Saturday 18 August 2012

ရခိုင်တွင် ဆူပူအကြမ်းဖက်မှုကြောင့် ပျက်စီးသွားသည့် ဘုန်းတော်ကြီး ကျောင်းများအား ယာယီဆောက် လုပ်လှူဒါန်း

ရခိုင်ပြည်နယ်တွင် ဇွန်လအတွင်းဖြစ်ပွားခဲ့သည့် ဆူပူအကြမ်းဖက်မှုကြောင့် စစ်တွေမြို့နယ်နှင့် မောင်တောမြို့နယ်တို့တွင် ဘုန်းတော် ကြီးကျောင်း ၁၄ ကျောင်း မီးလောင် ဖျက်ဆီးခြင်းခံခဲ့ ရကြောင်း သိရသည်။

    အဆိုပါ ဘုန်းတော်ကြီးကျောင်း များမှ သံဃာတော် ၄၅ ပါးမှာ နီးစပ်ရာ ဘုန်းတော်ကြီးကျောင်းများ တွင်ဘးလွတ်ရာ ရှောင်တိမ်းသီတင်းသုံး တော်မူနေခဲ့ကြောင်း သိရသည်။ ယခုအခါ အဆိုပါ သံဃာတော် များအား ဝါဆိုဝါကပ်အမီ ယာယီသီတင်းသုံးင်စေရန် တပ်မတော် (ကြည်း၊ ရေ၊ လေ) မိသား စုနှင့် စေတနာ ရှင်များ၏ စုပေါင်းလှူဒါန်းငွေများဖြင့် ပျက်စီးသွားသည့် ဘုန်းတော်ကြီးကျောင်းများ၏ မူလနေရာတွင် ယာ ယီကျောင်း ဆောင်များအား ဇူလိုင်လ ၂၄ ရက်နေ့တွင် စတင်ဆောက်လုပ်ခဲ့ပြီး ဇူလိုင်လ ၂၉ ရက်နေ့ တွင် ကျောင်းဆောင်အားလုံး ဆောက်လုပ်ပြီးစီးခဲ့ကြကြောင်း သိရသည်။ ဆောက် လုပ်ပြီးစီးသွား သည့် ကျောင်းဆောင်များမှာ တန်ဖိုးအားဖြင့် ငွေကျပ်သိန်း ၃၅၅.၉၅ ကျပ်ရှိပြီး အဆိုပါကျောင်း များကို သံဃာတော်များအား လွှဲပြောင်းလှူဒါန်းခြင်းနှင့်အတူ ယင်းကျောင်းပတ်ဝန်းကျင်ရပ်ကွက်တွင် သံ ဃာတော်များအတွက် ပစ္စည်းလေးပါး လှူဒါန်းနေကျ ဒါယကာ၊ ဒါယိကာမများ အခြေတကျ ပြန်လည် မဖြစ်သေး ကြသည့်အချိန်အတွင်း ဆွမ်းကိစ္စ အခက်အခဲမရှိရန်နှင့် ယခုပြန်လည် သီတင်းသုံးမည့် သံဃာတော်များအား ဝါတွင်းသုံးလတာကာလအတွက် ဆွမ်းဆန်တော်၊ပဲ၊ဆီ၊ ဆားနှင့်ဆးဝါးများလှူ ဒါန်းခြင်း အခမ်းအနားကိုလည်း ဇူလိုင်လ ၃ဝ ရက်နေ့က စစ်တွေမြို့၊ စက်ရုံစုရပ် ကွက် ပရိယတ္တိပျိုး ခင်း စာသင်တိုက် ၌ ပြည်နယ်သံဃာ့ နာယက ဥက္ကဋ္ဌ ဆရာတော်ကြီးနှင့်အဖွဲ့ဝင် ဆရာတော် ကြီးများ၏ ရှေ့မှောက်တွင် အနောက် ပိုင်းတိုင်းစစ်ဌာနချုပ်ဗိုလ်မှူးချုပ် ကိုကိုနိုင်နှင့် သက်ဆိုင်ရာ တာဝန်ရှိသူများကိုယ် တိုင် ရေစက် သွန်းချအမျှ ပေးဝေလှူဒါန်းခဲ့ကြောင်း သိရသည်။ အလားတူ မောင်တောမြို့ရှိ သံဃာ တော်များ ဝါကပ်အမီ သီတင်းသုံးနိုင် စေရေးအတွက် ယာယီကျောင်းဆာင်များကိုလည်း မောင်တောရှိ ဖျက်ဆီးခံကျောင်းဆောင် များမှ သံဃာတော်များအား သက်ဆိုင်ရာ တာဝန်ရှိသူများက ဇူလိုင်လ ၃ဝ ရက်နေ့က တစ်ပြိုင်တည်း လွှဲပြောင်း လှူဒါန်းခဲ့ကြကြောင်းသိရသည်။

