ရန်ကုန်၊ စက်တင်ဘာ ၂၄
 
 ၈၈မျိုးဆက် ကျောင်းသားများက ကျင်းပပြုလုပ်သော စေတနာဝဿန် ရန်ပုံငွေ 
ဖျော်ဖြေပွဲမှ ရရှိသော ရန်ပုံငွေများအနက် ကျပ်သိန်း၂၀၀ကို ရခိုင်ဒေသ 
ဒုက္ခသည်များ အတွက်လှူဒါန်း သွားမည် ဖြစ်ကြောင်း ၈၈ မျိုးဆက် ကျောင်းသား 
ခေါင်းဆောင် တစ်ဦးဖြစ်သူ ဦးကိုကိုကြီးက ပြောကြားသည်။
 
 ၈၈မျိုးဆက် ကျောင်းသားများ အနေနှင့် ရခိုင်ပြည်နယ်ရှိ သာသနိက အဆောက်အဦများ
 ဆောက်လုပ်ရန် ကျပ်သိန်း ၉၀ ကျော် လှူဒါန်းပြီးဖြစ်ကာ ယခုတစ်ကြိမ် 
လှူဒါန်းပါက စုစုပေါင်း ကျပ်သိန်း ၂၉၀ ကျော်ရှိပြီဖြစ်ကြောင်း ၄င်းတို့ 
ထံမှ သိရှိရသည်။
 
 ကချင်ပြည်နယ်ရှိ စစ်ဘေး ဒုက္ခသည်များအတွက် ၈၈ 
မျိုးဆက် ကျောင်းသားများ ကျပ်သိန်း ၂၅၀ ကျော် လှူဒါန်းခဲ့ ကြောင်း 
၎င်းတို့က ပြောကြားသည်။
 
 ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သော ဆူပူ 
အကြမ်းဖက်မှုကြောင့် နေအိမ်ပေါင်း ငါးထောင်ကျော် ပျက်စီး ဆုံးရှုံးပြီး 
ဒုက္ခသည် စခန်းများတွင် ဒုက္ခသည် ခုနှစ်သောင်းကျော် ကျန်ရှိ နေသေးသည်။
 
 ၈၈မျိုးဆက် ကျောင်းသားများ ဦးဆောင် ကျင်းပ သော စေတနာ ဝဿန် ရံပုံငွေ 
ဂီတပွဲတော်တွင်မှ အလှူငွေ ကျပ်သိန်း နှစ်ထောင်သုံးရာကျော် ရရှိခဲ့ ပြီး 
ကချင်စစ်ဘေး ဒုက္ခသည်များနှင့် ရခိုင်ဒေသရှိ ဒုက္ခသည် စခန်းများ၊ 
ဧရာဝတီတိုင်းရှိ ရေဘေး ဒုက္ခသည်များ ထံ ပေးလှူသွားမည်ဖြစ်ကြောင်း ၈၈ 
မျိုးဆက် ကျောင်းသားများထံမှ သိရှိရသည်။
  ရန်ကုန်၊ စက်တင်ဘာ ၂၄
 
၈၈မျိုးဆက် ကျောင်းသားများက ကျင်းပပြုလုပ်သော စေတနာဝဿန် ရန်ပုံငွေ ဖျော်ဖြေပွဲမှ ရရှိသော ရန်ပုံငွေများအနက် ကျပ်သိန်း၂၀၀ကို ရခိုင်ဒေသ ဒုက္ခသည်များ အတွက်လှူဒါန်း သွားမည် ဖြစ်ကြောင်း ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် တစ်ဦးဖြစ်သူ ဦးကိုကိုကြီးက ပြောကြားသည်။
 
၈၈မျိုးဆက် ကျောင်းသားများ အနေနှင့် ရခိုင်ပြည်နယ်ရှိ သာသနိက အဆောက်အဦများ ဆောက်လုပ်ရန် ကျပ်သိန်း ၉၀ ကျော် လှူဒါန်းပြီးဖြစ်ကာ ယခုတစ်ကြိမ် လှူဒါန်းပါက စုစုပေါင်း ကျပ်သိန်း ၂၉၀ ကျော်ရှိပြီဖြစ်ကြောင်း ၄င်းတို့ ထံမှ သိရှိရသည်။
 
ကချင်ပြည်နယ်ရှိ စစ်ဘေး ဒုက္ခသည်များအတွက် ၈၈ မျိုးဆက် ကျောင်းသားများ ကျပ်သိန်း ၂၅၀ ကျော် လှူဒါန်းခဲ့ ကြောင်း ၄င်းတို့က ပြောကြားသည်။
 
ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သော ဆူပူ အကြမ်းဖက်မှုကြောင့် နေအိမ်ပေါင်း ငါးထောင်ကျော် ပျက်စီး ဆုံးရှုံးပြီး ဒုက္ခသည် စခန်းများတွင် ဒုက္ခသည် ခုနှစ်သောင်းကျော် ကျန်ရှိ နေသေးသည်။
 
၈၈မျိုးဆက် ကျောင်းသားများ ဦးဆောင် ကျင်းပ သော စေတနာ ဝဿန် ရံပုံငွေ ဂီတပွဲတော်တွင်မှ အလှူငွေ ကျပ်သိန်း နှစ်ထောင်သုံးရာကျော် ရရှိခဲ့ ပြီး ကချင်စစ်ဘေး ဒုက္ခသည်များနှင့် ရခိုင်ဒေသရှိ ဒုက္ခသည် စခန်းများ၊ ဧရာဝတီတိုင်းရှိ ရေဘေး ဒုက္ခသည်များ ထံ ပေးလှူသွားမည်ဖြစ်ကြောင်း ၈၈ မျိုးဆက် ကျောင်းသားများထံမှ သိရှိရသည်။

No comments:
Post a Comment