 
 
၁၉၈၈ခုနှစ်မှ
 ၂၀၁၃ခုနှစ် အတွင်း လယ်မြေများနှင့်အခြား မြေများအား စီမံကိန်းမြေအဖြစ် 
၎င်းကုမ္ပဏီ များရဲ့ လုပ်ကွက်အဖြစ်  လည်းကောင်း၊သိမ်းဆည်းခြင်းများ   အပေါ် 
မိမိတို့အဖွဲ့အနေဖြင့်မှန် မှန်ကန်ကန် စုံစမ်းစစ်ဆေးရေး အတွက်သာဖြစ်ကြောင်း 
လယ်မြေ   များနှင့်အခြားမြေများအား စုံစမ်း   စစ်ဆေးရေး စကော်မရှင်မှ ဦး 
အောင်သိန်းလင်းမှဆိုပါသည်။
အဆိုပါကော်မရှင်ရဲ့တာဝန် နဲ့ပတ်သက်၍ဦးအောင်သိန်းလင်း မှ ““ကျွန်တော်တို့အဖွဲ့က ဒီလိုပါ လယ်သိမ်း ယာသိမ်းကိစ္စတွေသည် ကျွန်တော်တို့က လွှတ်တော်ကို တင်ပြသည်ဖြစ်စေ မတင်ပြ သည် ဖြစ်စေ တာဝန်ရှိတဲ့လူတွေ သိလို့ ရှိရင် သူတို့ဖြေရှင်းပေးဖို့တာဝန် ရှိတယ်။ အဲဒီတော့ ကော်မရှင် အဖွဲ့က ဖြေရှင်းပေးမှာမဟုတ်ပါ ဘူး။စုံစမ်းပေးတာဘဲရှိတယ်။
 အဲဒီ လို စုံစမ်းရင်းနဲ့မှ သူတို့အချင်းချင်း  
ညှိလိုက်လို့ အဆင်ပြေသွားတာ ကိုကတော့ ဘာမှပြောစ ရာမရှိ ပါ ဘူး။ 
ဒါနဲ့ပတ်သက်ပြီးလုပ်ပေးဖို့ လည်း တာဝန်မရှိပါဘူး။ဘာမှ 
လည်းပြောစရာမရှိဘူး။ဝန်ခံဖို့ လည်းမ ရှိဘူး။လူတွေထင်ထားတာ     က 
ငါတို့မှာအာဏာရှိတယ်။ ချက်ချင်းဆုံးဖြတ်နိုင်မဲ့လူတွေလို့   ထင်နေတာ 
ငါတို့ကစစ်ဆေးဆုံး    ဖြတ်ပိုင်ခွင့်မရှိဘူး တွေ့တဲ့ဟာ  
တွေကိုတင်ပြဖို့ပဲရှိတာပါ။ 
လူတွေ ကို အဲဒီလိုပြောလိုက်တော့လည်း   
ဒီအဖွဲ့တွေက စစ်တာစစ်တာပါ  ကွာ အခုထက်ထိလည်း တို့မြေ  
တွေလျော်ကြေးလည်းမရဘူး။ လယ်လည်းပြန်မရသေးဘူး။ အဲဒီ လိုတွေ သူတို့က ပြောကြတာ
 သူ တို့ကိုလည်း အပြစ်မမြင်ပါဘူး။ သူတို့ကလည်းရိုးသားကြတာကို 
အနှေးနဲ့အမြန်ဆိုသလိုဖြစ်လာမှာ ပါ။သူ တို့နစ်နာတာကိုသိလို့ မနစ် နာအောင် 
စုံစမ်းစစ်ဆေးဖော်ထုတ်  လို့ရတဲ့ တွေ့ရှိချက်တွေကို တိုက် တွန်း သွားမှာပါ 
ဒီကနေ့အစိုးရ အနေနဲ့ဆက်လက်ပြီးဖြေရှင်းပေး 
ပေါ့ဗျာ။ကျွန်တော်တို့ရဲ့အဖွဲ့သည်   သိမ်းဆည်းခံလယ်မြေတွေနှင့် 
အခြားမြေများကိုဖြေရှင်းပေးတာ မဟုတ်ပါဘူး။ 
စုံစမ်းစစ်ဆေးပေးပြီး  
အစိုးရကိုတင်ပြရတာဖြစ်ပြီး အစိုး   ရမှနေ နစ်နာသူတွေကို တစ်ချိန် တုန်းက 
ဒီအကွက်ကတော့ဖြင့် တပ်မြေ(သို့)စီမံကိန်း တစ်ခုခုလုပ် ခဲ့ရင် လုပ်ထားရင် 
ထိုက်သင့် တဲ့   လျော်ကြေးေ ပးမှာပါ။အခု ရုံးတင်  ဆောင်ရွက်နေတာဟာ ၁၉၈၈ 
ခုနှစ် နောက်ပိုင်းမှာဖြစ်ပေါ်ခဲ့တဲ့   မြေတွေအတွက်ပါ ဒါပြီးရင်တော့    
၁၉၈၈ခုနှစ် ဟိုဘက်အပိုင်းအတွက်     အစီအစဉ်ရှိပါကြောင်း၊ လယ်မြေ  
နှင့်အခြားမြေ များသိမ်းဆည်းခြင်း အား စုံစမ်းစစ်ဆေးရေးကော်မရှင်   အဖွဲ့မှ 
ဦးအောင်သိန်းလင်းမှဆို ပါသည်။
http://www.hotnewsweekly.com/archives/17994 
စိုးဝင်းနိုင် 
 
 
No comments:
Post a Comment