၁။“ယောက္ခမ
ကြီးဆူလို့ ဆဲxxxအိမ်ခွဲ ပါလို့ ဆောက် ရအောင်ဗျxxx မဲဇာဆို ရွှေလီထဲxxx
မဲဇာဆို ရွှေလီထဲမှာxxx (၀ါးတွဲခဲ့ ပျိုတို့မောင်ရေxxx ၀ါးတွဲခဲ့ ပျိုတို့
မောင်ရေxxx တစ်ဆောင် နှစ်ဆောင်
ကျယ်ကျယ် ဆောက်မှxxx သုံးဆောင် လေးဆောင်ကျယ် ကျယ် ဆောက်မှxxx နေလောက်မယ်xxx ပျို့သက်ထားရယ်xxx အလို ဗျာxxx
သားတွေကများxxxသား xxxတွေကများxxxများ” ဘွား ရင်ငွေရဲ့ စိတ်ထဲမှာ
ဒီစာသား တွေက တစ်မနက်လုံး ကိုစွဲနေတာ။ မနက်က ဘုရားရှိခိုး တော့လည်း အဲဒီစာသားတွေက အာရုံမှာ လာကပ် လို့ ခေါင်းလေး အသာယမ်း၊ မျက်လုံး လေးစုံမှိတ်၊
ဦးသုံး ကြိမ်ချပြီး ဘုရားစာကို အစက နေပြန်ပြီး ရှိခိုး ရသေးတာ။ အိမ်ကို
ဆွမ်းခံ ကြွလာတဲ့ ကိုယ်တော် လေးတွေကို ကြည့်ပြီး တော့လည်း “ယောက္ခမ
ကြီးဆူလို့ဆဲ xxxအိမ်ခွဲ ပါလို့ ဆောက်ရ အောင်ဗျ” က ပေါ်လာ ချင်သေးတာ။
တကယ် ဆိုရင် ဒီတစ် မနက်လုံး လို့ပြောရင်တောင် မလုံလောက် ချင်ပါဘူး။ မနေ့
ကတည်းက။ ဟုတ်တယ်။ ရွာကနေ အလှူဖိတ် လိုက်တဲ့ ဖိတ်စာ အိမ်ကို ရောက်လာတဲ့
မနေ့ ကတည်းက အဲဒီစာသား တွေက အလိုလို ကို ဘွားရင်ငွေရဲ့ စိတ်ထဲကို အစီအရီ
ရောက်လာ တော့တာ။ အံ့လည်း အံ့သြပါတယ်။ မေ့ထား ခဲ့တာလည်း ကြာပါပြီ။
ဘွားရင်ငွေတို့ ခပ်ငယ်ငယ် အပျိုဘ၀က ရွာဘက်တွေမှာ အလှူပွဲတွေ ကျင်းပ
လေတိုင်း ကြားနေရတဲ့ အသံတွေလေ။ အခု ဘွားရင်ငွေ အသက်တော် ၈၀
ကျော်ခဲ့ပြီဆိုတော့ ဒီအသံ တွေကြား ခဲ့ကြုံခဲ့ရတာ ကြာပဲ ကြာလှပေါ့။
ဘွားရင်ငွေ ရန်ကုန်ကို ရောက်ပြီး အိမ်ထောင် မကျခင် ကတည်းကလေ။
အဲလို
ရင်းနှီး ဖူးတဲ့ အသံတွေကို ဘွားရင် ငွေပြန်ပြီး ကြားဖို့က အကြောင်းက
ဖန်လာတာ။ ရွာက ဘွားရင်ငွေရဲ့ ညီမ အငယ်ဆုံးရဲ့မြေးတွေ ရှင်ပြုပွဲတဲ့။
ဘွားရင်ငွေကို မဖြစ် မနေလာခဲ့ပါတဲ့။ ရွာမှာ ဘွားရင်ငွေရဲ့ ညီမကတော့
မရှိတော့ ပါဘူး။ သူ့ရဲ့မျိုးဆက် တွေက လုပ်တဲ့ အလှူပွဲ ဆိုတော့ ဒီတစ်ပွဲ
တော့ ဘွားရင်ငွေက မဖြစ်မနေကို သွားရတော့မှာ။
တကယ် ဆိုရင်တော့
