြစ်ကြပါလဲ။

“တိုင်းရင်းသားရေးရာ ဝန်ကြီးတွေ အားလုံး ၂၉ ပါးရှိတဲ့အထဲမှာ အားလုံး ၁၆ ပါး ချိန်းပြီးတော့ အင်းယားလိတ် ဟိုတယ်လ်မှာ တွေ့ဆုံ တိုင်ပင်ကြတာပေါ့။”အကြမ်းဖျင်း ဘာတွေဆွးနွေးကြ လဲ။“ခေါင်းစဉ်လောက် အကြမ်း အားဖြင့် ပြောရမယ်ဆိုရင် တိုင်းရင်းသားရေးရာတွေကို ကျေန်ာတို့ တင်ပြေဆွးနွေးဖို့ တိုင်ပင်ပါတယ်။ ဘာတွေ ပြောမယ်ဆိုတာကေတာ့ သမ္မတနဲ့တွေ့မှ ပြောရမှာဆိုတော့ကြိုပြောဖို့ မသင့်တော် လို့ပါ။

”သမ္မတနဲ့တွေ့တဲ့အခါမှာ တိုင်းရင်းသားရေးရာဝန်ကြီးတွေဟာ အစိုးရအဖွဲ့ထဲဝင်ရေးကို အဓိကပြောဖို့ ရှိပါ လား။ ဘာလို့လဲဆိုတော့ တိုင်းရင်းသားရေးရာဝန်ကြီးတွေက သိပ်ပြီးတော့ လုပ်ပိုင်ခွင့် မရှိတာတွေ့ရလို့။

“ဒါနဲ့ပတ်သက်လို့ ပြောရမယ်ဆိုရင် ဖွဲ့စည်းပုံအြေခခံဥပေဒ ပုဒ်မ ၁၇(ဂ)မှာ အုပ်ချုပ်ရေးမှာ ပါဝင်ရမယ်။ အဓိကအားဖြင့် သက်ဆိုင်ရာ တိုင်းရင်းသားရေးရာများကို ဆောင်ရွက်နိုင်ရေးအတွက် အုပ်ချုပ်ရေးမှာ ပါဝင် ရမယ်ဆိုပြီး ဖွဲ့စည်းပုံအြေခခံဥပေဒ အခန်း ၁၅ ခန်းမှာ အခန်း (၁) principle (ဥပေဒသ) ဖြစ် တဲ့ အြေခခံမူမှာ ကို ပြဋ္ဌဌာန်းထားပါတယ်။

အဲပြဋ္ဌဌာန်းချက်များနဲ့အညီ ကျေန်ာတို့က တောင်းဆိုရမှာဖြစ်တယ်။ သမ္မတြကီးကလည်း ဒါနဲ့ပတ်သက်လို့ ဖွဲ့စည်းပုံအြေခခံဥပေဒနဲ့အညီ ဆောင်ရွက်ပေးလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ထင်ပါတယ်။”တခြား ဘာ များပြောလို့ရတာ ရှိပါသေးလဲ။

“နိုင်ငံတနိုင်ငံမှာ ဖွဲ့စည်းပုံအြေခခံဥပေဒဆိုတာ fundamental law ပဲ။ ဖွဲ့စည်းပုံအြေခခံဥပေဒထဲမှာ တခါ အခြေခံမူဆိုတာ principle ပဲ။ ဖွဲ့စည်းပုံအြေခခံဥပေဒ အြေခခံမူ ပုဒ်မ ၄၈ မှာ၊ အြေခခံမူများဟာ တည်ဆဲ ဥပဒေ များကိုသော်လည်းကောင်း၊ သက်ဆိုင်ရာလွှတ်တော်များက ပြဋ္ဌဌာန်းတဲ့ ဥပေဒများကိုသော် လည်းကောင်း၊ ဥပေဒများကို ဥပေဒြပဋ္ဌဌာန်းရာမှာသော်လည်းကောင်း၊ ယင်းဥပေဒြေကာင့် အဓိပ္ပာယ်ဖွင့်ဆို ရာမှာသော်လည်းကောင်း လိုက်နာရမယ့် လမ်းညွှန်ချက်များဖြစ်တယ်လို့ ပြဋ္ဌဌာန်းထားပါတယ်။ အဲတော့ အခြေခံ မူမှာပါတဲ့၊ ပုဒ်မ ၁၅ မှာလည်း တိုင်းနဲ့ပြည်နယ်တွေမှာ၊ သင့်တင့်လျောက်ပတ်တဲ့ လူဦးရေရှိတဲ့ တိုင်း နဲ့ပြည်နယ်က တိုင်းရင်းသားတွေ၊ ဥပမာအားဖြင့် ရှမ်းပြည်နယ်မှာဆိုရင် မွန်ရှိရင် မွန်တောင်းလို့ရမယ်။ ကရင် ရှိရင် ကရင်တောင်းလို့ရမယ်။ လူဦးရေကလည်း ဝ.၁ရာခိုင်နှုန်း အထက်ဖြစ်ရမယ်။ အဲလိုတိုင်းရင်းသားတွေ အတွက် ဥပေဒြပန်တမ်းဖြစ်တဲ့ တိုင်းဒေသြကီး လွှတ်တော်တွေမှာ၊ ပြည်နယ်လွှတ်တော်တွေမှာ လည်း ပါဝင်ခွင့်ပြု ရမယ်ဆိုတဲ့ ပုဒ်မ ၁၅ မှာအခြေခံမူအဖြစ် ပြဋ္ဌဌာန်းထားပါတယ်။ ပုဒ်မ ၁၇ (ဂ) မှာလည်း အဆိုပါ ဥပေဒြပုရေးမှာ ပါဝင်ခွင့်ရှိတဲ့ တိုင်းရင်းသားလူမျိုး လွှတ်တော်ကိုယ်စားလှယ်ကို အဲတိုင်းဒေသြကီးမှာ သူ့ရဲ့ သက်ဆိုင်ရာ တိုင်းရင်းသားရေးရာ၊ လူမျိုးများရဲ့ အဓိကအေရးကို ဆောင်ရွက်နိုင်ရေးအတွက် အုပ်ချုပ်ရေးမှာ ပါဝင်ခွင့်ပြုရမယ်ဆိုတဲ့ principle ပြဌာန်းထားတယ်။

