Friday 15 March 2013

ကျောက်ဖြူမြို့နယ်အတွင်း လျှပ်စစ်မီး ၂၄နာရီ ရရှိစေရန် စတင်ဆောင်ရွက်

IMG_0384
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်တွင် ၂၄နာရီ မီး ရရှိ ရန်အတွက် လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနမှ ၂၀၁၃ခုနှစ် မတ် လမှ စတင်၍ ကွန်ကရစ်ဓါတ်တိုင်များ စိုက်ထူပြီး ဓါတ်ကြိုးအသစ်များ တပ်ဆင်နေကြောင်း သိရှိရသည်။
ယခင်က ကျောက်ဖြူမြို့တွင် လျှပ်စစ်ယူနစ် တစ်ယူနစ် လျှင် ၅၀၀ကျပ် ပေးဆောင်ရပြီး လျှပ်စစ်ဝန်ကြီးဌာနမှ အခြေခံ ၈ ယူနစ်အတွက် ၁၃၅၀ ကျပ်နှင့် နောက် တိုးယူနစ် ၁၀ ယူနစ်အတွက် ၄၀၀၀ကျပ် ၊ စုစုပေါင်း ယူနစ် ၁၈ ယူနစ်နှုန်း တစ်လလျှင် ၅၃၅၀ကျပ် မသုံးမနေရ


ဓါတ်အားခ ပေးဆောင်ခဲ့ရကြောင်း ကျောက်ဖြူမြို့ခံတစ်ဦးမှ ဘားမားဗီဂျေ မီဒီယာကို ပြောကြားသည်။ ဓါတ် အားလိုင်းများ သွယ်တန်းပြီးချိန်တွင် အခြားပြည်နယ်၊ တိုင်းများနည်းတူ လျှပ်စစ်ဓါတ်အားသုံး စွဲခ လျှော့ ကျစေလိုကြောင်း ၄င်းက ပြောသည်။

အဆိုပါ လုပ်ငန်းကို လျှပ်စစ်ဝန်ကြီးဌာနမှ ပြင်ပ companyများကို ကန်ထရိုက်စနစ်ဖြင့် တာဝန် ယူစေခြင်းဖြစ်ပြီး ကျောက်ဖြူမြို့ပေါ်ရှိ ရပ်ကွက် ၁၀ ခုနှင့် သောင်ရင်းကျေးရွာ အုပ်စု၊ ပြင်ဖြူမော်ကျေးရွာ အုပ်စု တို့ကို ဓါတ်အားလိုင်း သွယ်တန်းသွားမည်ဖြစ်ကြောင်း သိရသည်။

 အဆိုပါ companyများမှာ TinGyi Electrical Installation Co.Ltdနှင့် Invory Construction Co.Ltd တို့ဖြစ်ပြီး ဓါတ် တိုင်စိုက်ထူခြင်းနှင့် ဓါတ်အားလိုင်း သွယ်တန်းခြင်းလုပ်ငန်းကို ရက်ပေါင်း ၄၀ အတွင်း ပြီးစီးအောင် ဆောင် ရွက်ရန် လျာထားကြောင်း သိရသည်။ ဓါတ်အားလိုင်း သွယ်တန်းသည့် ကေဘယ်ကြိုးအမျိုးအစားမှာ 95 mm2 ACSR အမျိုးအစားဖြစ်ပြီး၊ 315 KV ထရန်စဖော်မာ ၂၁ လုံး ကျောက်ဖြူမြို့ပေါ် သို့ ရောက် ရှိနေပြီဖြစ်ကြောင်း သိရသည်။

-------------------
http://www.burmavjmedia.net/?p=19934  

No comments:

Post a Comment