ရခိုင်ပြည်နယ်အတွင်းရှိ ကယ်ဆယ် ရေးစခန်းများတွင် ဒုက္ခသည်ဦးရေ ခြောက်ထောင်ကျော် ကျန်ရှိနေသေး
    ရခိုင်ပြည်နယ်တွင် ဇွန်လ အတွင်းက ဖြစ်ပွားခဲ့သည့် အရေး အခင်းကြောင့် ဒေသခံများ၏ နေအိမ် များ၊ အသက်များဆုံးရှုံးခဲ့ရကာ အိုးမဲ့ အိမ်မဲ့ဘဝသို့ ရောက်ရှိခဲ့ရသူ အများအပြားရှိခဲ့ပြီး ထိုသူတို့မှာ ကယ် ဆယ်ရေးစခန်းများအတွင်းသို့ ခိုလှုံနေ ခဲ့ရကြောင်းသိရသည်။ ထိုဖြစ်စဉ် ဖြစ် ပွားခဲ့ချိန်မှ ဇူလိုင်လ ၂၂ ရက်နေ့အထိ ကောက်ခံထားသည့်စာရင်းဇယားများ အရ ရခိုင်ပြည်နယ်အတွင်း ဖွင့်လှစ် ထားသည့် ကယ်ဆယ်ရေးစခန်း ၄၇ ခုအနက် ၄၃ ခုသာ ကျန်ရှိပြီး နယ်မြေဒေသလုံခြုံလာပြီဖြစ်သည့် အတွက် လူဦးရေ ၂၂၃၉ ဦးတို့မှာ မိမိတို့နေရပ်ဆီသို့ ပြန်သွားကြပြီဖြစ် ကာ ထိုကျန်ရှိခဲ့သည့်စခန်း ၄၃ ခုတွင် ကျား၊ မ၊ ကလေးစုစုပေါင်း ၆၁၆၇ ဦးသာ နေရပ်မပြန်နိုင်သေးဘဲ ကျန်ရှိ နေကြသေးသည်။
    ''ခြုံကြည့်မယ်ဆိုရင်တော့ဗျာ ဒီဖြစ်စဉ်ကြောင့် ရခိုင်ပြည်နယ်အတွင်း မှာ လူဦးရေ ၈ ထောင်ကျော် ဒုက္ခ ရောက်ခဲ့ကြတာပါပဲ''ဟု ဦးလှသိန်း က ပြောသည်။
    ''တစ်သက်မှာတစ်ခါဆိုသလို ကြုံရတဲ့ ကြောက်စရာကောင်းလှတဲ့ ဖြစ်ရပ်ဖြစ်ပါတယ်။ ဒီလိုဖြစ်ရပ်မျိုး နောင်ဘယ်သောအခါမှ မကြုံချင်ပါဘူး။ ကြားလည်းမကြားချင်ပါဘူး။ အားလုံးငြိမ်းငြိမ်းချမ်း ချမ်းနဲ့ ကိုယ့်အလုပ်ကို ကိုယ်အေးအေးဆေးဆေးပဲ လုပ်နေချင်ပါတယ်''ဟု စစ်တွေမြို့မှ ဝန်ထမ်းလူငယ် တစ်ဦးကပြောသည်။
http://www.zaygwet.com/local_news_detail.php?id=5044
မန်ယုကျော်(ရွှေဝမြေ)

No comments:

Post a Comment