Tuesday 22 January 2013

တောင်ပြို-မောင်တော-ဘူးသီးတောင် မြို့များသို့ ဆက်သွယ်သည့် ကားလမ်း ဖောက်လုပ်ပြီးစီး၍ ဆက်သွယ် သွားလာနိုင်ပြီ ဖြစ်ကြောင်း သိရ

Eleven Media Group

ဘင်းမ်စတက်လမ်းမကြီး၏ အစိတ်အပိုင်းဖြစ်သော တောင်ပြို-မောင်တော-ဘူးသီးတောင် မြို့များသို့ ဆက်သွယ်သည့်ကားလမ်း ဖောက်လုပ်ပြီး စီးနေပြီ ဖြစ်သဖြင့် တိုက်ရိုက် ဆက်သွယ်သွားလာနိုင်ပြီဖြစ်ကြောင်း သိရသည်။

အဆိုပါလမ်းပိုင်းတွင် ဘူးသီးတောင်-မောင်တော လမ်းပိုင်းသည် ယခင် ကတည်း က ရှိပြီးဖြစ်သော်လည်း မောင်တောမြို့မှ ဘင်္ဂလားဒေ့ရှ် နယ် စပ် တောင်ပြိုမြို့သို့ ဆက်သွယ်သည့်လမ်းပိုင်းကို တပ်မတော် ဆောက် လုပ်ရေး အဖွဲ့ (ဂျီအီး) မှ တာဝန်ယူဖောက်လုပ်ခဲ့ခြင်းဖြစ်ကြောင်းလည်း သိရသည်။

လက်ရှိတွင် ဘူးသီးတောင်မြို့မှ တောင်ပြိုမြို့ မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ် ချစ်ကြည်ရေး တံတားထိ မော်တော်ကားဖြင့် ကုန်စည်များကို ပို့ဆောင်နိုင်ပြီဖြစ်ကြောင်းလည်း သိရသည်။ 

သို့ရာတွင် ဘူးသီးတောင်မှ ကျောက်တော်သို့ ဆက်သွယ်မည့် လမ်းပိုင်းမှာ လမ်းကြမ်းအဖြစ်သာ ရှိနေသေးသဖြင့် သွားလာမရသေးကြောင်း နှင့် ကျောက်တော်မြို့နယ်၊ ကံစောက်ကျေးရွာ အနီးတွင် စစ်တွေ-ရန်ကုန် ကားလမ်းနှင့် ချိတ်ဆက်ထားသည့် လမ်းဖြစ်သည်။

အိန်္ဒိယနိုင်ငံ၊ တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံတို့ အပါအ၀င် အိမ်နီးချင်းနိုင်ငံ များနှင့် နိုင်ငံဖြတ်ကျော် အပြည်ပြည်ဆိုင်ရာ ကုန်သွယ်ရေးလမ်းမကြီး (၅) သွယ်အနက် ဘင်းမ်စတက်လမ်းမကြီးမှာ ရခိုင်ပြည်နယ် အနောက် ဘက်ဒေသ မောင်တောခရိုင် တောင်ပြိုမြို့မှ စတင်ကာ မောင်တော-ဘူး သီးတောင်-ကျောက်တော်-မင်းပြား-အမ်း-ပဒါန်းမြို့များမှ တဆင့် ပဲခူး တိုင်းဒေသကြီးအတွင်းရှိ ကံမမြို့၊ ပြည်မြို့တို့နှင့် ချိတ်ဆက်ကာ အုတ်တွင်း မြို့၊ ထန်းတပင်မြို့တို့တွင် ရန်ကုန်-မန္တလေး လမ်းမကြီးနှင့် ပေါင်းဆုံ မည်ဖြစ်ကြောင်း သိရသည်။

ထန်းတပင်မြို့တွင် အာရှအဝေးပြေး လမ်းမကြီး၊ အာဆီယံအဝေးပြေး လမ်းမကြီး၊ အိန်္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံပူးပေါင်းဆောင်ရွက်မည့် လမ်းမကြီး များနှင့် ပေါင်းဆုံသွားမည်ဖြစ်ကြောင်း သိရသည်။ 

အဆိုပါ လမ်းမကြီးစီမံကိန်းများကို ၂၀၁၅ ခုနှစ်အမီ အပြီးသတ်သွားမည်ဖြစ် ပြီး အိန်္ဒိယနိုင်ငံ၊ တရုတ်နိုင်ငံ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့နှင့် အာဆီယံနိုင်ငံများ၏ ကုန်သွယ်မှုကဏ္ဍတွင် အရေးပါသည့် ကုန်သွယ်ရေး လမ်းမကြီးများ ဖြစ်လာ မည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံကို ဖြတ်သန်းဖောက်လုပ်မည့် အဝေးပြေးကုန်သွယ်ရေး လမ်း မကြီး (၅) ခုမှာ မဟာမဲခေါင်မြစ်ဝှမ်းဒေသ လမ်းမကြီး၊ အာရှ အဝေး လမ်းမကြီး၊ အာဆီယံ အဝေးပြေးလမ်းမကြီး၊ ဘင်းမ်စတက် အဝေးပြေး လမ်းမကြီး၊ အိန်္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံပူးပေါင်းဆောင်ရွက်မည့် လမ်းမကြီး များဖြစ်ကြောင်း သိရသည်။        

