Sunday 30 September 2012

အကြမ်းဖက်အားပေးသည့် နိုင်ငံများ ကုလသမဂ္ဂတွင်နေရာမရှိစေရ



 
လောလောဆယ်ကျင်းပလျက်  ရှိသည် ကမ္ဘာ့ကုလသမဂ္ဂအထွေ ထွေညီလာခံတွင် ကမ္ဘာ့ကုလ သမဂ္ဂအဖွဲ့ ဝင် (၁၉၃)နိုင်ငံမှ နိုင်ငံ ခေါင်းဆောင်များတက်ရောက် လျက်ရှိသည်။ အမေရိကန်သမ္မတ အိုဘားမားက စက် တင်ဘာ(၂၅) ရက်နေ့တွင် ကုလသမဂ္ဂစင်မြင့်၌ မိနစ်(၃၀)ကြာ


 အထွေထွေမိန့် ခွန်း တစ်ရပ်ပြောကြား ရာ၌ အမေရိကန်ပြည်ထောင်စုနှင့်အမေ  ရိကန်နိုင်ငံသားများအား ပုတ်ခတ်  စွပ်စွဲနေမှု၊အကြမ်းဖက် သတ်ဖြတ်မှုများကို လုပ်ဆောင်နေကြသူ များအနေဖြင့် ရပ်တန်းကရပ်သင့် ပြီဖြစ်ကြောင်း ကမ္ဘာ့ခေါင်းဆောင်  များအား တိုက်တွန်းပြောကြား သွားသည်။

 ၎င်းက မကြာမီက လစ်ဗျားနိုင်ငံတွင် သံအမတ်ကြီး  နှင့်သံရုံးဝန် ထမ်း(၄)ဦးလုပ်ကြံသတ် ဖြတ်ခံရမှု၊ အီရန်နိုင်ငံက နျူကလီး   ယားဗုံးထုတ်လုပ်ရန်ကြိုး ပမ်းနေမှု၊  အောက် လမ်းနည်းတွေသုံးပြီး၊ အာရပ်အစ္စရေး ပဋိပက္ခတွေ ကျယ်ပြန့်အောင်သွေးထိုး လှုံ့ဆော်  နေမှုများ ကို ထောက်ပြပြောဆို သွားသည်။

ထို့အပြင် အမေရိကန်နှင့်   အာရပ်နိုင်ငံများအကြား ပဋိပက္ခ   များကျယ်ပြန့်အောင် အမေရိကန်  ဆန့် ကျင်ရေး စိတ်ဓာတ်များပို၍  ပို၍ဆိုရွားလာအောင်လှုံ့ဆော်နေ ကြသည့် အီဂျစ်၊တူနီးရှား၊အင်ဒို နီးရှားနှင့် အခြားမူဆလင်နိုင်ငံများ   မှအစွန်းရောက်များကိုလည်း ဆူ ပူအကြမ်းဖက်မှုများ ရပ်တန့်ရန် သတိပေး လိုက်သည်။ ““သံအမတ် ကြီး ခရစ္စတီဗင်ကဲ့သို့ အဖြစ်ဆိုး မျိုး အမေရိကန်ပြည်သူများ အနေ ဖြင့် နောက်ထပ်တစ်ကြိမ် မည်သည့်နည်းနှင့်မျှအဖြစ်ခံမည်မဟုတ် ကြောင်း၊ထိုသူများသို့မဟုတ် ထို သို့လုပ်ဆောင်ရန် အားပေးလှုံ့ ဆော်သူများအနေဖြင့် ကမ္ဘာ့ကုလ  သမဂ္ဂတွင် နေရာရှိမည်မဟုတ်ဟု   ကျွန်ုပ်အခိုင် အမာပြောကြားပါ တယ်””ဟု သမ္မတအိုဘားမား ပြောကြားသွားသည်။

ကျော်စိန်
                  Ref: Rener
http://www.hotnewsweekly.com/archives/11304

No comments:

Post a Comment