ဘွားရင် ငွေလည်း ရွာကို ခဏ တစ်ဖြုတ် ဖြစ်ဖြစ် သွားချင် ခဲ့တာ ကြာပါပြီ။
ဘွားရင်ငွေက ရွာကလေးရဲ့အလယ်တန်း ကျောင်းမှာ ၇ တန်းအောင်၊ ရန်ကုန် ရောက်
မူလတန်း ဆရာမ လုပ်ပြီး အိမ်ထောင် ကျသွားလိုက် တာလေ။ ဒီကြားထဲမှာ ရွာကို
သုံးနှစ် တစ်ကြိမ်၊ ငါးနှစ် တစ်ကြိမ် ကြိုးကြား၊ ကြိုးကြား ဆိုသလို
ရောက်ခဲ့ သေးပေမဲ့ အခုလို အလှူပွဲ ကတော့ တစ်ခါမှကို မကြုံ တော့တာ။ ဇာတိချက်
မြှုပ်ကို ဒီတစ်ကြိမ် ပြန်ခြင်း ဟာ နောက်ဆုံး အကြိမ်လည်း ဖြစ်နေ
နိုင်တာပဲ။ အဲဒီနောက်ဆုံး အကြိမ်ဟာ အလှူပွဲကြီး ဖြစ်နေတာမို့ အလှူပွဲ ထဲမှာ
ဘွားရင် ငွေလည်း အလှူပါ အောင် လုပ်ရမယ်။ ပြီးတော့ ရွာကို တစ်ခါမှ
မရောက်ဖူး တဲ့ ဘွားရင်ငွေရဲ့ မြေးတွေ၊ တောရွာတွေရဲ့ အလှူပွဲဆိုတာ ကို
မကြုံဖူးတဲ့ ဘွားရင်ငွေရဲ့ မြေးတွေ အတွက်လည်း ဒီခရီး ဟာ ရင်ခုန် စရာ
ဖြစ်နေမှာပဲ ပေါ့။
၂။ “ဘွား ဒီနေ့ ဘွား ကြည့်ရတာ ပေါ့ပါး
လွတ်လပ် နေသလားလို့။ ပါးစပ်က လည်း တစ်ဆောင် နှစ်ဆောင် ကျယ်ကျယ်
ဆောက်နေလိုက် တာ အဆောင် တွေတောင် ဘယ်နှဆောင် ရနေပြီလဲ ဘွားရဲ့” “ဟဲ့
အဲဒါက မြေးတို့ ရွာရောက်ရင် ကြုံရ၊ ကြား ရမဲ့ အသံတွေလေ။ ဘွားက အခု ကတည်းက
ဆိုပြနေရ တာ။ နေဦး မြေးတို့ ရွာကို လိုက်မှာ စုစုပေါင်း ဘယ်နှယောက်လဲ” “သား စည်သူရယ်၊ ဆန်းထွဋ်၊ ဘိုဘို၊ ပြည့်ပြည့်၊ သိမ့်သိမ့်၊ ပုံ့ပုံ့ အင်း အနည်း ဆုံး ဘွားမြေး ခြောက်ယောက် တောင်ပါမှာနော်”
“အေး ပါတာက အရေး မကြီးဘူး။ ဘွားကလည်း ဖြစ်နိုင်ရင် မြေးတွေ အားလုံး ကို
ခေါ်သွား ချင်တာ။ စင်ကာပူကို ရောက်နေတဲ့ မြေး၊ ဂျပန်မှာ ရောက်နေတဲ့ မြေး၊
သင်္ဘောတက် နေတဲ့ မြေးတွေပါ ခေါ်ခဲ့ချင်တာ။ ဘွားနဲ့ နောက်တစ်ခေါက် ရွာကို
သွားဖို့ဆိုတာ မလွယ် ဘူးလေ။ ငါ့မြေးတို့က ရွာကို ရောက်ဖူး တယ်ဆိုပေမဲ့ ရွာ
အလှူပွဲ ဆိုတာကို ကြုံဖူးတာ မဟုတ်ဘူး။ မြေးတို့ အသက် တွေလည်း ၂၀ တောင်ကျော်
တဲ့သူက ကျော်နေပြီ။ ပြီးတော့ ရွာရောက်ရင် ဘွား တို့မျိုးတွေ ဘယ်လောက်ထိ
