Thursday 13 September 2012

စုံစမ်း စစ်ဆေးရေး ကော်မရှင် အဖွဲ့ဝင်များ ရခိုင်ပြည်နယ် အတွင်း ဆက်လက် စုံစမ်းလေ့လာ Print

ရန်ကုန် စက်တင်ဘာ ၁၃
ရခိုင်ပြည်နယ်သို့ ရောက်ရှိနေသည့် စုံစမ်းစစ်ဆေးရေး ကော်မရှင် အဖွဲ့ဝင်များသည် ပဋိပက္ခ ဖြစ်ပွားရာ ရခိုင်ပြည်နယ် အတွင်းရှိ မြို့နယ် အသီးသီးမှရပ်ကွက်၊ ကျေးရွာများနှင့် ကယ်ဆယ်ရေး စခန်းများကို   လှည့် လည် ကြည့်ရှု လေ့လာကြသည်။


စုံစမ်းစစ်ဆေးရေး ကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာမျိုးမြင့်၊  အတွင်းရေးမှူး ဒေါက်တာ ကျော်ရင် လှိုင်နှင့် ကော်မ ရှင် အဖွဲ့ဝင်များသည် စက်တင်ဘာ ၈ ရက်က ကျောက်တော်မြို့နယ် ရွာညာ ကျေးရွာနှင့် အပေါက်ဝ စံပြ ကျေးရွာတို့ရှိ မီးရှို့ဖျက်ဆီးခြင်း ခံရသည့် နေအိမ်များ၊ မြောက်ဦးမြို့နယ် အလယ်ရပ်ကွက်ရှိ  ပြန်လည် တည်ဆောက် နေသည့် နေအိမ်များကို လှည့်လည် ကြည့်ရှုလေ့လာကြပြီး မြို့မိမြို့ဖများအား တွေ့ ဆုံ မေးမြန်း စုံစမ်းကြသည်။
စက်တင်ဘာ ၉ ရက်က ရသေ့တောင်မြို့နယ်သို့  သွားရောက်ကြပြီး ရသေ့တောင်မြို့ မေယုခန်းမနှင့် ကူ တောင်စံပြ ကျေးရွာ၊ အနောက်ပြင် ကျေးရွာတို့၌ ပဋိပက္ခ ဖြစ်ပွားရခြင်းနှင့် စပ်လျဉ်း၍ ခိုင်မာသည့် အ ချက် အလက်များ၊ အထောက်အထား များရရှိရေးအတွက် တာဝန်ရှိသူ များ၊ ဒေသခံများ နှင့် တွေ့ ဆုံမေးမြန်း ကြ သည်။
တွေ့ဆုံပွဲ များတွင် ကော်မရှင် ဥက္ကဋ္ဌ ဒေါက်တာ မျိုးမြင့်က'' ဖြစ်ရပ်မှန်များနှင့် ပတ်သက်၍ ပြောစရာရှိလျှင်  ပွင့်ပွင့် လင်းလင်း ပြောကြား စေလိုကြောင်း၊ မိမိတို့အား ပြောဆိုသည့်  အတွက် အန္တရာယ် မရှိကြောင်းကို   မိမိတို့ အဖွဲ့ကအာမခံကြောင်း၊ ဘက်ပေါင်းစုံမှ နိုင်ငံအကျိုးစီးပွား အတွက်အကောင်းဆုံး လုပ် ဆောင်သွား မည် ဖြစ်ကြောင်း၊ ကော်မရှင်၏ ရည်ရွယ်ချက် အောင်မြင်ရေးအတွက် ဝိုင်းဝန်းကူညီ ကြစေ လိုကြောင်း'' ဖြင့် မိမိတို့၏ ခံစားချက်များ၊ နစ်နာဆုံးရှုံးမှုများ ကို ပြော ကြားနိုင်ရေး အတွက် အဖွင့်အမှာ စကား ပြောကြားသည်။
