(အာရုဏ်ဦး)   

ရခိုင်ပြည်နယ်ရှိ  အကူအညီလိုအပ်နေသော တိုင်းရင်းသားများအတွက် ပံ့ပိုးကူညီလှူဒါန်းနိုင်ရန်  ရန်ပုံငွေ ရှာဖွေကြမည့် အကြောင်း ငြိမ်းချမ်းပါစေ ရခိုင်မြေ  တေးဂီတရန်ပုံငွေရှာဖွေရေးအဖွဲ့က ၈.၈.၂ဝ၁၂ နေ့တွင် စီတီးစင်တာရှော့ပင်း  မောခန်းမ၌ စာနယ်ဇင်းရှင်းလင်းပွဲ ကျင်းပခဲ့သည်။ 
ရှင်းလင်းပွဲတွင်  ရန်ကုန်တိုင်း ဒေသကြီး၊ ရခိုင်တိုင်းရင်းသားဝန်ကြီး ဦးဇော်အေးမောင်၊  ရခိုင်အမျိုးသမီး အသင်း (ရန်ကုန်)မှ ပညာရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်မြဝင်း၊  မြသစ္စာအနုပညာဝန်ဆောင်မှုအဖွဲ့မှ ဒေါ်မူမူထွန်း၊ ရခိုင် တိုင်းရင်းသား  အဆိုတော်ဖော်ကာ၊ စီစဉ်သူကိုလင်းခန့်နှင့် ကူညီပံ့ပိုးပေးသူများထဲမှ  တစ်ဦးအပါအဝင်ဖြစ် သူ ကိုစိုးလှိုင်ဦး(မြင့်ထွန်းဦး-ကျောက်မျက်ကုမ္ပဏီ)တို့က  အသီးသီးရှင်းလင်းပြောကြား ခဲ့ကြသည်။ ၂၄.၈.၂ဝ၁၂ ည MCC ခန်းမမှာ  အနုပညာရှင်များ မြိုင်မြိုင်ဆိုင်ဆိုင် ဖြေဖျော်ကြ မည်ဖြစ် ပြီး  ဖြေဖျော်ပွဲ လာ ပရိသတ်များအတွက် လိုင်းကားများလည်း  စီစဉ်ထားကြောင်းသိရသည်။          
(ဈေးကွက် ဂျာနယ်မှ ကူးယူဖော်ပြသည်)
 
 
No comments:
Post a Comment