 ဒီ ဥပေဒသကို ဘယ်သူမှေကျာ်လို့မရဘူး။ နောက်ထွက်တဲ့ ဥပေဒကလည်း ကျော်လို့မရဘူး။ ဖွဲ့စည်းပုံ အခြေ ခံဥပေဒပုဒ်မ ၄၄၆ မှာလည်း တည်ဆဲဥပေဒများသည်လည်းကောင်း ဖွဲ့စည်းပုံအြေခခံဥပေဒနဲ့ ဆန့်ကျင်ရင် ပျက်ပြယ်တယ်။ မဆန့်ကျင်ရင် အတည်ဖြစ်တယ်ဗျာ။ ဖွဲ့စည်းပုံနဲ့ ဆန့်ကျင်နေရင်၊ အြေခခံမူတွေနဲ့ ဆန့် ကျင်နေရင် ဒါက ပျက်ပြယ်တယ်။ အဲဒီတော့ ဒါက လုပ်ကို လုပ်ပေးရမယ်။ မလုပ်ပေးရင် ဖွဲ့စည်းပုံ အခြေခံ ဥပေဒကို ဆန့်ကျင်တာပဲ။ ကျေန်ာထင်တယ် သမ္မတနဲ့ တွေ့တဲ့အခါ ဒါတွေကို ကျေန်ာတို့ကို လုပ်ပေးမယ် လို့ မျှော်လင့်တယ်။

”၂၀၁၀ ရွေးကောက်ပွဲမှာ ဦးဇော်အေးမောင်တို့ ဝင်ပြိုင်ခဲ့တယ်။ အဲဒီ ၂၀၁၀ ရွေးကောက်ပွဲကေန ခုချိန်ထိ ကမ္ဘာက မြန်မာပြည်မှာ အပြောင်းအလဲတွေ သွားနေပြီလို့ ပြောနေကြတဲ့အခါ တိုင်းဒေသကြီး ပြည် နယ်ဒေ သကြီးရဲ့ အစိုးရေတွ အဖွဲ့ထဲမှာ အမတ်တွေထဲမှာ အစည်းအေဝးတွေ ခေါ်တိုင်းမှာ မပါရေတာ့ ဒီတိုင်းရင်း သားရေး ရာဝန်ကြီးတွေရဲ့ စိတ်ထဲမှာ ဘယ်လိုမျိုး ခံစားရလဲ။

“ကျေနာ် ၁ နှစ်ခွဲ ရှိပြီဗျာ။ ဖွဲ့စည်းပုံနဲ့ ဆန့်ကျင်ပြီး ကျေန်ာတို့ကို မဖိတ်တော့ ဥပေဒက မှားနေတာပေါ့။ လူကြီးတွေကလည်း ကျေန်ာထင်ပါတယ်။ လုပ်ပေးမယ်လို့ ထင်ပါတယ်။ မလုပ်ပေးရင်တော့ ဒါက ဖွဲ့စည်းပုံနဲ့ ဆန့်ကျင်တာပဲ။”

http://burmese.dvb.no/archives/30388

No comments:

Post a Comment