Thursday 13 September 2012

ရခိုင်ပြည်နယ်အတွင်းသို့ ခိုးဝင်လာသည့် နိုင်ငံခြားသားများ မရှိသေးကြောင်း ပြည်ထောင်စုဝန်ကြီး ဦးခင်ရီပြောကြား

လက်ရှိ ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သည်များနှင့် ပတ်သက်၍ အဖွဲ့များဖွဲ့ပြီး စုံစမ်းစစ်ဆေးရာတွင် ယင်းပြည်နယ်အတွင်းသို့ ခိုး ဝင်လာသည့် နိုင်ငံခြားသားများ မရှိသေးသည်ကို တွေ့ရကြောင်း လူဝင် မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီး ဌာနပြည်ထောင် စု  ဦးခင်ရီ က ပြောကြားသည်။


    ''လက်ရှိရခိုင်ပြည်နယ်မှာ ဖြစ်တဲ့ ပြဿနာနဲ့ပတ်သက်လို့ အ ထူးအဖွဲ့တွေ ဖွဲ့ပြီး စုံးစမ်းတယ်။ စုံစမ်းတယ် ဆိုတာ လူတွေကို သူတို့ ပြန်ပြီး ခွဲခြမ်းစိတ်ဖြာတယ်။ ဒီဘက် လဝက ဘက်ကလည်း ဒီ မှာရှိတဲ့ တိုင်းရင်း သားတွေ ဒီမှာရှိ တဲ့ သွေးနှောတွေ စိစစ်ရေး လုပ် တယ်။ အခုချိန်ထိ အကြမ်းဖျင်း ခိုးဝင်တာ တစ်ယောက်မှ မရှိဘူး။ လူ တွေတိုးလာတာက မွေးနှုန်းတွေ တိုးလာလို့ တိုးလာတာ ရှိတယ်''ဟု ပြည်ထောင်စုဝန်ကြီး ဦးခင် ရီက စက်တင်ဘာ ၃ရက်နေ့တွင် ကရင် ပြည်နယ်ဘားအံမြို့သို့ခေတ္တရောက် ရှိစဉ် မီဒီယာများနှင့် တွေ့ဆုံစဉ် မီဒီယာသမားတစ်ဦး၏ မေးမြန်းမှု အပေါ် ပြန်လည်ဖြေကြားရာတွင် ပြောကြားခဲ့သည်။

    ထိုသို့ အဖွဲ့ဖွဲ့၍ စစ်ဆေးရာ တွင် စစ်ဆေးနေစဉ်အထိ ရခိုင် ပြည်နယ်အတွင်းသို့ ခိုးဝင်လာသူ များမ ရှိသေးကြောင်း၊ လူဦးရေတိုး တက်များပြားလာခြင်းမျိုးဖြစ်ကြောင်း ထိုသို့စစ်ဆေးခြင်းကို ဆက်လက် လုပ်ဆောင် သွားဦးမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ဆိုသည်။

    လက်ရှိတွင် ဘင်္ဂါလီလူမျိုးအ ချို့ နိုင်ငံသားစိစစ်ရေးကဒ်ကိုင် ဆောင်ထားခြင်းများ ရှိနေသည့်အ ပေါ် အ များပြည်သူများက ဆိုင်ရာ ဝန်ကြီးဌာန တာဝန်ရှိသူများ၏ အားနည်းချက်ကြောင့်ဟု ထင်မြင် နေသည့် အပေါ် ပြည်ထောင်စုဝန် ကြီးက ဝန်ထမ်း များ အားလုံးကိုယ် စား ယခုကဲ့သို့ ရှင်းလင်းပြောကြား ခဲ့ခြင်းဖြစ် သည်။

    ''ဥပဒေကို ကျကျနန နား လည်ဖို့လိုတယ်။ ဒီအပေါ်မှာ သဘောမပေါက်ရင်ပွားသွားနိုင်တယ်။ သူတို့ရဲ့ပုံ ပန်းသဏ္ဌာန်က ဒီလိုမျိုး ဖြစ်နေပမယ့် မဟုတ်တာတော့ ဖြစ် ဖို့ထက် ဥပဒေအရ ပေးထားတဲ့ နိုင်ငံသား။ ၁၉၈၂ နိုင်ငံသားဥပဒေကို လုပ်ခဲ့တဲ့ လူတွေက ခြောက်နှစ် ကြာတယ်။ ကွင်းဆင်းပြီး ဆောင် ရွက်ခဲ့တာဖြစ် တယ်။ တိုင်းနဲ့ ပြည်နယ်အနှံမှာရှိတဲ့ ကိုယ်စားလှယ် တွေ နယ်စပ်ဒေသနေလူတွေရဲ့ ဆန္ဒနဲ့ ဆွဲထားတာဖြစ် တယ်။ နိုင်ငံ သားဥပဒေမှာ ဒီနိုင်ငံကိုလာနေတဲ့ နိုင်ငံသားတစ်ယောက်သည် နိုင်ငံ သားဖြစ်ချင်တယ်ဆိုရင် အဘိုး အဘွား ဒီမှာနေတယ်။

သူကိုယ်တိုင်လည်း ဒီမှာမွေးတယ်။မြန်မာစကားလည်း ပြောတတ်တယ် ဆိုရင် စတဲ့အချက်တွေ အများကြီး ပါပဲ။ ဒါနဲ့ ဗဟိုအဖွဲ့ကို လျှောက်လိုက်ရင် သူ့ကို နိုင်ငံသားမပေးသေးဘူး။ ဧည့် နိုင်ငံသားလို့ သတ်မှတ်လိုက် တယ်။ ၁၉၈၂ ဥပဒေပေါ်လာတော့ ဧည့် တိုင်းရင်းသားအစားပြု နိုင်ငံသား လို့ခေါ်တာပေါ့ဗျာ။ အဲဒီလူက လူ မြေးလောက်ကျမှ နိုင်ငံသားဖြစ် တယ်''ဟု ပြည်ထောင်စုဝန်ကြီးက ရှင်းလင်းပြောကြားသည်။

http://www.zaygwet.com/local_news_detail.php?id=5098

No comments:

Post a Comment