မြင့်မြတ် ကြတယ် စည်းလုံး ကြတယ် ဆိုတာလည်း ဘွား က သိစေချင် သေးတာ”
“ဟား ဟား ငါတို့ မျိုးက ရဲဘော် သုံးကျိပ်ဝင် ဗိုလ်ဇင်ယော် မျိုးနွယ် ဆိုတာ
ကို ပြောဦး မလို့လား ဘွားရဲ့။ သားတော့ ဘွားနဲ့အတူ နေတာ မို့ ဘွားပြောပြ
နေလို့ အလွတ် ရနေပြီ။ ရန်ကင်းက ဘွား မြေးတွေ လာမှ ဘွားဆက် ပြောတော့ ဟီးဟီး”
မြေးဖြစ်သူ စည်သူက ပြောရင်း ဆိုရင်း ဘွားရင်ငွေ နားက ထွက်သွားတယ်။ သူ
ပြောတာလည်း ဟုတ်တော့ ဟုတ်သား။ စည်သူက ဘွား ရင်ငွေနဲ့ အတူတူ နေတာမို့
ဘွားရင်ငွေ အကြောင်းက နောကျေ အောင်သိပြီးသား။ ဘွားရင်ငွေက သားချည်းပဲ
ငါးယောက် တောင်ရှိတာ။ အဲဒီအထဲက အငယ်ဆုံးသား ရဲ့အိမ်မှာ နေတာ။ စည်သူ ဆိုတာက
ဘွားရင်ငွေသား အငယ်ဆုံးက မွေးတာလေ။ အခြားသား တွေဆိုတာက လည်း ဘွားရင်ငွေနဲ့
အဝေး ကြီးမှာရှိ နေကြတာရယ် တော့ မဟုတ်ပါဘူး။ ဘွား ရင်ငွေက တာမွေမှာ။ သူတို့
ထဲက တာမွေမှာ နေတဲ့သူ ရှိသေးသလို ရန်ကင်း၊ ကျောက်မြောင်း ဒီလောက်ပါ ပဲ။
အဝေးဆုံး ဆိုလို့ တောင် ဥက္ကလာ ကတစ်ယောက် လို့ပဲ ပြောရမှာ။ အခုသွားမဲ့ အလှူ က
ဗိုလ်ဇင်ယော် ညီမ အငယ် ဆုံးရဲ့မြေးတွေ အလှူ။ အခု သွားမှာက ရန်ကုန်တိုင်း၊
ခရမ်း မြို့နယ်ထဲက အေးရွာဆို တဲ့ ဗိုလ်ဇင်ယော်တို့ ဘွားရင် ငွေတို့ရဲ့ ဇာတိ
ချက်မြှုပ်ရွာ။ ကဲ။ စဉ်းစားရင်း ပြုံးရင်းက ဘွားရင်ငွေ တစ်စုံတစ်ခုကို
သတိရပြီး လှမ်းအော်ပြော လိုက်တယ်။
“မြေးစည်သူရေ ရွာ အလှူကို
လိုက်ကြမဲ့ ပြည့် ပြည့်တို့ သိမ့်သိမ့် တို့ကိုလည်း ပြောထားဦးနော်။
ရွာရောက် ရင် ဘောင်းဘီ၊ စကတ်လုံးဝ မ၀တ်ရ။ တင်ပေါ် ရင်ဟိုက် အင်္ကျီတွေ လုံးဝ
မ၀တ်ရ။ ဘွားအမိန့်လို့။ ဒီကောင်မ လေးတွေက ရွကရွနဲ့။ ဒီမှာပဲ ရွကြ။
ရွာမှာတော့ သွားမရွ ကြနဲ့လို့။ ဘွားတို့ အမျိုးတွေ ကြားမှာ ဘွား နာမည်ပျက်
လို့ တော့ လုံးဝ မဖြစ်ဘူးလို့။ ဟုတ်ပြီလား”
၃။ ဘွားရင်ငွေ
အမြင်မှာ တော့ ရွာကလေးမှာ လွန်ခဲ့တဲ့ နောက်ဆုံး တစ်ခေါက် ရောက် စဉ်က
ရှိခဲ့တဲ့ ခနော်နီ ခနော်နဲ့ အုတ်ခဲ လမ်းလေးတွေက ကွန်ကရိ လမ်းတွေဖြစ်၊