Photo - Eleven Media Group

ဘင်းမ်စတက် အဝေးပြေးလမ်းမကြီး၏ တစ်စိတ်တစ်ပိုင်း တောင်ပြို-မောင်တော ကားလမ်း
Eleven Media Group
ဘင်းမ်စတက်လမ်းမကြီး၏ အစိတ်အပိုင်းဖြစ်သော တောင်ပြို-မောင်တော-ဘူးသီးတောင် မြို့များသို့ ဆက်သွယ်သည့်ကားလမ်း ဖောက်လုပ်ပြီး စီးနေပြီ ဖြစ်သဖြင့် တိုက်ရိုက်ဆက်သွယ်သွား လာနိုင်ပြီဖြစ်ကြောင်း သိရသည်။

အဆိုပါလမ်းပိုင်းတွင် ဘူးသီးတောင်-မောင်တော လမ်းပိုင်းသည် ယခင် ကတည်း က ရှိပြီးဖြစ်သော်လည်း မောင်တောမြို့မှ ဘင်္ဂလားဒေ့ရှ် နယ် စပ် တောင်ပြိုမြို့သို့ ဆက်သွယ်သည့်လမ်းပိုင်းကို တပ်မတော် ဆောက် လုပ်ရေး အဖွဲ့ (ဂျီအီး) မှ တာဝန်ယူဖောက်လုပ်ခဲ့ခြင်းဖြစ်ကြောင်းလည်း သိရသည်။

လက်ရှိတွင် ဘူးသီးတောင်မြို့မှ တောင်ပြိုမြို့ မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ် ချစ်ကြည်ရေး တံတားထိ မော်တော်ကားဖြင့် ကုန်စည်များကို ပို့ဆောင်နိုင်ပြီဖြစ်ကြောင်းလည်း သိရသည်။

သို့ရာတွင် ဘူးသီးတောင်မှ ကျောက်တော်သို့ ဆက်သွယ်မည့် လမ်းပိုင်းမှာ လမ်းကြမ်းအဖြစ်သာ ရှိနေသေးသဖြင့် သွားလာမရသေးကြောင်း နှင့် ကျောက်တော်မြို့နယ်၊ ကံစောက်ကျေးရွာ အနီးတွင် စစ်တွေ-ရန်ကုန် ကားလမ်းနှင့် ချိတ်ဆက်ထားသည့် လမ်းဖြစ်သည်။

အိန်္ဒိယနိုင်ငံ၊ တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံတို့ အပါအ၀င် အိမ်နီးချင်းနိုင်ငံ များနှင့် နိုင်ငံဖြတ်ကျော် အပြည်ပြည်ဆိုင်ရာ ကုန်သွယ်ရေးလမ်းမကြီး (၅) သွယ်အနက် ဘင်းမ်စတက်လမ်းမကြီးမှာ ရခိုင်ပြည်နယ် အနောက် ဘက်ဒေသ မောင်တောခရိုင် တောင်ပြိုမြို့မှ စတင်ကာ မောင်တော-ဘူး သီးတောင်-ကျောက်တော်-မင်းပြား-အမ်း-ပဒါန်းမြို့များမှ တဆင့် ပဲခူး တိုင်းဒေသကြီးအတွင်းရှိ ကံမမြို့၊ ပြည်မြို့တို့နှင့် ချိတ်ဆက်ကာ အုတ်တွင်း မြို့၊ ထန်းတပင်မြို့တို့တွင် ရန်ကုန်-မန္တလေး လမ်းမကြီးနှင့် ပေါင်းဆုံ မည်ဖြစ်ကြောင်း သိရသည်။

ထန်းတပင်မြို့တွင် အာရှအဝေးပြေး လမ်းမကြီး၊ အာဆီယံအဝေးပြေး လမ်းမကြီး၊ အိန်္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံပူးပေါင်းဆောင်ရွက်မည့် လမ်းမကြီး များနှင့် ပေါင်းဆုံသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ လမ်းမကြီးစီမံကိန်းများကို ၂၀၁၅ ခုနှစ်အမီ အပြီးသတ်သွားမည်ဖြစ် ပြီး အိန်္ဒိယနိုင်ငံ၊ တရုတ်နိုင်ငံ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့နှင့် အာဆီယံနိုင်ငံများ၏ ကုန်သွယ်မှုကဏ္ဍတွင် အရေးပါသည့် ကုန်သွယ်ရေး လမ်းမကြီးများ ဖြစ်လာ မည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံကို ဖြတ်သန်းဖောက်လုပ်မည့် အဝေးပြေးကုန်သွယ်ရေး လမ်း မကြီး (၅) ခုမှာ မဟာမဲခေါင်မြစ်ဝှမ်းဒေသ လမ်းမကြီး၊ အာရှ အဝေး လမ်းမကြီး၊ အာဆီယံ အဝေးပြေးလမ်းမကြီး၊ ဘင်းမ်စတက် အဝေးပြေး လမ်းမကြီး၊ အိန်္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံပူးပေါင်းဆောင်ရွက်မည့် လမ်းမကြီး များဖြစ်ကြောင်း သိရသည်။

Photo - Eleven Media Group

No comments:

Post a Comment