Wednesday 24 October 2012

မင်းပြား၊ မြောက်ဦး၊ကျောက်ဖြူမြို့နယ်တို့တွင် ဖြစ်ပွားသော ပဋိပက္ခများနှင့် ပတ်သက်၍ လုံခြုံရေးတပ်ဖွဲ့ ၀င်အင်အားမြှင့်တင်ခြင်း၊ လုံခြုံရေးအဆင့် တိုးမြှင့်ခြင်းများဆောင်ရွက်ရန် နိုင်ငံတော်သမ္မတ ညွှန်ကြားထား

PDF Print
Thursday, 25 October 2012 09:42
ရခိုင်ပြည်နယ် မင်းပြား၊ မြောက်ဦး၊ ကျောက်ဖြူမြို့နယ်များတွင် အောက်တိုဘာလ ၂၁ ရက်နေ့မှ စတင် ဖြစ်ပွားခဲ့သော ပဋိပက္ခများနှင့်ပတ်သက်၍ လုံခြုံရေးတပ်ဖွဲ့ဝင်အင်အား မြှင့်တင်ခြင်း၊ လုံခြုံရေးအဆင့်တိုးမြှင့် ခြင်းများ ဆောင်ရွက်ရန် နိုင်ငံတော် သမ္မတမှ အောက်တိုဘာလ ၂၄ ရက် နေ့ ညနေပိုင်းတွင် ညွှန်ကြားချက် ထုတ်ပြန်ထားကြောင်း နိုင်ငံတော် သမ္မတရုံး ညွှန်ကြားရေးမှူးဦးဇော်ဌေး (မှူးဇော်)၏ facebook စာမျက်နှာတွင် ဖော်ပြထားသည်။


ရခိုင်ပြည်နယ်မင်းပြား၊ ကျောက် ဖြူနှင့် မြောက်ဦးမြို့နယ် များတွင် ဖြစ်ပွားလျက်ရှိသော မငြိမ်သက်မှုများအား ဥပဒေနှင့်အညီ ထိန်းသိမ်းရန်အတွက် အောက်တိုဘာလ ၂၂ ရက်နေ့တွင် ပုဒ်မ ၁၄၄ ထုတ်ပြန်ဆောင်ရွက်ခဲ့ကြောင်း သို့ရာတွင် လက်ရှိဖြစ်ပွား လျက်ရှိသောအခြေအနေများအရ ထိ ရောက်မှုနည်းပါးနေသဖြင့် ပဋိပက္ခများ အဓိကဖြစ်ပွားလျက်ရှိသော မြို့ နယ်များတွင် လုံခြုံရေးတပ်ဖွဲ့ဝင်အင် အားမြှင့်တင်ခြင်း၊ လုံခြုံရေးအဆင့် တိုးမြှင့်ခြင်းများဆောင်ရွက်ရန် သမ္မတမှ ညွှန်ကြားချက် ထုတ်ပြန်ခြင်းဖြစ်ကြောင်း သိရသည်။
ထို့ပြင် အောက်တိုဘာလ ၂၄ ရက် နေ့နံနက်ပိုင်းက မြောက်ဦးမြို့တွင် မြောက်ဦးနှင့် မင်းပြားမှ သံဃာတော်များ အပါအ၀င် အင်အားလေးသောင်းခန့် စုစည်း၍ ဘင်္ဂါလီများကို တိုက် ခိုက်ရန်စီစဉ်ခဲ့သည်မှာ မှန်ကြောင်း သို့ရာတွင် ပြည်နယ်အစိုးရတာဝန်ရှိ သူများ၊ တပ်မတော်နှင့်လုံခြုံရေးတပ် ဖွဲ့ဝင်များ၊ ဆရာတော်သံဃာတော် များ၊ ရခိုင်တိုင်းရင်းသား စည်းလုံးညီ ညွတ်ရေးပါတီဝင်များနှင့် မြို့မိမြို့ဖများ ၏ကြားဝင်စေ့စပ်ညှိနှိုင်းပေးမှုကြောင့် ပြေလည်မှုရရှိပြီ ဖြစ်ကြောင်းလည်း ဦးဇော်ဌေး(မှူးဇော်)က ၎င်း၏ facebook စာမျက်နှာတွင် ဖော်ပြထားသည်။
အောက်တိုဘာလ ၂၄ ရက်နေ့ နံနက်ပိုင်းက ကျောက်ဖြူမြို့တွင် လည်း ဘင်္ဂါလီအမျိုးသမီးများက ရခိုင် တိုင်းရင်းသားများ၏ နေအိမ်များသို့ မီးကွင်းများဖြင့် စတင်ပစ်ခတ်ရာမှ ပဋိပက္ခစတင်ဖြစ်ပွားခဲ့ပြီး အပြန်အလှန် မီးရှို့မှုများဖြစ်ပွားခဲ့ကြောင်း ယင်းနေ့ညနေပိုင်းတွင် ပဋိပက္ခ ဆက်လက်ဖြစ်ပွားခဲ့ရာ လုံခြုံရေးတပ်ဖွဲ့ဝင်များက ၀င်ရောက်ထိန်းသိမ်းဆောင်ရွက်ခဲ့ကြောင်း ကိုလည်းဖော်ပြထားပြီး အဆိုပါဖြစ်စဉ်ကြောင့်လူသေဆုံးမှု မရှိ သော်လည်း ဒဏ်ရာရသူ ၁၀ ဦးခန့်ရှိ ကြောင်း ဘင်္ဂါလီအချို့သည် လှေများ ဖြင့်ထွက်ပြေးသွားခဲ့ကြောင်း ဖော်ပြ ထားသည်။
ရခိုင်ပြည်နယ်မင်းပြားမြို့နယ် အတွင်းရှိကျေးရွာအချို့တွင် အောက်တို ဘာလ ၂၁ ရက်နေ့  ည ၁၀ နာရီ ၃၀ မိနစ်အချိန်မှ စတင်ပြီး လူနေအိမ်များ အား မီးရှို့ဖျက်ဆီးမှုများ စတင်ခဲ့ရာမှ မင်းပြားမြို့နယ်နှင့် မြောက်ဦးမြို့နယ် များတွင် ပဋိပက္ခများဖြစ်ပွားခဲ့ခြင်းဖြစ် ကြောင်း သိရသည်။
ရခိုင်ပြည်နယ်ကျောက်ဖြူမြို့ နယ်တွင် အောက်တိုဘာလ ၂၃ ရက် နေ့မှစတင်၍ ဆူပူအကြမ်းဖက်မီးရှို့မှု များဖြစ်ပွားခဲ့သဖြင့် ရခိုင်ပြည်နယ်အစိုး ရအဖွဲ့မှ ပဋိပက္ခများထပ်မံမဖြစ်ပွားစေ ရေးတို့အတွက် အရေးယူဆောင်ရွက်လျက်ရှိကြောင်း အောက်တိုဘာလ ၂၄ ရက်နေ့ည ၈ နာရီရုပ်မြင်သံကြား သတင်းတွင် ကြေညာချက်အရသိရှိရပါ သည်။

