မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းနှင့်
 ရေနံရှာဖွေရေးလုပ်ငန်းများတွင် အကျိုးတူ ပူးပေါင်းဆောင် ရွက်လျက်ရှိသော 
South- East Asia Pipeline Company Limited  မှာ ရခိုင်ပြည်နယ် 
ရမ်းဗြဲကျွန်း အရှေ့ဘက် မဒဲကျွန်းမှ ကျင်းရီတောင်သို့ သွယ်တန်း လျက်ရှိသော
 ရေ အောက်ပိုက်လိုင်း သွယ်တန်းခြင်းလုပ် ငန်းများကို တိုင်းတာရေးရေယာဉ် Swamp
 Pipe Laying Barge "Ganapati"  ဖြင့် တိုင်းတာရေးလုပ်ငန်း များကို 
စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း သိရသည်။ အဆိုပါ တိုင်းတာ ရေးလုပ်ငန်းများ 
ကို ဇန်နဝါရီလ ၂ဝ ရက်နေ့မှ မတ်လ ၃၁ ရက်အထိ ဆောင်ရွက်သွားမည်ဖြစ်သည့်အတွက် 
တိုင်းတာရေးလုပ်ငန်း များ ဆောင် ရွက်နေစဉ် ကာလအတွင်း 
လုပ်ငန်းနှောင့်နှေးကြန့်ကြာမှု မဖြစ်ပေါ်စေ ရေးအတွက် လုပ်ငန်းခွင်ဧရိယာမှ 
လေးကီလိုမီတာ ပတ်လည်အတွင်း ရကြောင်း သတိပေးချက် ထုတ်ပြန်ထားကြောင်း 
သိရသည်။ ယင်းသို့ သတိပေးချက် ထုတ်ပြန်ထားချိန်အတွင်း သင်္ဘောကြီး၊ငယ်များ 
ကုန်တင် စက်လှေများ၊ ငါးဖမ်းသင်္ဘောများ၊ စစ်တပ်သမ္ဗာန်များ ဖြတ်သန်းသွားလာ 
ခြင်း၊ ကျောက်ချရပ်နားထားခြင်း၊ ငါးဖမ်း ဆီးခြင်းနှင့် ငါးဖမ်းကိရိယာများ 
ချထားခြင်းများ မပြုလုပ်ရန် ငါးလုပ်ငန်းဦးစီးဌာက အသိပေး ကြေညာ ထားကြောင်း 
သိရသည်။
No comments:
Post a Comment