Wednesday 16 January 2013

မြန်မာငွေတန်ဖိုး အမြင့်ဆုံးရောက်၍ မောင်တောနယ်စပ်ကုန်သွယ်မှု လုပ်ငန်းများ ကျဆင်း

မြန်မာငွေတန်ဖိုး အမြင့်ဆုံးရောက်၍ မောင်တောနယ်စပ်ကုန်သွယ်မှု
လုပ်ငန်းများ ကျဆင်း
Wednesday, January 16, 2013

မြန်မာ-ဘဂ်လားဒေ့ရှ် မောင်တောနယ်စပ်မှ တစ်ဖက်နိုင်ငံသို့ တစ်ပိုင်
တစ်နိုင် သွားရောက်လိုသူများအား သက်ဆိုင်ရာမှ ဗီဇာ(Passports)များကို ပိတ်ရက်မရှိ ထုတ်ပေးနေသော်လည်း နှစ်ဘက် အပြန် အလှန် တစ်ပိုင်
တစ်နိုင်ကုန်သွယ်သူဦးရေ ကျဆင်းနေကြောင်း မောင်တောနယ်စပ် အခြေစိုက် အသေးစားလုပ်ငန်းရှင်များထံက သိရသည်။

လက်ရှိမောင်တော နယ်စပ်ငွေလဲလှယ်မှုဈေးကွက်အတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသုံး တာကာ (၁၀၀) လျှင် မြန်မာငွေကျပ် (၇၉၅)ကျပ်နှင့်ညီမျှသည့် ဈေးပေါက်လျှက်ရှိပြီး ၊ အဆိုပါပေါက်ဈေးမှာ ဆယ်စု နှစ်တာကာလများအတွင်း မြန်မာကျပ်ငွေ တန်ဖိုးအမြင့်ဆုံးသို့
ရောက်ရှိလာခြင်းဖြစ်ကြောင်း ငွေလဲလှယ်မှုဈေးကွက် မှတ်တမ်းများအရ သိရသည်။

“ဒီနှစ်ပွင့်လင်းရာသီ တစ်ပိုင်တစ်နိုင်ကုန်သွယ်သူဦးရေက တစ်နေ့မှာ  
(၄၀)မှ (၆၀)အတော အတွင်းလောက်ပဲ သွားလာမှုတွေရှိ ကြပါတယ် ။
ဘင်္ဂလားဒေ့ရှ်မှလည်း ဒီကို လာရောက်သူဦးရေ ကလည်း (၂၀)၊ (၃၀)ဦးရေလောက်ပဲ အလာရှိပါတယ်။ အဓိကတော့ မြန်မာကျပ်ငွေ တန်ဖိုးမြင့်မားနေတာနဲ့ ဒေသတွင်းစီးပွားရေး တိုးတက်နှုန်း နှေးကွေးနေ
တာကလည်း တိုက်ရိုက် သက်ရောက်မှုရှိတာပေါ့” ဟု မောင်တောနယ်စပ် အခြေစိုက်တစ်ပိုင်တစ်နိုင်ပို့ကုန်လုပ်ငန်းရှင်ကြီး ဦးကျော်စံလှက ကုန်သွယ်မှုကျဆင်းနေခြင်းနှင့်ပတ်သက်၍ ပြောသည်။

ပုံမှန်အားဖြင့် မောင်တောနယ်စပ်ကုန်သွယ်ရေးဆိတ်ကမ်းမှ  ပွင့်လင်း
ရာသီတွင် ဘင်္ဂလားဒေ့ရှ်သို့ တစ်ပိုင် တစ်နိုင်သွားရောက် ကုန်သွယ်သူ
ဦးရေမှာ လူ(၁၀၀)ကျော်နှင့်အထက်ရှိ တတ်ပြီး အလားတူ တစ်ဖက်မှ လာရောက်ကုန်သွယ်သူများလည်း (၈၀)နှင့်(၁၀၀)၀န်းကျင်အကြား
ရှိကြောင်း သိရသည်။

တစ်ပိုင်တစ်နိုင် ကုန်သွယ်မှုကျဆင်းနေရခြင်းနှင့်ပတ်သက်၍ ဇန်န၀ါရီလ(၁၂)ရက်နေ့ က ဘင်္ဂလားဒေ့ရှ် သို့ သွားရောက်ရန်
ပြင်ဆင်နေသော ပို့ကုန်သမားတစ်ဥိးက ယခုကဲ့သို့ ဆိုသည်။

“ အလုပ်မရှိလို့ လုပ်နေရတဲ့ သဘောပါ။ မြန်မာငွေကျပ်တန်ဖိုးက မြင့်နေလို့ အရင်လိုအဆင်မပြေတာနေမှာ နယ်စပ်စီးပွားရေး   နှေးကွေးနေတာက တစ်မှောင့်ဆိုတော့ ပိုအထိနာတာပေါ့ဗျာ။” ဟု ပို့ကုန်လုပ်ငန်းရှင်
တစ်ဦးက ပြောသည်။