ရခိုင်ပြည်နယ်ကျောက်ဖြူ မြို့နယ် ရပ်ကွက်နှစ်ခုအတွင်း အောက်တိုဘာလ ၂၃ ရက်နေ့ည ၈ နာရီအချိန်မှစတင်ပြီး လူစုလူဝေးများက လူနေအိမ်များအား မီးရှို့ဖျက်စီးမှုများကြောင့် ပဋိပက္ခဖြစ် ပွားမှု များစတင်ခဲ့ရာ ၀ိုင်းဝန်းထိန်းသိမ်း နိုင်ခဲ့သဖြင့် အောက်တိုဘာလ ၂၄ ရက် နေ့နံနက်တစ်နာရီခန့်တွင် လူစုကွဲသွား ခဲ့ကြောင်း၊ အဆိုပါမီးရှို့မှုဖြစ်စဉ်ကြောင့် အိမ်ခြေ ၆၉ လုံး မီးလောင်ဆုံးရှုံးခဲ့ပြီး လူ ၂၀ ဦးခန့် ဒဏ်ရာရရှိခဲ့ကြောင်း သတင်းကြေညာချက်အရ သိရသည်။

ဆက်လက်၍အောက်တိုဘာလ ၂၄ ရက်နေ့နံနက် ၈ နာရီ အချိန်တွင် အဆို ပါရပ်ကွက်နှစ်ခု၌ပင် ထပ်မံ၍ဆူပူ အကြမ်းဖက်မီးရှို့မှု ဖြစ်စဉ်များဖြစ်ပွားခဲ့ ရာ ညနေ ၃ နာရီအချိန်အထိအိမ်ခြေ ၇၀၀ ကျော် မီးရှို့ဖျက်စီးခံခဲ့ရကြောင်း၊ တစ်ဦးသေဆုံးပြီး ရှစ်ဦးဒဏ်ရာရရှိခဲ့ ကြောင်း သတင်းကြေညာချက်အရ သိ ရသည်။

ယင်းဖြစ်ပွားရာနေရာများသို့ ရခိုင် ပြည်နယ်အစိုးရအဖွဲ့နှင့် ဒေသတွင်း တာဝန်ရှိသူများမှ သွားရောက်ပြီး ကယ်ဆယ် ရေးနှင့် ပြန်လည်နေရာချထားရေးလုပ် ငန်းများ တရားဥပဒေစိုးမိုးရေး ပြန်လည် တည်ငြိမ်ရေးနှင့် ပဋိပက္ခများ ထပ်မံမဖြစ်ပွားစေရေးတို့အတွက် အရေးယူဆောင်ရွက်လျက် ရှိကြောင်း သတင်းကြေညာချက်အရ သိရသည်။

အောက်တိုဘာ၂၁မှ၂၄ရက်နေ့ထိ အကြမ်းဖက်မှု ဖြစ်စဉ်များကြောင့် အိမ်ခြေပေါင်း ၁၀၀၀ကျော် မီးလောင်ဆုံးရှုံးခဲ့ရကြောင်း သိရသည်။
 http://www.news-eleven.com/index.php?option=com_content&view=article&id=16140:2012-10-25-03-15-43&catid=42:2009-11-10-07-36-59&Itemid=112     

No comments:

Post a Comment