ရိုဟင်ဂျာအရေးနှင့်ပတ်သက်၍အမျိုးသားဒီမိုကရေစီပါတီသစ်ကို တယ်လီဖုန်းဆက် ခြိမ်းခြောက်ရိုဟင်ဂျာအရေးနှင့်ပတ်သက်၍အမျိုးသားဒီမိုကရေစီပါတီသစ်ကို တယ်လီဖုန်းဆက် ခြိမ်းခြောက်
ရိုဟင်ဂျာများအကြောင်းကိုလွှတ်တော်တွင်  ဝင်ရောက်ဆွေးနွေးခဲ့သော် အမျိုးသားဒီမိုကရေစီ ပါတီသစ်ကို တယ်လီဖုန်းဆက်၍  ခြိမ်းခြောက်မှုများ ပြုလုပ်ခဲ့ကြောင်း ပါတီတာဝန်ရှိသူများထံမှ သိရသည်။
''တယ်လီဖုန်းဆက်တာလေး ကြိမ်ရှိသွားပြီ၊ ရိုဟင်ဂျာဆိုတာမြန်မာနိုင်ငံမှာရှိတယ်။  တိုင်းရင်းသားတွေထဲမှာ ရိုဟင်ဂျာမရှိဘူးလို့ ပြောတာကို လက်မ ခံနိုင်ဘူး''  ဟု ဖုန်းဆက်၍ ပြောကြားခဲ့ကြောင်း အမျိုးသား ဒီမိုကရေစီပါတီသစ်၏ ဥက္ကဋ္ဌဖြစ်သူ  ဦးသိန်းညွန့်၏သား ကိုခိုင်မင်းက ပြောသည်။
ကျင်းပနေသည့် စတုတ္ထအ ကြိမ်မြောက်ပြည်ထောင်စုလွှတ်တော်  တွင် ရခိုင်ပြည်နယ်အရေးနှင့် ပတ် သက်၍ သင်္ဃန်းကျွန်းမြို့နယ်  ပြည် သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်က တိုင်းရင်းသား ၁၃၅ မျိုးတွင်  ရိုဟင်ဂျာလူမျိုးမပါဝင် ကြောင်းနှင့် လူ့အခွင့်အရေးကို အကြောင်းပြ၍  ကဗျာဆန်၍မရကြောင်း၊ ယခုကိစ္စမှာ အမျိုးသားရေးကိစ္စဖြစ်ကြောင်း   ဝင်ရောက်ဆွေးနွေးခဲ့ သည်။ 
  ယင်းကဲ့သို့ ဝင်ရောက်ဆွေးနွေးခဲ့ခြင်းကြောင့် ယခုကဲ့သို့ ခြိမ်းခြောက်မှုများ ပြုလုပ်လာခြင်းဖြစ် နိုင်ကြောင်း အမျိုးသားဒီမိုကရေစီပါတီသစ်မှ ပါတီဝင်များ က ခန့်မှန်း ပြောဆိုကြသည်။
''ကျွန်တော်တို့နဲ့ အငြင်းအခုံ ဖြစ်ရတယ်၊ ပါတီရဲ့မူဝါဒက ခုလို  ရှိတယ်ဆိုလို့ရှိရင် ပါတီရှေ့မှာ ဆန္ဒလာပြမယ်'' လို့ အမျိုးသားတစ်ယောက်ကလည်း   ထပ်မံဖုန်း ဆက်ပြီးပြောကြားကြောင်း အမျိုးသားဒီမိုကရေစီပါတီ  တာဝန်ရှိသူတစ်ဦးက ပြောသည်။
  ရခိုင်ပြည်နယ်အရေးကိစ္စနဲ့ ပတ်သက်၍  ကူညီထောက်ပံ့ရေး ပစ္စည်းများ လှူဒါန်းနိုင်ရန်အတွက်  အမျိုးသားဒီမိုကရေစီပါတီသစ်ကို အဖွဲ့အစည်းတစ်ခုမှ လာရောက်လှူ  ဒါန်းမှုများပြုလုပ်ခဲ့သော်လည်း ပါတီ က လက်မခံဘဲ အစိုးရအဖွဲ့ကိုသာ  တိုက်ရိုက်လှူဒါန်းရန် ပြန်လည်ပြော ကြားခဲ့သည့်ဖြစ်စဉ်ရှိကြောင်း လည်း  သိရသည်။ ရိုဟင်ဂျာလူမျိုးများ၏ အကြောင်းကို ရေးသားထားသော စာအုပ် ၇  အုပ်ကိုလည်း အမျိုးသား ဒီမိုကရေစီပါတီသစ်ကို လာရောက် ပေးပို့ခဲ့ကြောင်း  ပါတီဝင်များက ပြော သည်။
  ''အခုဖုန်းဆက်ပြီးခြိမ်းခြောက်  တာနဲ့ပတ်သက်လို့ သက်ဆိုင်ရာအ ဖွဲ့အစည်းတွေကို အကြောင်းကြားပြီး သွားပြီ၊  သူတို့သိချင်တာတွေကိုလည်း လာမေး လို့ ဖြေပြီးသွားပြီ၊ ကျွန်တော် တို့ပါတီရဲ့  မူဝါဒတွေနဲ့ပတ်သက်ပြီး လွှတ်တော်တွင်းမှာ ရဲရဲဝံ့ဝံ့ဆက်ပြီး တော့  ဖော်ထုတ်ဆွေးနွေးသွားဦးမှာ ပါ''ဟု  ပါတီတာ ဝန်ရှိသူတစ်ဦးကThe Messenger  ဂျာနယ်သို့ ပြောသည်။
 https://www.facebook.com/pages/Messenger-News-Journal/127099574018030 
 
 
 
          
      
 
  
 
 
 
 
 
 
 
 
 
 
 
No comments:
Post a Comment