ဒီကနေ့
 အောက်တိုဘာလ ၃ ရက်နေ့မှာ နိုင်ငံတော်သမ္မတရဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ 
မော်လမြိုင်အကျဉ်းထောင် ကနေ ပြန်လွတ် လာတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၄၃ ဦးကို
 မွန်ပြည်နယ်တာဝန်ရှိသူတွေက ဘင်္ဂလားဒေ့ရှ်နိုင်ငံဆီ ပြန်လွှဲအပ် ဖို့ 
ပန်းတောင်း -တောင်ကုတ်လမ်းကနေ ခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။ သူတို့ကို 
အောက်တိုဘာလ ၃-ရက် မနက် ၆ နာရီ ခွဲလောက် က  မော်လမြိုင်ထောင်ကနေ 
ပြန်လွှတ်ပေးလိုက်တာပါ။ သူတို့ကို ရခိုင်ပြည်နယ် ဘူးသီး တောင်မြို့နယ် မှာ 
နိုင်ငံတော်အခမ်းအနားနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို 
ပြန်လည်လွှဲပြောင်းပေးမှာ ဖြစ်ပါတယ်။  အဲဒီ အကျဉ်းသား ၄၃ ဦးဟာ လွန်ခဲ့တဲ့ ၃
 လလောက်က မလေးရှားကိုသွားဖို့ ရေလမ်းကနေ ခိုးထွက်လာကြရင်း မြန်မာ 
ရေပိုင်နက်ထဲမှာ  သောင်တင်ခဲ့တဲ့အတွက် လ၀က ဥပဒေနဲ့ ထောင် ဒဏ် ၁ နှစ် 
ချမှတ်ခံထားရသူတွေဖြစ်ပါတယ်။
No comments:
Post a Comment