Tuesday 24 July 2012

ဂွဈေး ဆိုင်ခန်းများ ပိုင်ရှင်လက်သို့ သြဂုတ်လ ရောက်မည်

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

ရန်ကုန် (မဇ္ဈိမ) ။      ။ မေလ ၁၈ ရက်က မီးသင့်ခဲ့၍ အသစ် ပြန်လည် ဆောက်လုပ်နေသည့် စမ်းချောင်းမြို့နယ် ဗဟိုလမ်းနှင့် မကြီးကြီးလမ်းထောင့်ရှိ ရှမ်းလမ်းဈေး (ဂွဈေး)မှ ဈေးဆိုင်ခန်းများအား သြဂုတ်လအတွင်း ဆိုင်ခန်းပိုင်ရှင် များသို့ ပြန်လည်အပ်နှံရန် စီစဉ်လျက်ရှိကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ (ဈေးများဌာန)မှ တာဝန်ရှိသူတဦးက ပြောသည်။



ရှမ်းလမ်းဈေးကို ရန်ကုန် စည်ပင်သာယာက ကျပ်သိန်းတထောင် အကုန်အကျခံကာ ဇွန်လက စတင်ဆောက်လုပ်ခဲ့ပြီး ယနေ့အချိန်တွင် ၈၀ ရာခိုင်နှုန်း နီးပါး ပြီးစီးနေပြီဖြစ်ကာ ဈေးအသစ် ပြန်လည် တည်ဆောက်မှု အတွက် ကုန်ကျစရိတ် များကို ဈေးသူ/ဈေးသားများ ထံမှ ပြန်လည်ကောက်ခံမည် မဟုတ်ကြောင်း ဈေးများဌာနမှ ဒုတိယဌာနမှူး ဦးမောင်မောင်အေး က ပြောသည်။

အသစ်ပြန်လည် ဆောက်လုပ်နေသည့် ရှမ်းလမ်းဈေးတွင် ဈေးရုံ ငါးရုံ၊ ဈေးဆိုင်ခန်းပေါင်း၂၂၀ ခန့် ရှိကာ ဆိုင်ခန်း တခန်းလျှင် ငါးပေပတ်လည် အကျယ်ရှိသည်။

ဈေးသစ် ဆောက်လုပ်မှု မပြီးစီးသေးသည့်အတွက် ဈေးသည်များအနေဖြင့် ဈေးနံဘေးတွင် ယာယီ အမိုးအကာများဖြင့်
ရောင်းချလျက်ရှိပြီး တချို့သော ဆိုင်ခန်း ပိုင်ရှင်များအနေဖြင့် ဆောက်လုပ်မှု မပြီးစီးသေးသော်လည်း အပြင်တွင် ဆိုင်ခန်းတခန်းကို ကျပ် ၂၅ သိန်းနှင့် သိန်း ၃ဝ အကြား အရောင်းအဝယ် ပြုလုပ်လျက်ရှိကြောင်း သိရသည်။

http://www.mizzimaburmese.com/news/breaking-newsbrief/9674-2012-07-23-09-38-13.html

No comments:

Post a Comment