ရခိုင်အမျိုးသား အင်အားစုတွေ အစည်းအဝေးပြုလုပ်"
 
 ရခိုင်အမျိုးသမီးများ အစည်းအရုံး (RWU)၊ ရခိုင်အမျိုးသား ညီညွတ်ရေးပါတီ 
(NUPA)၊ ရခိုင့်တပ်မတော် (AA)တို့နဲ့ Shwe Gas အဖွဲ့တွေက ဦးစီးပြီး 
ပထမအကြိမ်မြောက် ရခိုင်အမျိုးသားများ စုစည်းပြီး ဆွေးနွေးပွဲတခုကို 
ထိုင်းမြန်မာနယ်စပ်တနေရာမှာ (၄)ရက်ကြာ ကျင်းပပြီး အမျိုးသားညီညွတ်ရေး 
လုပ်ငန်းစဉ်တွေ ချမှတ်နိုင်ခဲ့ တယ်လို့ သိရပါတယ်။
 
 
ကိုယ့်ကံကြမ္မာကို ဖန်တီးရာမှာ တစ်မျိုးသားလုံးတူညီတဲ့ သဘောထားတွေကို 
ချမှတ်ပြီး စည်းလုံးညီညွတ်ရေး ကိုတည်ဆောက်တဲ့အနေနဲ့ 
ဒီဆွေးနွေးပွဲကျင်းပတာဖြစ်ပြီး၊
 လွန်ခဲ့တဲ့ လပိုင်းတွေက ရခိုင်ပြည်နယ်အတွင်းမှာ ဖြစ်ပွားခဲ့တဲ့ 
အဖြစ်အပျက်တွေနဲ့ ပတ်သက်လို့ ဝိုင်းဝန်း အဖြေရှာကြပြီး ရှေ့ဆက်ရမယ့် 
နည်းလမ်းတွေကို ချမှတ်ကြပါတယ်လို့ ဦးဆောင်သူတွေက ပြောပါတယ်။
 
 ဇန်နဝါရီလ(၁၁)ရက်ကနေ (၁၄)ရက်နေ့အထိ ကျင်းပတဲ့ ဒီဆွေးနွေးးပွဲကနေ 
ချမှတ်လိုက်တဲ့ ဆုံးဖြတ်ချက်တွေနဲ့ ပတ်သက်လို့ ရခိုင်အမျိုးသမီးအစည်းအရုံး 
ဥက္ကဌ ဒေါ်စောမြရာဇာလင်းက အခုလိုပြောပါတယ်။
 
 “အရေးကြီးတဲ့ 
ဆုံးဖြတ်ချက်ကတော့ ရခိုင့်ကံကြမ္မာကို ရခိုင်တို့ ဖန်တီးနိုင်ရေးဆိုတဲ့ 
မှုအပေါ်မှာ အားလုံး လက်တွဲ ညီညွတ်စွာ ဆောင်ရွက်သွားဖို့ ရခိုင်တမျိုးသားလုံး
 ညီညွတ်ရေးအတွက် ဆက်လက်ဆောင်ရွက်သွားဖို့၊ ရခိုင်အမျိုးသား ညီညွတ်ရေး 
အကျိုးဆောင်ကော်မတီကို ကျမတို့ ဒီအစည်းအဝေးကပဲ ဖွဲ့စည်းနိုင်ခဲ့ကြပါတယ်၊ 
နောက်ပြီးတော့ တရားမဝင် ကျမတို့တိုင်းပြည်မှာ နေထိုင်လာကြတဲ့ 
တခြားလူမျိုးတွေရဲ့ ကိစ္စနဲ့ ပတ်သက်ပြီးတော့ (၁၉၈၂)ခုနှစ် နိုင်ငံသား ဖြစ်မှု
 ဥပဒေအရ နိုင်ငံသား စီစစ်ရေး လှုပ်ရှားမှုတွေကို မှန်ကန်စွာ ပြုလုပ်ပြီးတော့ 
ဥပဒေနဲပအညီ အမြန်ဆုံးဆောင်ရွက်ပေးဖို့ အတွက် လက်ရှိမြန်မာနိုင်ငံ အစိုးရကို
 ကျမတို့ တောင်းဆိုတဲ့ သဘောထားတွေ ချပါတယ်”
 
 ဒါ့အပြင် 
(၂၀၁၀)ခုနှစ် စက်တင်ဘာလက ကျင်းပခဲ့တဲ့ ရသေ့တောင် အစည်းအဝေးက 
ဆုံးဖြတ်ချက်တွေကို အတည်ပြုကြောင်း၊ လူမှုကွန်ယက်အသီးသီးကချမှတ်ထားတဲ့
 တောင်ကုတ်ညီလာခံ ဆွေးနွေးချက်တွေကို သဘောတူညီကြောင်း၊ ရခိုင်ပြည်နယ်နဲ့ 
မလေးရှားနိုင်ငံမှာ ရောက်ရှိနေတဲ့ ရခိုင်အမျိုးသားတွေ အသက်အန္တရယ် ရင်ဆိုင် 
နေရတာတွေကိုလည်း သက်ဆိုင်ရာ အစိုးရတွေကို တင်ပြတောင်းဆိုသွားမယ်လို့လည်း 
သူက ပြောပါတယ်။
 
 ကချင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေကို 
နိုင်ငံရေးအရ တွေ့ဆုံ ဆွေးနွေးဖို့ တောင်းဆိုကြောင်းလည်း ဒီညီလာခံကနေ   
ဆူံဖြတ်ချက်ချမှတ်ခဲ့ပါတယ်၊ 
 ဒီဆွေးနွေးပွဲကို အဖွဲ့ပေါင်း(၁၇)ဖွဲ့မှ 
ကိုယ်စားလှယ်ပေါင်း (၄၀)ကျော်တက်ရောက်ခဲ့ပြီး ၂၀၀၄ခုနှစ်နောက်ပိုင်း 
ပထမဆုံးအကြိမ်   ရခိုင်အမျိုးသားခေါင်းဆောင်တွေ ညီညီညွတ်ညွတ် တွေ့ဆုံပြီး 
ဆုံးဖြတ်ချက်တွေ ချမှတ်နိုင်ခဲ့တာလို့လဲ သိရပါတယ်။
Ref- RFA 
 
 
 
 
          
      
 
  
 
 
 
 
 
 
 
 
 
 
 
No comments:
Post a Comment