တချို့ တချို့သော အိမ်ကလေးတွေ က အုတ်စီ တိုက်ကလေးတွေ ဖြစ်၊
အဲဒီအိမ်တွေရဲ့အပေါ်မှာ စလောင်းလေး တစ်ခုနှစ်ခု ရှိတာကလွဲလို့ ရွာကလေး ဟာ
မထူးခြားသွားပါဘူး။ ကျိုးတိုး ကျဲတဲနဲ့ ဟိုးနား တစ်အိမ်၊ ဒီနား တစ်အိမ်ဖြစ်
နေတာက ဟိုအရင်က စည် ကားမှုကိုတောင် မီမနေတော့ ဘူးလို့ဆိုရမှာ။
ဟုတ်တယ်လေ။ တစ် ချိန်က အေးရွာဆိုတာ ခရမ်း မြို့နယ်ထဲမှာ လျှမ်းလျှမ်း
တောက်ပဲဟာ။ ခုနစ်တန်း အောင်ရုံနဲ့ မူလတန်းပြဆရာ ဖြစ်ကြတဲ့ခေတ်မှာ အလယ်
တန်းကျောင်းရှိတဲ့ ဒီအေးရွာ ကလေးကနေ ဆရာ၊ ဆရာမ တွေဖြစ်ခဲ့ကြတာလည်း
လက်ချိုးရေလို့တောင် ရနိုင် မှာမဟုတ်။ ဘွားရင်ငွေ တောင် ဒီရွာရဲ့ အလယ်တန်း
ကျောင်းကနေ ခုနစ်တန်း အောင်ခဲ့ပြီး ဆရာမဖြစ်ခဲ့တာ လေ။ ဘွားရင်ငွေရဲ့အစ်ကို
ရဲဘော်သုံးကျိပ်ဝင် ဗိုလ်ဇင် ယော်ဆိုရင်လည်း ဒီရွာကနေ ပဲ
အလယ်တန်းအောင်ခဲ့ပြီး သမိုင်းမှာ လျှမ်းလျှမ်း တောက်ခဲ့တာ။ “အဘွားနဲ့
မြေးခြောက် ယောက်လုံးကို အိမ်မှာ ညစာ ထမင်း လာစားဖို့ အမေက ဖိတ်ခိုင်း
လိုက်တယ်။ ညနေ ကျမှ တစ်ခေါက် လာကြို မယ်။ သွားပြီနော် အဘွား”
“ဟဲ့
ဒါက ဘယ်သူ့ သမီးတုံး” လို့ မေးအံ့ ဆဲဆဲ ဘွားရင်ငွေလည်း မေးချိန်မရ ဘဲ
ပါးစပ်ပဲပိတ်လိုက်ရ တယ်။ စောစောကစကားကို ပြောသွားတဲ့ ကောင်မလေး က အသက်က
ရှိလှ ဆယ့်ငါး၊ ဆယ့်ခြောက်လို့ ထင်ရတာပဲ။ ပြောချင်တာကို ပြောပြီး ဆိုင်ကယ်
ပေါ်တက်၊ စက်နှိုး ပြီး၊ ၀ူးခနဲ ထွက်သွား တာမို့ ဘွားရင်ငွေမှာ ဘယ်သူ့သမီး
ဘယ်ဝါ့ သမီးဆိုတာကို တောင် မေးချိန်က မရလိုက်။ ဘယ်လို ကလေးမလေး
ပါလိမ့်နော်။ ဘွားရင်ငွေတို့က မနက် ကရောက်ကတည်းက နောက်တစ်ရက်
အလှူလုပ်မဲ့ အလှူ အိမ်ကိုပဲ တန်းပြီး လာခဲ့ တာ။ ဘွားရင်ငွေနဲ့ မြေး
ခြောက်ယောက်ကို လိုက်ပို့တဲ့ ဒရိုင်ဘာ ကတော့ ကားယူပြီး ပြန်သွားပြီ။
ဘွားရင်ငွေတို့ ရန်ကုန်ကို ပြန်ကြမဲ့ နောက် ၅ ရက်နေမှ တစ်ခေါက် လာကြို
မှာလေ။
“အဘွားရေ အဲဒါ ရွာ ထိပ်က အဘွား တူမရဲ့မြေး လေ။ အဘွားကို
