နေပြည်တော် အောက်တိုဘာ ၂၄
ရခိုင်ပြည်နယ်
ကျောက်ဖြူ မြို့နယ် ရပ်ကွက်(၂)ခု အတွင်း အောက်တိုဘာ ၂၃ ရက် ည ၈ နာရီခန့်မှ
စတင်ပြီး လူစုလူဝေးများက လူနေအိမ်များအား မီးရှို့ဖျက်ဆီးမှုများဖြင့်
လူမျိုးစုအချင်းချင်း ပဋိပက္ခဖြစ် ပွားမှုများ စတင်ခဲ့ရာ ဝိုင်းဝန်း
ထိန်းသိမ်းနိုင် ခဲ့သဖြင့် အောက်တို ဘာ ၂၄ရက် နံနက် ၁ နာရီခန့်တွင်
လူစုကွဲ သွားခဲ့သည်။ အဆိုပါ မီးရှို့မှု ဖြစ်စဉ်ကြောင့် အိမ်ခြေ (၆၉)လုံး
မီးလောင် ဆုံးရှုံးခဲ့ပြီး လူ၂ဝခန့် ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။
ကျောက်ဖြူ မြို့နယ် အဆိုပါ ရပ်ကွက် (၂)ခု၌ အောက်တိုဘာ ၂၄ ရက် နံနက် ၈ နာရီခန့်တွင် ထပ်မံ၍
ဆူပူ အကြမ်းဖက် မီးရှို့မှုဖြစ်စဉ်များဖြစ်ပေါ်ခဲ့ရာ ညနေ ၃နာရီခွဲ ခန့်အထိ
အိမ်ခြေ (၇ဝဝ)ကျော် မီးရှို့ ဖျက်ဆီးမှုများဖြစ်ပေါ် ခဲ့ကြောင်း၊ တစ်ယောက် သေ
ဆုံးပြီး ရှစ်ယောက် ဒဏ်ရာ ရရှိခဲ့ကြောင်း ကနဦး သတင်း ရရှိသည်။ ဖြစ်စဉ်
နေရာများသို့ ရခိုင်ပြည်နယ် အစိုးရ အဖွဲ့နှင့် တာဝန် ရှိသူများက
သွားရောက်ပြီး ကယ်ဆယ်ရေးနှင့်ပြန်လည် နေရာ ချထားရေး လုပ်ငန်းများ၊ တရား
ဥပဒေ စိုးမိုးရေး၊ ပြန်လည် တည် ငြိမ်ရေးနှင့် ပဋိ ပက္ခများ ထပ်မံ မဖြစ်ပွား
စေရေးတို့ အတွက် အရေးယူ ဆောင်ရွက်လျက် ရှိကြောင်း သတင်း ရရှိသည်။
http://www.myawady.net.mm/all-news/local-news/2012-10-25-02-56-13
No comments:
Post a Comment