အာရကန်ကိုကို - မောင်တော(မြစ်မခ)
Myit Makha Mediagroup
Wednesday, January 16, 2013

မြန်မာ-ဘဂ်လားဒေ့ရှ် မောင်တောနယ်စပ်မှ တစ်ဖက်နိုင်ငံသို့ တစ်ပိုင် တစ်နိုင် သွားရောက် လိုသူများအား သက်ဆိုင်ရာမှ ဗီဇာ (Passports) များကို ပိတ်ရက်မရှိ ထုတ်ပေးနေသော် လည်း နှစ်ဘက် အပြန် အလှန် တစ်ပိုင်
တစ်နိုင်ကုန်သွယ်သူဦးရေ ကျဆင်းနေကြောင်း မောင်တောနယ်စပ် အခြေစိုက် အသေးစားလုပ်ငန်းရှင်များထံက သိရသည်။

လက်ရှိမောင်တော နယ်စပ်ငွေလဲလှယ်မှုဈေးကွက်အတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသုံး တာကာ (၁၀၀) လျှင် မြန်မာငွေကျပ် (၇၉၅)ကျပ်နှင့်ညီမျှသည့် ဈေးပေါက်လျှက်ရှိပြီး ၊ အဆိုပါပေါက်ဈေးမှာ ဆယ်စု နှစ်တာကာလများအတွင်း မြန်မာကျပ်ငွေ တန်ဖိုးအမြင့်ဆုံးသို့
ရောက်ရှိလာခြင်းဖြစ်ကြောင်း ငွေလဲလှယ်မှုဈေးကွက် မှတ်တမ်းများအရ သိရသည်။

“ဒီနှစ်ပွင့်လင်းရာသီ တစ်ပိုင်တစ်နိုင်ကုန်သွယ်သူဦးရေက တစ်နေ့မှာ
(၄၀)မှ (၆၀)အတော အတွင်းလောက်ပဲ သွားလာမှုတွေရှိ ကြပါတယ် ။
ဘင်္ဂလားဒေ့ရှ်မှလည်း ဒီကို လာရောက်သူဦးရေ ကလည်း (၂၀)၊ (၃၀)ဦးရေလောက်ပဲ အလာရှိပါတယ်။ အဓိကတော့ မြန်မာကျပ်ငွေ တန်ဖိုးမြင့်မားနေတာနဲ့ ဒေသတွင်းစီးပွားရေး တိုးတက်နှုန်း နှေးကွေးနေ
တာကလည်း တိုက်ရိုက် သက်ရောက်မှုရှိတာပေါ့” ဟု မောင်တောနယ်စပ် အခြေစိုက်တစ်ပိုင်တစ်နိုင်ပို့ကုန်လုပ်ငန်းရှင်ကြီး ဦးကျော်စံလှက ကုန်သွယ်မှုကျဆင်းနေခြင်းနှင့်ပတ်သက်၍ ပြောသည်။

ပုံမှန်အားဖြင့် မောင်တောနယ်စပ်ကုန်သွယ်ရေးဆိတ်ကမ်းမှ ပွင့်လင်း
ရာသီတွင် ဘင်္ဂလားဒေ့ရှ်သို့ တစ်ပိုင် တစ်နိုင်သွားရောက် ကုန်သွယ်သူ
ဦးရေမှာ လူ(၁၀၀)ကျော်နှင့်အထက်ရှိ တတ်ပြီး အလားတူ တစ်ဖက်မှ လာရောက်ကုန်သွယ်သူများလည်း (၈၀)နှင့်(၁၀၀)၀န်းကျင်အကြား
ရှိကြောင်း သိရသည်။

တစ်ပိုင်တစ်နိုင် ကုန်သွယ်မှုကျဆင်းနေရခြင်းနှင့်ပတ်သက်၍ ဇန်န၀ါရီလ(၁၂)ရက်နေ့ က ဘင်္ဂလားဒေ့ရှ် သို့ သွားရောက်ရန်
ပြင်ဆင်နေသော ပို့ကုန်သမားတစ်ဥိးက ယခုကဲ့သို့ ဆိုသည်။

“ အလုပ်မရှိလို့ လုပ်နေရတဲ့ သဘောပါ။ မြန်မာငွေကျပ်တန်ဖိုးက မြင့်နေလို့ အရင်လိုအဆင်မပြေတာနေမှာ နယ်စပ်စီးပွားရေး နှေးကွေးနေတာက တစ်မှောင့်ဆိုတော့ ပိုအထိနာတာပေါ့ဗျာ။” ဟု ပို့ကုန်လုပ်ငန်းရှင်
တစ်ဦးက ပြောသည်။

အာရကန်ကိုကို - မောင်တော(မြစ်မခ)
Myit Makha Mediagroup

No comments:

Post a Comment