စကားအေး အေးဆေးဆေး ပြောမသွား နိုင်တာလည်း မပြောနဲ့လေ။ သူက မအား ဘူးလေ
ဘွားရဲ့။ ဒိုင် ဒိုင်။ အဘွားရေ။ သူက ဘောလုံးပွဲဒိုင်” “ဟမ် ဘယ်လို”
“ဟုတ်တယ် အဘွား ရဲ့။ လောလောဆယ် ညက မန်ယူပွဲမှာ တစ်ရွာ လုံးမောင်း
အောင်လို့ ဒိုင်ညစ်နေတာ အဘွားရေ။ သမီးတို့တောင် မောင်းအောင် တဲ့ထဲမှာ ပါ
လိုက်သေး” ရွာက မြေးဖြစ်သူတစ် ယောက်ရဲ့စကားကို ဘွားရင် ငွေ နားမလည်
တော့တာနဲ့ ပါးစပ်ပဲ ပိတ်နေ လိုက်တော့ တယ်လေ။ ဘောလုံးပွဲတဲ့။ မောင်းအောင်
တယ်တဲ့။ ဘာ တွေလဲ။ မိန်းကလေး တွေနဲ့ ဘာဆိုင်လို့လဲ။ ရန်ကုန်က ဘွားရင်ငွေ
မြေးမလေးတွေ ဆီကတောင် မကြားဘူးခဲ့တဲ့ စကားမို့ ဘွားရင်ငွေစိတ်ထဲ
တစ်မျိုးလေးတော့ ဖြစ်သွား သား။ အံမယ် ဒီလိုတော့ လည်း ရွာကလေးက တိုး
တက်နေသား။ နေ့လယ်ကပဲ ကြည့်ဦး။ ဘွားရင်ငွေရဲ့ တူ တော်သူ နှစ်ယောက်က ဘွား
ရင်ငွေ မသိနိုင်ဘူးအထင်နဲ့ မလှမ်းမကမ်း လေးမှာ ပြော နေကြတာ။
အဖော်(ကွန်ဒုံး)ကို တောင် ဆွေးလွယ်၊ ပျက် လွယ်တဲ့ ကာဗာနဲ့ လုပ်ရင်
ကောင်းမယ်တဲ့။ အခုတော့ မနှစ်က နွေရာသီ ဘုရားပွဲခင်း လုပ်ခဲ့တဲ့ လယ်ထဲမှာ၊
မိုးတွင်း လည်း ရောက်ရော ကွန်ဒုံး အိတ် လေးတွေက ဟိုနားပေါ လောပေါ်၊ ဒီနား
ပေါလော ပေါ်နဲ့လိုက်ပြီး ဆယ်နေရတာ အတော် ရုပ်ဆိုးသတဲ့။
အဲဒီစကားကို
ကြားက တည်းက ဘွားရင်ငွေ စိတ်ထဲ ခုတုတုတော့ ဖြစ်သွားသား။ ဒီလောက်တောင်
တိုးတက် နေသတဲ့လား။ ရွာကဖြင့်တိုး တက်မှုကို မျက်စိနဲ့ကြည့်လို့ မမြင်နိုင်
သေးဘူး။ တိုးတက် မှုအရင်းခံ ပြယုဂ်တွေက ဟိုက ဒီက ကြားချင် နေတယ်။ ပြောမပြော
ချင်တော့ပါဘူး။
၎။ အလှူပွဲမှာ မောင်ရင် လောင်း လှည့်တာကို
အလှူ နေ့မနက်မှ ကျင်းပမယ် ဆိုတာ ကိုတော့ ဘွားရင်ငွေ သဘော မတွေ့ လှပါဘူး။
ဒါပေမဲ့ အလှူ့ရှင် ကိုလည်း ဘွားရင်ငွေ အနေနဲ့ ပြောမနေ ချင်တော့ပါဘူး။
ဟိုးအရင် တုန်းကဆိုရင် အလှူနေ့ အရင် နေ့ဖြစ်တဲ့ အလုပ်အကိုင်နေ့ ဆိုတာ
ရယ်ကိုက သီးသန့်ရှိ နေတာ။ အဲဒီနေ့ ညနေပိုင်း မောင်ရင်လောင်း
လှည့်တာ ကို အလှူပွဲ တစ်ခုမှာ အာရုံ အထား ရဆုံးပဲလေ။ မောင်ရင်
