ငယ်ငယ်
တုန်းက ကြည့်ခဲ့ ဖူးတဲ့ မျက်လှည့် ပွဲ တွေလိုပါပဲ။ စည်းဝိုင်း အလယ်မှာ
နီရဲ တောက်ပတဲ့ ပ၀ါ တစ်စကို ဖြန့်ခင်းလို့။ အနီရောင်ပ၀ါ စပေါ်မှာမှ
လူရိုးခေါင်း နှစ်လုံးက ဘယ်ဘက်တစ်လုံး ညာဘက်တစ်လုံး ဟိတ်ဟန် အပြည့် နဲ့
ထိတ်လန့် ဖွယ် နေရာယူလို့။
ပ၀ါစရဲ့အလယ်ခေါင် တည့်တည့်မှာတော့
ပေါင်လုံးလောက် တုတ်ပြီး အပုံလိုက် ခွေအိပ် နေတဲ့ မြွေကြီးတစ်ကောင်
(ဘိန်းကျွေး ထားလို့ မလှုပ် မယှက် ငြိမ်သက် နေတာလို့ လူကြီးသူမတွေ ပြောတာ
ကြားဖူး)။ ကျန်တဲ့ ပစ္စည်းပစ္စယ တွေကတော့ကျားရိုး၊ ကျားစွယ်၊ဆင်မြီး၊
ဆင်စွယ်၊ ဆေး ဥ၊ ဆေးမြစ်၊ တုတ်ပြီး၊ ဓားပြီး၊ သေနတ်ပြီး အတွက် ရောင်းချဖို့
ကြိုတင် ထုပ်ပိုးထားတဲ့ ပြီး ဆေးထုပ် တွေနဲ့ ဖဲထုပ်တွေ၊ ပန်းကန်လုံးတွေ၊
တုတ်ချောင်း အတိုအရှည် တွေ၊ စက္ကူစ တွေကနေ ခေါက်ဆွဲဖတ်ဖြစ်သွား မဲ့ဟာတွေနဲ့
မျက်လှည့်ဝိုင်း တစ်ခုရဲ့အင်္ဂါရပ်တွေနဲ့ ပြည့်စုံလို့ နေပါတယ်။
“ပရိသတ်များ
ခင်ဗျာ။ ကျေးဇူးပြုပြီး ဂမီ်္ဘရ စည်းဝိုင်း အတွင်းကို လုံးဝမ၀င် ပါနဲ့
ခင်ဗျာ။ ခြေတစ်ဖက် တောင် မကျွံမိ ပါစေနဲ့ ခင်ဗျာ။ မြေ ဖုတ်၊ ဘီလူး၊ ပြိတ္တာ
တို့ကို ဆရာကြီးရဲ့ဂမီ်္ဘရ အစီအမံများ နဲ့မိန့်ကြား ခေါ်ဆောင် ထားတဲ့အတွက်
သာမန်လူ များအဖို့ အန္တရာယ် ရှိနိုင်လို့ပါ ခင်ဗျာ။ အသက်ဇီဝ ကင်းမဲ့နေတဲ့
လူ ရိုး ခေါင်း နှစ်လုံးက ဘယ်နည်း ဘယ်ပုံ အသက်ဝင်ပြီး အင်မတန် အဆိပ်ပြင်းလှတဲ့ ဟိမ၀န္တာ နှစ်တစ်ရာ ဂမီ်္ဘရ မြွေကြီးကိုဘယ်လို အမိန့်ပေး
စေခိုင်းပြ မလဲဆိုတာ ပရိသတ်များ အန္တရာယ် ကင်းစွာ ကြည့်ရှု ခံစားနိုင်ဖို့
လိုအပ်တဲ့ ဂမီ်္ဘရ အစီအရင် များကို အထက် ပုဂိ္ဂုလ ကြီးများထံမှ ရိုသေစွာ
ခွင့်ပန် သုံးစွဲထား ရတဲ့အတွက် သာမန်လူများ အနေနဲ့ ဂမီ်္ဘရ စည်းဝိုင်းထဲကို
ကျွံပြီး ရောက် ရှိလာခဲ့ရင် အသက် အန္တရာယ် ရှိနိုင်ပါ တယ်ခင်ဗျာ။”