ကော်မရှင် အတွင်းရေးမှူး ဒေါက်တာ ကျော်ရင်လှိုင်ကလည်း ''ယခုကဲ့သို့ လာခြင်းသည် အဖြေတစ်ခုကို ပူးပေါင်း ရှာဖွေရန် လာရောက်ခြင်း ဖြစ်ကြောင်း၊ မိမိတို့ အနေဖြင့် တိုင်းပြည်အကျိုး၊ အမျိုးသားအကျိုး စီးပွားကို ရှေးရှုပြီး လုပ်ဆောင် သွားမည် ဖြစ်သည်ကို သံသယဖြစ်ရန် မလိုကြောင်း၊ မိမိတို့ ကော်မရှင်အား သိသင့် သိထိုက်သည် များကို ပြောပြရန်လိုကြောင်း၊ ခိုင်လုံသည့်  အထောက် အထားများ ရှိပါကလည်း မိမိတို့ ကော်မရှင်အား ပေးနိုင်ပါကြောင်း၊ သို့မှသာ မိမိတို့ကော်မရှင် အနေဖြင့် ပဋိပက္ခ ဖြစ်ပွားရသည့် အကြောင်းရင်း များကို ဖော်ထုတ်နိုင်ပြီး ရခိုင်ပြည်နယ်၏ စီးပွားရေးနှင့် လူမှုရေး ဖွံ့ဖြိုးတိုးတက်မှု ဆိုင်ရာများကို အကြံပြု နိုင်မည် ဖြစ်ကြောင်း'' ပြောကြားသည်။
ကော်မရှင် အဖွဲ့ဝင်များသည် စက်တင်ဘာ ၁ဝ ရက် နံနက် ၈ နာရီခွဲက မောင်တောမြို့နယ်  မောရဝတီ စံပြ ကျေးရွာသို့ ရောက်ရှိကြပြီး မောရဝတီ ကျောင်းတိုက်  ဆရာတော် သဒ္ဓမ္မ ဇောတိကဓဇ ဘဒ္ဒန္တဝိဇယအား ဖူးမြော် ကြည်ညိုကြကာ ယင်းကျောင်းတိုက်၌ ဒေသခံမြို့မိ မြို့ဖများနှင့် တွေ့ဆုံမေး မြန်းခဲ့သည်။
ထို့နောက် မောရဝတီ ကျေးရွာရှိ မီးရှို့ ဖျက်ဆီးခံထား ရသည့်နေရာများ၊ ကယ်ဆယ်ရေး စခန်းနှင့် ပြန် လည် နေရာချထားပေးမည့် နေအိမ်များ ဆောက်လုပ်ပြီးစီးမှု၊ သရေကုန် ဘောင်ကျေး ရွာ၌ နေအိမ် များ ပြန်လည် ဆောက်လုပ်ပြီး စီးမှုများကို ကြည့်ရှု လေ့လာကြပြီး မောင်တောမြို့ မြို့မကျောင်းတိုက်ရှိ ဆရာတော်  သံဃာတော် များအား ဖူးမြော်ကြသည်။
မွန်းလွဲပိုင်းတွင် မောင်တောခရိုင် အုပ်ချုပ်ရေးမှူးရုံး၌   နယ်စပ်ဒေသ လူဝင်မှု စစ်ဆေးရေး ကွပ်ကဲမှုဌာန ချုပ် ကွပ်ကဲရေးမှူး ဦးအောင်နိုင်ဦးက ဒေသအခြေ အနေနှင့် စပ်လျဉ်း၍ ရှင်းလင်း တင်ပြရာ ကော်မရှင် အဖွဲ့ဝင်များက သိလိုသည်များကို မေးမြန်းကြသည်။