လောင်းလှည့်ပွဲ အတွက် ကွမ်းတောင်၊ ပန်းတောင် ကိုင်ဖို့ အပျိုချော တွေဆိုတာ
ကိုတောင် အမျိုးတော်တော်၊ မတော်တော် ဟိုဘက်ရွာ၊ ဒီ ဘက်ရွာ တွေကနေ တကန် တက
ဖိတ်ထားရတာ။
“ဘွားပြောတော့ မောင်ရင်လောင်း လှည့်တယ် ဆိုတာကို
ဒီနေ့ လုပ်မှာဆို၊ မီးက မြင်း တွေကြည့် ချင်လို့ ရှာနေတာ တွေ့လည်းတွေ့ ဘူး။
ဘွားက ရှင်လောင်း လှည့်ရင် ထဘီ ၀တ်ရမယ် ဆိုလို့ ချိတ်ထဘီ ကြီးကို မီး
ဝတ်ထားရတာ၊ မီးလည်း တစ်ကိုယ်လုံး ယားနေပြီ” လို့ ပြောလာတဲ့ မြေး ဖြစ်သူ
ပြည့်ပြည့်လေးကို တောင် “မောင်ရင်လောင်းကို မနက်မှပဲ လှည့်တော့မှာတဲ့။
မြေးနေရခက်ရင်လည်း အဲဒီ ၀တ်စုံကို မနက်ကျမှပဲ ၀တ် တော့။ သွား သွား
သွားချွတ် ထားချည်” လို့ ဘွားရင်ငွေ ပြောခဲ့ရ သေးတာ။
ဒီကြားထဲ
မြေးနောက် တစ်ယောက် ဖြစ်တဲ့ ဆန်းထွဋ် က “ဘွားရေ ရန်ကုန် မှာ ဘွားဆို
ပြနေတဲ့ တစ်ဆောင် နှစ်ဆောင် ကျယ်ကျယ် ဆောက်မဲ့ ဒိုးဝိုင်း တွေဆိုတာ လည်း
မလာသေး ပါလား” လို့ ဘွားရင်ငွေကို ကပ်ပြီး မေးလာတာကို “မောင်ရင် လောင်းက
မနက်မှ လှည့်မှာ မို့ အဲဒါတွေက မနက်မှလာ လိမ့်မယ်” လို့ ဘွားရင်ငွေက
တိုတိုတုတ်တုတ် ဖြေပစ်ခဲ့ရ သေးတာ။
မောင်ရင်လောင်းကို
ရွာတော်ရှင်ဆိုတဲ့ နတ်ကွန်း မှာပြပြီးရင် ရွာထဲကို မောင်ရင်လောင်းလှည့်။
ပြီးရင် ဘုန်းကြီးကျောင်းကို သွားပြီး ဆံချလို့ မောင်ရင် လောင်းကို သင်္ကန်း
ဆီးပြီး ကိုရင် ဖြစ်စေမယ်ပေါ့။ ဘုန်းတော်ကြီး ကျောင်းနဲ့ အိမ်နဲ့က
သိပ်အဝေးကြီး မဟုတ်တာမို့ မောင်ရင် လောင်းတွေက မြင်းနဲ့ လှည့်။ လူတွေက
နောက်က လိုက် လေမည်ပေါ့။ “ဟဲ့ မောင်ရင်လောင်း တွေတင်ဖို့ မြင်းတွေက မလာ သေးဘူးလား”
မောင်ရင်လောင်း လှည့် တော့မယ်။ လူတွေပဲ ရွစိ၊ ရွစိ ဖြစ်နေပြီ။ မောင်ရင်
လောင်း တင်ဖို့ မြင်းတွေက အခုအချိန် ထိ ဘွားရင်ငွေ မတွေ့ရသေး တာမို့
ဘယ်လိုမှ မနေနိုင် တော့ဘဲ အနားက တူမ တစ်ယောက်ကို မေးလိုက် တယ်။ “ဟာ
ကြီးငွေက လည်း ဒီခေတ်ထဲမှာ ဘယ်မြင်းက ရှိတော့မှာလဲ။ မောင်ရင် လောင်းတင်