လက်ထောက် တပည့် ကလေးက ပရိသတ်ကို အဲ သလို သိမ်းသွင်း ဆွဲဆောင် ဖြားယောင်း
ခြိမ်းခြောက်နေ ချိန်မှာ မှင်မောင်းကောင်း ကောင်းနဲ့ ဆရာကြီး “ဂမီ်္ဘရ
ဝေသာလီ မိုးကြိုး”ကတော့ စည်းဝိုင်း အလယ်တည့်တည့် မှာ ယောဂီဝတ်စုံ အပြည့်နဲ့
တင်ပျဉ်ချိတ် ထိုင်ပြီး ကွမ်း သီးလုံး လောက်ရှိတဲ့ စိပ်ပုတီး အကြီးကြီးကို
တချောက် ချောက် စိပ်(ရေတွက်)လို့ နေ ပါတယ်။
ကြည့်ရှုမဲ့ ပရိသတ်များ
လာလေလေ လက်ထောက် ကောင်လေးရဲ့ “ဂမီ်္ဘရပြ ကွက်”အကြောင်း ပြန်ရှင်းပြ တဲ့အသံက
ပိုကျယ်လာလေ ပါပဲ။ ထက်ရှတဲ့(လို့ထင်ရတဲ့)ဓားတစ်ချောင်း နဲ့ လက် ထောက်
ကောင်ကလေး က သူ့ လက်ကို သူလှီးပြ တဲ့အခါမှာ တော့ တစ်ယောက်တစ် ပေါက်
ဆူညံနေတဲ့ ပရိသတ် ကြီးဟာ ရုတ်တရက် ငြိမ်ကျ သွားပါတယ်။ သွေးလည်း မထွက်၊
ဒဏ်ရာလည်းမရတာကို ပရိ သတ် မြင်အောင် ပပြီးမှ စည်းဝိုင်းထဲမှာ ရှိနေတဲ့
ငှက်ပျောတုံးကြီးကို တစ်ချက် တည်းပိုင်း ပြပြီး ကောင်လေးက ဓားရဲ့
ထက်ရှမှုကို သက် သေပြပါတယ်။
ကောင်လေးက ဆက် ပြီး ဒီလို ဒဏ်ရာမရ သွေး
မထွက်ခြင်းဟာ ဆရာကြီး ဂမီ်္ဘရ ဝေသာလီ မိုးကြိုးရဲ့ သီလ၊ သမာဓိ၊ သိက္ခာတို့နဲ့
စီရင် ဖော်စပ်ထားတဲ့ ဟိမ၀န္တာ တောင်ခြေက အလွန်ရှားပါး တန်ဖိုးကြီးမားတဲ့
“ဂမုန်း နက်” ရဲ့ အစွမ်းကြောင့်ဖြစ် ကြောင်း၊ အခြားတန်ဖိုးကြီး ရှားပါးဆေးဖက်ဝင်သစ်ဥ၊ သစ်ဖုတွေ နဲ့ ပေါင်းစပ်ဖော်ထုတ် လိုက်တဲ့အခါ အခု ဒီ
“ဂမုန်းနက် ဂမီ်္ဘရ ပြီးဆေးနဲ့ ပီယဆေး” ဆိုတာ ဖြစ်ပေါ် လာကြောင်း၊ ဒါကို ဆရာ
ကြီးက လူတိုင်း လက်လှမ်းမီ သုံးစွဲစေ ချင်တဲ့စိတ်နဲ့ တကူး တက လာရောက်
ဖြန့်ဝေပေး ခြင်းဖြစ်ကြောင်း၊ ရရှိတဲ့ငွေ ကြေးများကိုလည်း ဆရာကြီး ရဲ့သာသနာ
ပြုခရီးစဉ် အတွက် အသုံးချမှာ ဖြစ်တဲ့အတွက် အလှူဒါန မြောက်ကြောင်း
ရှင်းပြရင်း လက်ကို ဓားနဲ့ လှီးပြလိုက်၊ ငှက်ပျောတုံးကို
ဓားနဲ့ပိုင်းပြလိုက်၊ နောက်ထပ် ရောက်လာတဲ့ ပရိသတ် အသစ်တွေကို ဆရာကြီး
