Friday, 15 March 2013

လေးမြို့စီမံကိန်းအား ရပ်နားမည်မဟုတ်ဟုဆို


ရခိုင်ပြည်နယ်အတွင်း အကောင်အထည်ဖော် တည်ဆောက်နေသည့် ရေအားလျှပ်စစ် စီမံကိန်းကြီးလေးခု အနက် တစ်ခုအပါအဝင် ဖြစ်သော မြောက်ဦးမြို့နယ်ရှိ လေးမြို့ရေးအားလျှပ်စစ် စီမံကိန်းအား ရပ်နားသွား မည်မဟုတ်ကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့ဝင် လျှပ်စစ်နှင့်စက်မှုလက်မှုဝန်ကြီးဌာန ဝန်ကြီး ဦးသာ လူချေက ထုတ်ဖော်ပြောကြားသည်။

''အခုက အားလုံးရပ်နေ တာပဲလေ။ သူဌေးချောင်းရော၊ လေးမြို့ပါ၊ အမ်းပါ၊ စိုင်းဒင်ပါ လုပ် ငန်း အနေအထား အရ ရပ်ထားရ ပါတယ်။ မိုးလွန်လို့ လုပ်ငန်းပြန် စချင်လည်း စမယ်လေ။ ပြီးတော့ လေးမြို့စီမံကိန်းကိုလည်း ရပ်နား မယ်ဆိုတာဟာလည်း တစ်ခုမှ တော့ ရေရေရာရာမဟုတ်ပါဘူး'' ဟု ယင်းက  ဆိုသည်။

အဆိုပါ စီမံကိန်း တည်ဆောက်ပါက ယင်းနှင့် အနီးပတ်ဝန်းကျင်တွင် နေထိုင်ကြသည့် ကျေးရွာပေါင်း ၇ဝ ကျော်မှာ ပြောင်းရွှေ့ တည်ဆောက်ရဖွယ် ရှိ ကြောင်း ဒေသခံများက ပြော သည်။

''ဒီစီမံကိန်းကို လာလုပ်ကြတာ ဒေသခံတွေကိုလည်း ဘာမှထုတ်ဖော်ပြောကြားတာ မရှိပါဘူး။ ဇွန်လအ တွင်း ဆူပူအကြမ်း ဖက် မှုတွေစဖြစ်ပြီးတဲ့ နောက်ပိုင်းတော့ အဲဒီစီမံကိန်းကို ရပ်ထားတာကို တွေ့ရတယ်။ ဘယ်အချိန် ထလုပ်လာမယ်တော့ မသိဘူး။ အဲဒီ စီမံကိန်းကိုလုပ်ရင်တော့ အနီးပတ်ဝန်းကျင်မှာ နေ ထိုင်ကြတဲ့ ကျေးရွာပေါင်း ၁၅ဝ ကျော်အထဲ ၇ဝ ကျော်လောက်က အဲဒီနေရာမှာ နေလို့မရတော့ပါ ဘူး။ ပြောင်းရွှေ့သွားရမယ့် အနေအထားမှာ ရှိပါတယ်။ ပြီးတော့ လေးမြို့မြစ်ရေကိုပဲ သောက်သုံးရေအဖြစ် အသုံးပြုကြတဲ့ စီမံကိန်းရဲ့ အောက်ဘက်မှာရှိကြတဲ့ ကျေးရွာတွေကလည်း ရေခမ်းမြောက် မှုကြောင့် တော်တော်လေးအခက်ကြုံ လာနိုင်ပါတယ်။ နောက်ပြီး စီမံကိန်း တည်ဆောက်လိုက်လို့ ရှိ ရင် လေးမြို့မြစ် ရေကိုလည်း သောက်သုံးလို့ ရတော့မယ်မထင်ဘူး'' ဟု မြောက်ဦးမြို့နယ်ရှိ လူငယ်ကွန်ရက်မှ တာ ဝန်ရှိသူတစ်ဦးက ပြောသည်။