ဖို့က ဟိုမှာ။ ကြီးငွေတို့ ဘုန်းကြီးကျောင်း သွားရင် စီးဖို့က ဟိုမှာ”
တူမဖြစ်သူ ညွှန်ပြရာ ကို လှမ်းကြည့် မိတော့ မောင် ရင်လောင်း သုံးယောက်ကို
တင်ဖို့လို့ ယူဆရတဲ့ ဆိုင် ကယ်သုံးစီးက စက်နှိုးပြီး လျက်သား တ၀ူးဝူးဖြစ်နေ
သလို၊ ဘွားရင်ငွေ တို့ စီးဖို့ လို့ ယူဆရတဲ့ ထော်လာဂျီ သုံးလေးစီးက
ဟိုမှာဘက်မှာ စက်သံလေး တွေ ဖွတ်ချက်၊ ဖွတ်ချက်။ ပြောပြော ဆိုဆိုနဲ့
တူနှစ် ယောက်က လာတွဲပြီးပွေ့ တင်လို့ ဘွားရင်ငွေလည်း ထော်လာဂျီ လေးအပေါ်ကို
စွေ့ခနဲ ရောက်တယ်။ မြင်း ကြည့်ချင်ပါ တယ်ဆိုတဲ့ မြေး တွေ၊ မောင်ရင်လောင်း
လှည့် တာကို ကြည့်ချင်ပါ တယ်ဆို တဲ့ မြေးတွေလည်း ဘယ်ကို ရောက်နေ ကြပါလိမ့်။
ရွာက ကောင်မလေး တွေ တော်တော် များများက တော့ ရှော့ပင် ၀တ်သူတွေ၊ ဘောင်းဘီ
ရှည်ဝတ်သူတွေ လည်း ရှိနေတာမို့ လူအရပ် တစ်ဝက် လောက်ရှိမဲ့ ထော် လာဂျီပေါ်ကို
လွှားခနဲ လွှား ခနဲ သူ့ထက်ငါ အပြိုင်အဆိုင် ရောက်လာ ကြပေမဲ့၊ ချိတ်
ထဘီဂျွတ်ဂျွတ် ဂေါက်ဂေါက် နဲ့ ဘွားရင်ငွေရဲ့မြေး ပြည့် ပြည့် လေးကတော့
ထော်လာ ဂျီအပေါ်ကို အတော်နဲ့ကို ရောက် မလာ နိုင်ရှာဘူး။ ကောင်လေး နှစ်ယောက်က
တစ်ယောက တစ်ဖက်စီတွဲပြီး တင်လိုက်တော့မှ ပြည့်ပြည့် လေးက ထော်လာဂျီပေါ်
ရောက်လာတယ်။
“လာမချုပ်နဲ့ လာမချုပ် နဲ့ ပြိုင်ကား လှလှလေးနဲ့ လာ မချုပ်နဲ့”အလို ဘာသံကြီးတုံး။
ထော်လာဂျီ တန်းကြီး ရဲ့ နောက်ဆုံး ထော်လာဂျီပေါ် ကနေ ကျယ်လောင်စွာ ထွက်
လာတဲ့အသံကြောင့် ဘွားရင် ငွေလန့်သွားတယ်။ အသံလာ ရင် ထော်လာဂျီကို လှမ်း
ကြည့်မိတော့ နောက်ဆုံး ထော်လာဂျီ ပေါ်မှာ လူတစ် ရပ်လောက်ရှိတဲ့ ဘောက်ကြီး
နှစ်ခုကို အပီအပြင် တင်လို့ ကောင်လေး တစ်အုပ်က လည်း ရှော့ပင်ကိုယ်စီနဲ့။
ခေါင်းမှာ ကျစ်ဆံမြီးကိုယ်စီ နဲ့။ လက်မောင်းမှာ တက်တူး ရုပ်တွေ ကိုယ်စီနဲ့။
“သြော် မောင်ရင် လောင်းတွေ လှည့်ကြတော့ မယ်ပေါ့”
ဘွားရင်ငွေ စိတ်ထဲက တစ်စုံတစ်ခုကို ဖျတ်ခနဲ သတိရရင်း မြေးဖြစ် သူတွေ