ဂမီ်္ဘရ ဝေသာလီ မိုးကြိုးရဲ့ “ဂမီ်္ဘရပြကွက်” အကြောင်း ရှင်းပြလိုက်နဲ့ တရစပ်
လှုပ်ရှား ဆောင်ရွက် နေချိန်မှာ ဆရာ ကြီး ဂမီ်္ဘရ ဝေသာလီမိုးကြိုး ကလည်း
စည်းဝိုင်းအလယ် မှာ ပုတီးကြီး တချောက် ချောက်နဲ့ တတွတ်တွတ်ရွတ် ဖတ်စီမံလို့
နေပါတယ်။
ဒါနဲ့ စကားမစပ် ခင်ဗျား ချားလ်စ်ဒစ်ကင်း (Charles
Dickens) ရဲ့ Great Expectations ကို ဖတ်ဖူး လား။ သိပ်ကောင်းတဲ့ဝတ္ထု
ကြီးပေါ့ဗျာ။ ဆရာ မောင် ထွန်းသူက “မျှော်တလင့် လင့်” ဆိုတဲ့ နာမည်နဲ့ ဘာသာ
ပြန်ပေး ထားတာ ရှိပေမဲ့ ကျွန်တော်က မူရင်းကို အပြည့် ခံစားချင်လို့ အော်ရီ
ဂျင်နယ်လ်ကို မနည်းရှာ ယူပြီး ဖတ်ရတယ်။ နင့်နေအောင် ခံစားရတဲ့
ဝတ္ထုကြီးပေါ့ဗျာ။
ကျွန်တော်တို့ စာပေ လောက ကြီးထဲမှာ ကျွန်တော်
တို့ကိုယ်တိုင် ဒီလို ဂန္ထ၀င် မြောက်တဲ့ ၀တ္ထုမျိုး ကြီးတွေ ပရိသတ်ကို
ချကျွေး ချင်ပေမဲ့ ထုတ်ဝေသူ တွေက ဒီလို စာ ကြီးပေကြီးတွေကို ထုတ်ဝေ ဖို့ထက်
ပေါ့ပေါ့ပါး ပါး ပေါက်လွှတ်ပဲစား ၀တ္ထုမျိုးတွေ နဲ့ပဲ ပိုက်ဆံရှာ ချင်ကြတာ
ဆိုးလွန်းလှသဗျာ။ ထုတ်ဝေမဲ့ သူရှိရှိ၊ မရှိရှိ ကျွန်တော်က တော့ ဒစ်ကင်းရဲ့
ဝတ္ထုကြီး လိုမျိုး တစ်အုပ်တော့ ဒီတစ် သက်မှာ ရေးဖြစ်အောင် ရေး
သွား မယ်ဗျို့။
နေဦး- ခင်ဗျား- (Jacs London) ဂျက်လန်ဒန်ရဲ့ Sea
Wolf(ပင်လယ်ဝံပုလွေ) ရော ဖတ်ဖူးလား။ အလွယ်တကူ ဖတ်ချင်ရင် ဆရာ မင်းလှ
ညွန့်ကြူးရဲ့ ဘာသာပြန်ရှိ တယ်ဗျာ။ အဲဒီဝတ္ထုထဲက ဇာတ်ကောင် “လာဆင်” ရဲ့ အတွေး
အခေါ်တွေက စိတ် ၀င်စားဖို့ တကယ်ကောင်း တယ်ဗျို့။ တကယ်တော့ ဒီ ၀တ္ထုဟာ သာမန်
စွန့်စားခန်း သက်သက် ၀တ္ထုမဟုတ်ဘူး။ လူ့သဘောကို ဆန်းသစ် ဝေဖန် သုံးသပ်ပြထားတဲ့ ၀တ္ထု ကြီးတစ်ပုဒ်ဗျ သိလား။
ကျွန်တော်တို့ စာပေ လောကကလည်း
လှည့် ကြည့်လိုက်ရင် အားရစရာကို မရှိဘူး။ လုံးချင်းတွေကြည့် လိုက်တော့လည်း
ဝတ္ထု နာမည်တွေကိုက “ခြင်ထောင် သံ”ပေါက်နေတဲ့ ခေါင်းစီး တွေနဲ့။ မဂ္ဂဇင်းတွေ