အဆိုပါ စီမံကိန်းကြောင့် ဒေသတွင်းရှိ ကျေးရွာ ၇ဝ ကျော် တို့မှာ ဆည်နှင့်မိုင်ပေါင်း ၄ဝ ခန့်အကွာ သို့ ပြောင်းရွှေ့ကြ ရမည်ဖြစ်ကာ လေးမြို့ဒေသတွင်း နေထိုင် ကြသူများမှာ စိုက်ပျိုးရေးလုပ်ငန်း ဖြင့် အသက်မွေးနေကြသူများဖြစ်ပြီး မြစ်အောက်ပိုင်းရှိ ဒေသခံများ လုပ်ကိုင်စားသောက်နေကြ သည့် မြေနု ကျွန်းများ၊ ဥယျာဉ်ခြံမြေများ၊ လယ်မြေများမှာလည်း ဆားငန်ရေ တိုးဝင်လာမှုကြောင့် ပျက်စီးဆုံးရှုံးမှုများနှင့် ကြုံရမည်ဖြစ်သဖြင့် စီမံကိန်းကို ရပ်တန့်ပေးရန် ဒေသခံများ၏ သဘောထားကို နိုင်ငံတော် အစိုးရထံသို့ တင်ပြသွားမည်ဖြစ်ကြောင်းလည်း သိရသည်။

အဆိုပါ စီမံကိန်းကို မြောက်ဦးမြို့နယ်၊ ဖပြိုချေကျေးရွာ အနီးတွင် ၂ဝဝ၈ ခုနှစ်မှစတင်၍ Shwe Taung Hydropower Co.Ltd နှင့် China Datang Overscas Ivestment Co. Ltd- CDOIC တို့မှ စမ်းသပ်ဆောက် လုပ်နေကြခြင်းဖြစ်ပြီး လေးမြို့ ချောင်းသည် အကြီးစားရေအားလျှပ်စစ် ထုတ်လုပ်နိုင်သည့်နေရာ တစ်ခုဖြစ် သည့်အတွက် လျှပ်စစ်ဓာတ်အား ၅ဝဝ မဂ္ဂါဝပ် တပ်ဆင် နိုင်မည်ဖြစ် ကာ စီမံကိန်းမှ တစ်နှစ်လျှင် ပျမ်းမျှ လျှပ်စစ်ဓာတ်အားပမာဏ စုစုပေါင်း ၄၁၁၅ ကီလိုဝပ် နာရီသန်းအထိ ထုတ်ယူရရှိနိုင် မည်ဖြစ်ကြောင်း သိရသည်။

''ဒီစီမံကိန်းကို တည် ဆောက်လိုက်လို့ရှိရင် ကျွန်တော်တို့ လေးမြို့ဒေသရဲ့ သဘာဝ အလှအပတွေကို ထိခိုက်ပျက်စီးစေနိုင် မှာဖြစ်ပြီး ဒေသခံတွေရဲ့ လူမှုစီးပွားဘဝကိုလည်း ထိခိုက်နိုင်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ ဒေသခံတွေအနေနဲ့ အဲဒီစီမံကိန်း ရပ်ဆိုင်းရေးကိုသာ လိုလားနေကြ ပါတယ်။ ရပ်လည်း ရပ်ပေးစေချင်ပါတယ်'' ဟု လေးမြို့ဒေသခံတစ်ဦးက ပြောသည်။

လေးမြို့ဒေသ၏ သဘာဝပတ်ဝန်းကျင်နှင့် ဒေသခံ တိုင်းရင်းသားများ၏ လူမှုစီးပွားဘဝကို ထိခိုက် ပျက်စီး စေနိုင်သော လေးမြို့ ရေအား လျှပ်စစ်စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက် နေမှုကို ၂ဝ၁၂ ခုနှစ်၊ စက်တင်ဘာ ၂၅ ရက်နှင့် ၂၆ ရက်များတွင် ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့တွင် ကျင်းပခဲ့သော ရခိုင်တစ်မျိုးသားလုံးအား ကိုယ်စားပြုသည့် ရခိုင်ဒေသ လူထုအစည်းအဝေးပွဲ ကြီးမှလည်း ကန့်ကွက်ခဲ့ကြ သည်။
-------------------------------  
http://www.zaygwet.com/local_news_detail.php?id=5822 
ဆြာကု

No comments:

Post a Comment