ဖြစ်တဲ့ ဆန်းထွဋ်နဲ့ ဘိုဘိုကို ပြေးပြီး သတိရတယ်။ မြေး ကလေးတွေ ဘယ်ထော်လာ
ဂျီပေါ်ကို ရောက်နေကြပါ လိမ့်။ ထော်လာဂျီက တဖွတ် ဖွတ်အသံတွေပြုရင်း အလှူ
အိမ်ကနေ ဘုန်းတော်ကြီး ကျောင်းဆီကို ဦးတည်ပြီး လေ။ လှည်းလမ်းမကို ဖြတ်
ပြီး သွားရတဲ့ လမ်းမို့ ဖုန်တွေ ကလည်း တထောင်းထောင်း ထလာပြီလေ။ ဆိုင်ကယ်တွေ
ရဲ့ ၀ူးဝူးသံ၊ ထော်လာဂျီတွေ ရဲ့ ဖွတ်ဖွတ်သံတွေ ကြားမှာ ဖုန်တထောင်း
ထောင်းနဲ့ မောင်ရင်လောင်း စီတန်းလှည့် လည်ပွဲလည်း စတင်နေပြီ လေ။
ဖုန်တွေကြား မှာမို့ ဘွား ရင်ငွေလည်း ပါလာတဲ့ သဘက်လေးကို ခေါင်းမြီး
ဆွဲခြုံထား လိုက်ရတယ်။ “ယောက္ခမကြီးဆူလို့ ဆဲxxxအိမ်ခွဲပါ လို့ဆောက်
ရအောင်ဗျxxxတစ်ဆောင် နှစ်ဆောင် ကျယ်ကျယ် ဆောက်မှ သုံးဆောင်လေး ဆောင်
ကျယ်ကျယ်ဆောက် မှxxxနေလောက်မယ်xxx ပျို့သက်ထားရယ်xxxအလို ဗျာxxxသားတွေကများ
xxxသားxxxတွေကများ xxxများ” ဟဲ့။ ဒါဘယ်က အသံ တုံး။ အသံလာရာဆီကို ဖုန်
တလိမ်းလိမ်း ထနေတဲ့ ထော် လာဂျီရဲ့အပေါ်က သဘက် ကလေး အသာအယာ ဟလို့ ဘွားရင်ငွေ
လှမ်းကြည့်တော့၊ ဘွားရင်ငွေတို့ ထော်လာဂျီကို ကျော်ဖြတ် တက်သွားတဲ့ ဘေးက
ထော်လာဂျီ ပေါ်က အသံတွေပဲ။ ဒီအသံတွေ ဒီအသံ တွေ။
“ဟဲ့ ဘိုဘိုတို့ ဆန်းထွဋ် တို့ မြေးတို့ ပါးစပ်တွေ ပိတ် ထားလိုက်စမ်း” ဘွားရင်ငွေ ဖုန်တွေ ကြားကနေပဲ၊ အခြား ထော် လာဂျီပေါ်ကို လှမ်းအော်ပြော လိုက်တယ်။
နောက်ဆုံး ထော်လာဂျီ ပေါ်က လာမချုပ်နဲ့ လာ မချုပ်နဲ့ ပြိုင်ကား လှလှလေး နဲ့
လာမချုပ်နဲ့ ဆိုတဲ့ စန်္ဒီမြင့် လွင်လေးရဲ့အသံကိုတော့ စက်သံတွေ တဘုန်းဘုန်း
ကြား၊ ဖုန်လုံးတွေ တထောင်း ထောင်းကြားကနေ ဘွားရင် ငွေတစ်ယောက် ပအဲ့၊
ပအဲ့နဲ့ ခပ်ယဲ့ယဲ့ကြားနေရ ဆဲပဲ။
မင်းဝေဟင် (ရွှေအမြုတေ မဂ္ဂဇင်း နိုဝင်ဘာလ ၂၀၁၂)
http://shweamyutay.com/index.php?option=com_content&view=article&id=4496:2012-11-02-12-26-51&catid=92:2008-06-08-19-55-48&Itemid=684
|
No comments:
Post a Comment