ကြည့် လိုက်တော့လည်း ကြော်ငြာ တွေနဲ့ ရုပ်ပုံတွေနဲ့ ဖတ်စရာက မည်မည်ရရ
မပါ။စာပေမဂ္ဂဇင်း နှစ်စောင်၊ သုံးစောင်ရဲ့ဝတ္ထု တွေ ဖတ်ပြန်တော့လည်း ဆရာ၊
ဆရာမတွေက ဇာတ်လမ်း တွေချည်း ဇွတ်ရေး ပြနေကြ တော့တာကိုးဗျ။ ကျွန်တော် တော့
ဆုံးဖြတ် လိုက်ပြီ။ သူ များရေးတာ စောင့်မနေတော့ ဘူး။ ကိုယ်တိုင်ပဲ ရေးပြ
လိုက်တော့မယ်။ ကျွန်တော် ရေးပြမဲ့ လူ့သဘာဝ စရိုက်ဖော် ၀တ္ထုကြီး ထွက်လာတဲ့
အခါ စာပေ လောကကြီး တစ်ခုလုံး အုံးအုံးကျွက်ကျွက် ဖြစ်သွား မှာ မြင်ယောင်
မိသေးတော့ ဗျာ။
လူ့သဘာဝ စရိုက်ဖော် ဆိုလို့ ပြောရဦးမယ်။ ခင်ဗျား
အဲလက်စ်ဟေလီ (Alex Haley)ရဲ့ Roots ကို သိပါ တယ်နော်။ ဆရာ မောင်ထွန်း သူကပဲ
“ဇာစ်မြစ်”ဆိုပြီး ဘာသာ ပြန်ပေးထား တာလေ။ လူဖြူတွေက လူမည်းတွေကို
ဆွေခုနစ်ဆက် မျိုးခုနစ်ဆက် နှစ်ပေါင်း နှစ်ရာလောက် ကျွန် ပြုခဲ့ကြတဲ့
ဇာတ်လမ်းရှည် ကြီးဗျာ။ ခုဆို လူမည်းတစ် ယောက်ဖြစ်တဲ့ အိုဘားမား (Obama)
တောင် အမေရိကန် သမ္မတ ဖြစ်ခဲ့ပြီ။ လူမည်းတွေ လျှောက်လှမ်းခဲ့ ရတဲ့ခရီးလမ်း က
ကြမ်းတမ်းလွန်း လှပေမဲ့ မာတင် လူသာကင်းတို့၊ လင်ကွန်းတို့ရဲ့
ကျေးဇူးကြောင့် လူ မည်း တစ်ယောက် သမ္မတဖြစ် တဲ့အထိ၊ အိမ်ဖြူတော်ကို
သိမ်းပိုက်နိုင တဲ့အထိ ခရီး ပေါက်ခဲ့ပြီပေါ့။ ခင်ဗျား မဖတ်ရသေးရင်
ကျွန်တော့် ဆီက ငှားသွားလေ။ ဆက် ဆက်တော့ ပြန်ပေး ရမယ် နော်။ ကျွန်တော်က
အဲသလို ဆွေစဉ် မျိုးဆက် ဂန္ထ၀င်တွင်မဲ့ ၀တ္ထုရှည်ကြီး မျိုးရေးဦးမဲ့
စာရေးဆရာ ဆိုတော့ စု၊ တု၊ ပြုဖို့က ရှိသေးတယ် မဟုတ် လား ကိုယ့်ဆရာရဲ့။
တစ်ခုတော့ ရှိတယ်။ ခင်ဗျားက သမိုင်း နောက်ခံ ၀တ္ထုမျိုးမှ စိတ်ဝင်စားတဲ့
သူဆိုရင်တော့ အမ်အမ်ကေး (M.M.Kaye) ရဲ့ The Far Pavilions ဆရာ မြသန်းတင့်
ဘာသာပြန်ထားတဲ့ “ရွှေပြည် တော် မျှော်တိုင်းဝေး” ဆိုတာ မျိုး ဖတ်ရ