ထို့နောက် ကော်မရှင် အဖွဲ့ဝင်များသည် ရွှေရင်အေး စံပြကျေးရွာသို့ သွားရောက်၍ မီးရှို့ဖျက်ဆီးခြင်း ခံခဲ့ရသည့် နေရာများ၌ နေအိမ်များ ပြန်လည် ဆောက်လုပ်နေမှုနှင့် ပြီးစီးမှုများ၊ ကယ်ဆယ်ရေး စခန်း ဖွင့်လှစ် ထားရှိမှုများကို ကြည့်ရှု စစ်ဆေးကြပြီး ဒေသခံ တိုင်းရင်းသား များအား တွေ့ဆုံမေးမြန်း ခဲ့သည်။ ဆက်လက် ၍ ညောင်ချောင်း ကျေးရွာသို့ ရောက်ရှိကြပြီး ကျေးရွာမှ အစ္စလာမ်ဘာသာဝင် များနှင့် တွေ့ဆုံ သည်။
စက်တင်ဘာ ၁၁ ရက် နံနက်ပိုင်းက မောင်တောမြို့ အခြေခံပညာ အထက်တန်းကျောင်း  ကယ်ဆယ်ရေး စခန်းနှင့် အောင်မြေ ဗောဓိသာသနာ့ ရိပ်သာ အလိုတော်ပြည့်  ကျောင်းတိုက်တို့၌ ဒေသခံများနှင့် လည်းကောင်း၊ မောင်တောမြို့ မြို့မကညင်တန်း သုသာန်ဗလီ၌ အစ္စလာမ်ဘာသာဝင်များနှင့် လည်းကောင်း တွေ့ဆုံ ဆွေးနွေး ကြသည်။
ဆက်လက်၍ မောင်တောခရိုင်အုပ် ချုပ်ရေးမှူးရုံး၌ ဒေသခံရပ်မိရပ်ဖများ၊ မောင်တောမြို့နယ် အုပ်ချုပ် ရေးမှူးရုံး၌ အစ္စလာမ် ဘာသာရေး ခေါင်းဆောင်များ၊ လေးမိုင်စခန်းရှိ အောင်ရိပ်သာ ရှင်းလင်းဆောင်၌ NGO နှင့်INGO အဖွဲ့အစည်းများမှ တာဝန်ရှိသူ များနှင့် တွေ့ဆုံကြသည်။
စုံစမ်း စစ်ဆေးရေး ကော်မရှင် အဖွဲ့ဝင်များသည် ဘူးသီးတောင်မြို့သို့လည်း သွားရောက် ကြပြီး   အောင်မြေ ဗောဓိလင်္ကာရ ဓမ္မဗိမာန်ကျောင်း၌ ဓမ္မဗိမာန် ဆရာတော်အား ဖူးမြော် ကြည်ညို ၍ ဒေသခံပြည်သူများနှင့် တွေ့ဆုံ ခဲ့ကြ သည်။
ထို့နောက် မြို့နယ်အုပ်ချုပ်ရေးမှူးရုံး၌ အစ္စလာမ်ဘာသာရေး ခေါင်းဆောင်များနှင့် တွေ့ဆုံ၍ ဘူး သီးတောင်မြို့ ကို မော်တော်ယာဉ် များဖြင့် လှည့်လည် ကြည့်ရှု ကြသည်။
စုံစမ်းစစ်ဆေးရေး ကော်မရှင်အဖွဲ့ဝင် များသည် စက်တင်ဘာ ၁၂ ရက် နံနက် ၁၁ နာရီတွင် ပေါက်တော မြို့နယ် ဆင်တက် မော်ကျေးရွာသို့ သွားရောက်ကြပြီး ရပ်မိရပ်ဖများ၊ ဒေသခံများနှင့် အစ္စလာမ် ဘာသာဝင် များအား တွေ့ဆုံမေးမြန်းကြ သည်။
ထိုမှတစ်ဆင့်   ပေါက်တောမြို့သို့ ရောက်ရှိကြပြီး  မြို့နယ် အုပ်ချုပ်ရေးမှူးရုံး အစည်းအဝေး ခန်းမ၌ မြို့နယ်မှ တာဝန်ရှိသူများ၊ ရပ်မိရပ်ဖများ နှင့်တွေ့ဆုံ၍ ကော်မရှင်ဥက္ကဋ္ဌ  ဒေါက်တာ မျိုးမြင့်နှင့် ကော်မရှင် အတွင်းရေးမှူး ဒေါက်တာ ကျော်ရင်လှိုင်တို့က  အမှာစကားပြောကြား ကြကာ သိရှိလိုသည် များ ကို မေးမြန်း စုံစမ်းကြသည်။
ထို့နောက် စုံစမ်း စစ်ဆေးရေး ကော်မရှင် အဖွဲ့ဝင်များသည် ပေါက်တောမြို့ ဘဝမ်းချောင်းဝစု ရပ်ကွက်၌ မီးရှို့ ဖျက်ဆီးခြင်း ခံရသည့် နေရာများနှင့်ယာယီ နေရာချထားပေးမှု အခြေအနေများကို မေးမြန်း စုံ စမ်း လေ့လာ ကြသည်။
စုံစမ်းစစ်ဆေးရေး  ကော်မရှင်၏ လုပ်ငန်းများ  အဆင်ပြေစေရေး အတွက် ပြည်နယ် လုံခြုံရေးနှင့် နယ် စပ် ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ထိန်လင်းနှင့် တာဝန်ရှိသူများက လိုက်ပါကူညီ ဆောင်ရွက် ပေးကြသည်။ 

http://www.myawady.com.mm/index.php/all-news/local-news/2012-09-14-03-24-59  

No comments:

Post a Comment