လိမ့်မယ်ဗျ။ ၀တ္ထု က အိန္ဒိယပြည် နောက်ခံဝတ္ထုဗျ။ သမိုင်း နောက်ခံ ၀တ္ထုတို့ရဲ့
ထုံးစံအတိုင်း သမိုင်းဝင် ပုဂ္ဂိုလ် အချို့နဲ့ အချက်အလက် တချို့ကတော့
အမှန်ပေါ့ဗျာ။ ကျန်တဲ့ ဇာတ်လမ်းနဲ့ ဇာတ် ဆောင်တွေကတော့ ၀တ္ထုရေး
ဆရာရဲ့စိတ်ကူးတွေ ပေါ့ဗျာ။ ဒီနေရာမှာ ခင်ဗျားကို ရှင်းပြ ရရင်
သမိုင်းဆရာနဲ့ စာရေး ဆရာ မတူဘူးဗျ။ သမိုင်း ဆရာဆိုတာ အချက်အလက် သီကုံးသူ၊
စာရေးဆရာ က တော့ စိတ်ကူး သီကုံးသူပေါ့ဗျာ။ ကျွန်တော့် စာပေသက်
တမ်းတစ်လျှောက် အဲဒီလို ဇာတ်အိမ် ကြီးမားတဲ့သမိုင်း နောက်ခံဝတ္ထုကြီး
တစ်ပုဒ်ရေး ဖြစ်အောင် ရေးမယ်လို့ သန္နိဋ္ဌာန်ချထားတယ်ဗျာ။
ခင်ဗျားကို
ကျွန်တော် အနောက်နိုင်ငံ စာပေလောကမှာ အောင်မြင် ကျော်ကြားခဲ့တဲ့ ဂန္ထ၀င်
စာအုပ်ကောင်း တစ်အုပ် အကြောင်း တစ်ဆက်တည်း ပြောလိုက်ဦး မယ်ဗျာ။ အဲဒီ
စာအုပ်က ဒပ်ဖနီဂျူမောရီးယား (Daphne du Maurier) ရဲ့ ရဘက်ကာ(Rebecca) ဆို
တဲ့ဝတ္ထု။ အဲဒီစာအုပ်ကို ၁၉၈၂ ခုနှစ်၊ စန္ဒာမဂ္ဂဇင်းမှာ ဆရာ တင့်တယ် ပြန်ဆို
ဖော်ပြနေတဲ့ အချိန် ရှစ်လ အကြာမှာ ဆရာ တင့်တယ် ကွယ်လွန် သွားခဲ့လို့
အဆုံးမသတ် နိုင်ခဲ့ဘူး။ ဒါကို ဆရာမြသန်းတင့်က ဆက်ပြီး ဘာသာပြန်ဖို့
ရှိပေမဲ့ ဆရာမြ ကိုယ်တိုင်က ၀တ္ထုကို သိပ်ပြီး မကြိုက်လှ တာရယ်၊ အခြား
တစ်ဦး ဘာသာပြန်နေ တယ်လို့ လည်း သိရတဲ့ အတွက် ဆက် မလုပ်ဖြစ်ခဲ့ဘူး။တကယ်လုပ်
ဖြစ်တာက ဆရာ“အထောက် တော်လှအောင်”ပဲ။ ရတနာပုံ စာအုပ်တိုက် အမှတ် ၆၀ အနေ နဲ့
၂၀၀၅ ခုနှစ်၊ နိုဝင်ဘာမှာ ထွက်ရှိနိုင်ခဲ့တယ်။ ခင်ဗျားက စာပေ
ဝါသနာကြီးတဲ့ သူမို့ ကျွန်တော်က ပြောပြတာပါ။ ကျွန်တော်က မမောပေမဲ့
ခင်ဗျားက နားငြီး ရော့မယ်။ ကျွန်တော် ပြောချင်တာက လူငယ် စာရေး ဆရာတွေကို
ပါ။ ဒီလိုကမ္ဘာ့အမြင် ဂန္ထ၀င် အမြင် သိမြင် နှံ့စပ်မှ ကိုယ် ပြန် ဖန်တီးမဲ့
အနုပညာက စံမီ တန်းမီ ဖြစ်တော့မပေါ့။ ကျွန်တော်ကတော့ အပြောနဲ့ မဟုတ်
အလုပ်နဲ့ကို သက် သေပြလိုက်ဦးမယ်။ ခင်ဗျား ကိုလည်း ကျွန်တော့်ရဲ့ ကမ္ဘာ့
အမြင်နဲ့ ဂန္ထ၀င် အမြင်နှစ်ခု စလုံး သမ မျှတစွာ ပေါင်းစပ် ထားတဲ့ဝတ္ထု
တိုရှည်တွေကို ရှေ့လျှောက် အားပါး တရဖတ် ရမဲ့အကြောင်း ကြိုတင်ကြေ ညာ
မောင်းခတ် လိုက်ပါရဲ့ဗျာ။ ကိုင်း-ခင်ဗျားလည်း အလုပ် ရှိသေးတယ်။ ကျွန်တော်
လည်း အိမ်ပြန်ပြီး တရေး တစ်မောအိပ် အားမွေးလိုက် ဦးမယ်။ သွားပြီဗျို့။
ငယ်ငယ်တုန်းက ကြုံခဲ့ ဖူးတဲ့ မျက်လှည့်ပွဲ တွေလိုပါ ပဲ။ အာပေါင်
အာရင်းသန်သန် နဲ့ ကြမ်းပိုးကို လိပ်ဖြစ်အောင်၊ လိပ်ကို ကြမ်းပိုးဖြစ်အောင်
တတ်လည်း တတ်နိုင်ကြပါတယ်။ ခုပဲ ကိုယ့်မျက်စိ ရှေ့ ကနေ မြေလျှိုးမိုးပျံ
ပြတော့မှာလိုလို၊ တစ်လောကလုံးက လူ တွေပဲ သူတို့ရှေ့တော် မှောက်
ဒူးထောက် အခစား ရောက် လာတော့မှာ လိုလို၊ လေတစ်လုံး မိုးတစ်လုံးနဲ့
နောက်ဆုံး တော့လည်း လျက်ဆား အဆင့် လောက် “ဆေး”ရောင်းပြီး ပြန်ကြ တာပါပဲ။
ရှေ့မှာ ပရိသတ်ကို ကြော်ငြာထားတဲ့ ဂမီ်္ဘရပြ ကွက်ဆန်းတွေက အချိန်ပဲ မရတာ
လိုလို၊ မိုးချုပ်သွား တာမို့ နာနာဘာဝ၊ ၀ိနာဘာဝ တွေကပဲ နှောင့်ယှက်ဟန့်
တားမှာ လိုလိုနဲ့ ရတဲ့ပိုက်ဆံ သိမ်းကျုံး ထည့်ပြီး ပရိ သတ် ရှေ့ကနေ
အမြန်ဆုံးထွက်ခွာဖို့ ပြင်ဆင်ကြ တော့တာပါပဲ။ တကယ်တော့ အဲဒီပြကွက်မှ
တကယ့် ဂမ္ဘီရ ပြကွက် အစစ် ဖြစ်ပါလိမ့်မယ်။ ပရိသတ်ကတော့ ကြိုးထုံးလေး ဖြေပြ၊
ဖဲချပ်လေးလှန်ပြဆိုတဲ့ ပြ ကွက်လောက် တော့ ကြည့်လိုက်ကြရတာ ပေါ့လေ။
ကိုင်း... စာချစ်သူ မိတ်ဆွေ။ အခု ကျွန်တော် ရေးနေတဲ့ ၀တ္ထုကိုလည်း ခင်ဗျား
လမ်းဘေး တစ်နေရာမှာ ကြည့် ခဲ့ဖူးတဲ့ မျက်လှည့်ပွဲ တစ်ပွဲလို ပဲ သဘောထားပြီး
ကျွန်တော့် ကို နားခွင့်ပြု ပါလို့ တောင်း ဆိုရင်း ဒီကနေ့ အတွက်
(အဲ-ဒီဝတ္ထုအတွက်) နိဂုံးချုပ် ပါရ စေလားခင်ဗျာ။
ညီမင်းညို (ရွှေအမြုတေ မဂ္ဂဇင်း နိုဝင်ဘာလ ၂၀၁၂)
|
No comments:
Post a Comment